ရန်ကုန်-ပြည် ရထားလမ်းကို လျှပ်စစ်ရထားလမ်းအဖြစ် ဖောက်လုပ်ဖို့နဲ့ မြစ်ကူးမီးရထားတံတားတွေကို အပေါ်အောက် နှစ်ထပ်ဒီဇိုင်းပုံစံနဲ့
ဆောက်လုပ်ဖို့ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုက်တွန်းပြောကြားလိုက်ပါတယ်။
စက်တင်ဘာ ၁၀ ရက်က နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိ မြို့နယ်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထား
စက်မှုနှင့်လျှပ်စစ် အင်ဂျင်နီယာဌာန စက်ခေါင်းသစ်တပ်ဆင်ထုတ်လုပ်ရေးစက်ရုံ(နေပြည်တော်)နဲ့ ဘူတာ ကြီးတို့သို့ သွားရောက်ကြည့်ရှု
ရာမှာ ပြောဆိုခဲ့တာပါ။
စစ်ခေါင်းဆောင်က “ ရန်ကုန်-ပြည် မီးရထား လမ်းဟာ ပထမဆုံးဖွင့်လှစ်ခဲ့တဲ့ မီးရထားလမ်းတယ်။ အဆင့်မြှင့်တင်
ကာ လျှပ်စစ် ရထားလမ်းတွေအထိ မျှော်မှန်းလုပ်ဆောင်ရမှာဖြစ်တယ်။ ချက်ချင်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှာမဟုတ်ပေမဲ့
ရေရှည်အတွက် စီမံချက်ချ လုပ်ဆောင်ကြရမယ်။ မြစ်ကူးမီးရထားတံတားဖောက်လုပ်ရာမှာ ယခင်က မှားယွင်းစွာဖောက်လုပ်ခဲ့တဲ့ ဒီဇိုင်း
အမှားတွေ အပေါ်သင်ခန်းစာယူပြီး ဘေးချင်းယှဉ် လျက်သော်လည်းကောင်း၊ အပေါ်အောက် နှစ်ထပ်ဒီဇိုင်းပုံစံဖြင့်သော်လည်းကောင်း
ဖောက်လုပ်နိုင်ရေး စဉ်းစားလုပ်ဆောင်ကြဖို့လိုတယ်” လို့ ပြောပါတယ်။
ဒါ့အပြင် မီးရထားလမ်းတွေ ကြံ့ခိုင်ကောင်းမွန်ဖို့ အဓိကဦးစားပေး ဆောင်ရွက်ဖို့၊ လမ်းတစ်ခုချင်းအလိုက် တိုင်းတာစစ်ဆေးဖို့၊
မီးရထားလမ်းတွေကောင်းမွန်ခြင်း မရှိပါက ရထားတွဲတွေ ပျက်စီးပြီး ခရီးသွားလာမှုကို ကြန့်ကြာနိုင်လို့ လမ်းတွေကောင်းမွန်စေရေး ရထား
လမ်းတွေထိန်းသိမ်း ဆောင်ရွက်ရာမှာ သတ်မှတ် စံချိန်စံညွှန်းတွေအတိုင်း တိကျစွာ လိုက်နာ ဆောင်ရွက်ဖို့လည်း စစ်ခေါင်းဆောင်က ပြော
ပါတယ်။အာဏာသိမ်း စစ်ခေါင်းဆောင်ဟာ နေပြည်တော်မှာလည်း မြေအောက်ရထားတွေ၊ လျှပ်စစ်ကားတွေ ပြေးဆွဲဖို့လည်း မကြာသေး
ခင်က ညွှန်ကြားထားပါတယ်။
Zawgyi
ရန္ကုန္-ျပည္ ရထားလမ္းကို လၽွပ္စစ္ရထားလမ္းအျဖစ္ ေဖာက္လုပ္ဖို႔နဲ႔ ျမစ္ကူးမီးရထားတံတားေတြကို အေပၚေအာက္ ႏွစ္ထပ္ဒီဇိုင္း
ပုံစံနဲ႔ ေဆာက္လုပ္ဖို႔ အာဏာသိမ္း စစ္ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လွိုင္က တိုက္တြန္းေျပာၾကားလိုက္ပါတယ္။
စက္တင္ဘာ ၁၀ ရက္က ေနျပည္ေတာ္ေကာင္စီနယ္ေျမ၊ ပုဗၺသီရိ ၿမိဳ႕နယ္ရွိ ပို႔ေဆာင္ေရးႏွင့္ ဆက္သြယ္ေရးဝန္ႀကီးဌာန၊ ျမန္မာ့
မီးရထား စက္မႈႏွင့္လၽွပ္စစ္ အင္ဂ်င္နီယာဌာန စက္ေခါင္းသစ္တပ္ဆင္ထုတ္လုပ္ေရးစက္႐ုံ(ေနျပည္ေတာ္)နဲ႔ ဘူတာ ႀကီးတို႔သို႔ သြားေရာ
က္ၾကည့္ရႈရာမွာ ေျပာဆိုခဲ့တာပါ။
စစ္ေခါင္းေဆာင္က “ ရန္ကုန္-ျပည္ မီးရထား လမ္းဟာ ပထမဆုံးဖြင့္လွစ္ခဲ့တဲ့ မီးရထားလမ္းတယ္။ အဆင့္ျမႇင့္တင္ကာ လၽွပ္စစ္ ရထားလ
မ္းေတြအထိ ေမၽွာ္မွန္းလုပ္ေဆာင္ရမွာျဖစ္တယ္။ ခ်က္ခ်င္း အေကာင္အထည္ေဖာ္ေဆာင္ရြက္နိုင္မွာမဟုတ္ေပမဲ့ ေရရွည္အတြက္ စီ
မံခ်က္ခ် လုပ္ေဆာင္ၾကရမယ္။ ျမစ္ကူးမီးရထားတံတားေဖာက္လုပ္ရာမွာ ယခင္က မွားယြင္းစြာေဖာက္လုပ္ခဲ့တဲ့ ဒီဇိုင္းအမွားေတြ အေပၚ
သင္ခန္းစာယူၿပီး ေဘးခ်င္းယွဥ္ လ်က္ေသာ္လည္းေကာင္း၊ အေပၚေအာက္ ႏွစ္ထပ္ဒီဇိုင္းပုံစံျဖင့္ေသာ္လည္းေကာင္း ေ
ဖာက္လုပ္နိုင္ေရး စဥ္းစားလုပ္ေဆာင္ၾကဖို႔လိုတယ္” လို႔ ေျပာပါတယ္။
ဒါ့အျပင္ မီးရထားလမ္းေတြ ႀကံ့ခိုင္ေကာင္းမြန္ဖို႔ အဓိကဦးစားေပး ေဆာင္ရြက္ဖို႔၊ လမ္းတစ္ခုခ်င္းအလိုက္ တိုင္းတာစစ္ေ
ဆးဖို႔၊ မီးရထားလမ္းေတြေကာင္းမြန္ျခင္း မရွိပါက ရထားတြဲေတြ ပ်က္စီးၿပီး ခရီးသြားလာမႈကို ၾကန႔္ၾကာနိုင္လို႔ လမ္းေ
တြေကာင္းမြန္ေစေရး ရထားလမ္းေတြထိန္းသိမ္း ေဆာင္ရြက္ရာမွာ သတ္မွတ္ စံခ်ိန္စံညႊန္းေတြအတိုင္း တိက်စြာ လိုက္နာ ေ
ဆာင္ရြက္ဖို႔လည္း စစ္ေခါင္းေဆာင္က ေျပာပါတယ္။
အာဏာသိမ္း စစ္ေခါင္းေဆာင္ဟာ ေနျပည္ေတာ္မွာလည္း ေျမေအာက္ရထားေတြ၊ လၽွပ္စစ္ကားေတြ ေျပးဆြဲဖို႔လည္း
မၾကာေသးခင္က ညႊန္ၾကားထားပါတယ္။