ကျွန်တော်ဘယ်မှာလဲဆိုတာ မိသားစုဝင်တွေတောင် မသိပါဘူး။ လွန်ခဲ့တဲ့ သုံးလတုန်းက အသိတစ်ယောက်က ဖုန်းဆက်တော့ မင်း ဘယ်
မှာမဟုတ်လားဆိုပြီးပြောတယ်။ မင်းကို ဘယ်သူပြောတာတုန်းဆိုတော့ ဘယ်သူကပြောတာတဲ့။ မင်းတို့ပြောတဲ့နေရာမဟုတ်ပါဘူးကွာလို့
ပြန်ပြောလိုက်ပေမယ့် နောက်နေ့ ကျွန်တော် နေရာသစ်တစ်ခု ထပ်ရှာ ထပ်ပြောင်းပြေးရတော့တယ်။ တိုက်တိုက်ဆိုင်ဆိုင် သူတို့မှန်းတဲ့
နေရာ တကယ်ရောက်နေခဲ့တာ။
ကျွန်တော်ဘယ်မှာရှိနိုင်တယ်လို့ ခန့်မှန်းပြောလိုက်တဲ့သူက ကျွန်တော်နဲ့အမျိုးနီးစပ်တဲ့သူတွေ၊ နှပ်ချေးတန်းကတည်းက သူငယ်ချင်းတွေ။
ဒုက္ခရောက်စေချင်လို့ လွတ်ခနဲထွက်ခဲ့ကြတာမဟုတ်ပေမယ့် ကျွန်တော့်အတွက်တော့ စိုးရိမ်စိတ်နဲ့ ဒုက္ခရောက်ခဲ့ရတယ်။ အဆင်ပြေနေတဲ့
နေရာလေးကနေ ခပ်စိမ်းစိမ်းနယ်မြေတွေဆီထိ ပြောင်းပြေးခဲ့ရတယ်။
ခုချိန်မှာ နေရာတိုင်းလိုလို တိုက်ပွဲတွေက စနေပြီ။ ဒီတော့ နေရာတိုင်းလိုလိုမှာ လျှို့ဝှက်ထားပေးရမယ့်သူတွေကို အမှတ်မထင် တွေ့လာ
ကြရတော့မယ်။ မေးလာကြရင် ဘယ်ကိုသွားတာဖြစ်လောက်တယ်လို့တောင် မခန့်မှန်းပေးမိကြပါစေနဲ့ဗျာ။ ကိုယ့်အချင်းချင်းလည်း မပြော
ကြပါနဲ့။ အချင်းချင်းကနေ အချင်းချင်းတွေဖြစ်ပြီး အကုန်ဒုက္ခရောက်ကြရကုန်လိမ့်မယ်။ အသက်တွေ၊ ဘဝတွေနဲ့ ရင်းထားကြရတာပါ။
မသိပါဘူးဆိုတာလောက်လေးတော့ လုပ်ပေးနိုင်ကြပါစေဗျာ။ ဘယ်သူကမှ ရိုက်မစစ်ပါဘဲ မဒိန်းသမားကို နွားနို့မတိုက်လိုက်ကြပါနဲ့။
တကယ်ကို အရေးကြီးတဲ့ကာလမို့ အထူးတလည် တောင်းဆိုနေရတာပါဗျာ။ လူလည်းအိမ်ထဲမှာနေကြပါ။ စကားကိုလည်းပါးစပ်ထဲမှာပဲ
ထားပေးကြပါ။ကျွန်တော့်မိတ်ဆွေများအနေနဲ့လည်း ကျွန်တော့်ကို တစ်ယောက်ယောက်က ဘယ်မှာရှိလောက်လဲမေးလာရင် မသိဘူး
လောက်လေးတော့ လုပ်ပေးကြပါ။ရှေ့မှာလည်းအထပ်ထပ်ပြောကြပြီးပြီ။ တော်လှန်ရေးအတွက် ဘာမှမလုပ်ပေးနိုင်ရင်တောင် ပြည်သူ့
ဘက်သားအကြောင်းတော့ နှုတ်လုံပေးကြပါ။ နှုတ်လုံပေးကြပါ။
Dr Kyi Soe Tun
Zawgyi
ကၽြန္ေတာ္ဘယ္မွာလဲဆိုတာ မိသားစုဝင္ေတြေတာင္ မသိပါဘူး။ လြန္ခဲ့တဲ့ သုံးလတုန္းက အသိတစ္ေယာက္က ဖုန္းဆက္ေတာ့ မ
င္း ဘယ္မွာမဟုတ္လားဆိုၿပီးေျပာတယ္။ မင္းကို ဘယ္သူေျပာတာတုန္းဆိုေတာ့ ဘယ္သူကေျပာတာတဲ့။ မင္းတို႔ေျပာတဲ့ေန
ရာမဟုတ္ပါဘူးကြာလို႔ျပန္ေျပာလိုက္ေပမယ့္ ေနာက္ေန႔ ကၽြန္ေတာ္ ေနရာသစ္တစ္ခု ထပ္ရွာ ထပ္ေျပာင္းေျပးရေတာ့
တယ္။ တိုက္တိုက္ဆိုင္ဆိုင္ သူတို႔မွန္းတဲ့ေနရာ တကယ္ေရာက္ေနခဲ့တာ။
ကၽြန္ေတာ္ဘယ္မွာရွိနိုင္တယ္လို႔ ခန႔္မွန္းေျပာလိုက္တဲ့သူက ကၽြန္ေတာ္နဲ႔အမ်ိဳးနီးစပ္တဲ့သူေတြ၊ ႏွပ္ေခ်းတန္းကတည္းက သူင
ယ္ခ်င္းေတြ။ ဒုကၡေရာက္ေစခ်င္လို႔ လြတ္ခနဲထြက္ခဲ့ၾကတာမဟုတ္ေပမယ့္ ကၽြန္ေတာ့္အတြက္ေတာ့ စိုးရိမ္စိတ္နဲ႔ ဒုကၡေရာက္ခဲ့ရ
တယ္။ အဆင္ေျပေနတဲ့ေနရာေလးကေန ခပ္စိမ္းစိမ္းနယ္ေျမေတြဆီထိ ေျပာင္းေျပးခဲ့ရတယ္။ခုခ်ိန္မွာ ေနရာတိုင္း
လိုလို တိုက္ပြဲေတြက စေနၿပီ။ ဒီေတာ့ ေနရာတိုင္းလိုလိုမွာ လၽွို႔ဝွက္ထားေပးရမယ့္သူေတြကို အမွတ္မထင္ ေ
တြ႕လာၾကရေတာ့မယ္။ ေမးလာၾကရင္ ဘယ္ကိုသြားတာျဖစ္ေလာက္တယ္လို႔ေတာင္ မခန႔္မွန္းေပးမိၾကပါေစနဲ႔ဗ်ာ။ ကိုယ့္အခ်
င္းခ်င္းလည္း မေျပာၾကပါနဲ႔။ အခ်င္းခ်င္းကေန အခ်င္းခ်င္းေတြျဖစ္ၿပီး အကုန္ဒုကၡေရာက္ၾကရကုန္လိမ့္မယ္။ အသ
က္ေတြ၊ ဘဝေတြနဲ႔ ရင္းထားၾကရတာပါ။
မသိပါဘူးဆိုတာေလာက္ေလးေတာ့ လုပ္ေပးနိုင္ၾကပါေစဗ်ာ။ ဘယ္သူကမွ ရိုက္မစစ္ပါဘဲ မဒိန္းသမားကို ႏြားနို႔မတိုက္လိုက္ၾက
ပါနဲ႔။ တကယ္ကို အေရးႀကီးတဲ့ကာလမို႔ အထူးတလည္ ေတာင္းဆိုေနရတာပါဗ်ာ။ လူလည္းအိမ္ထဲမွာေနၾကပါ။ စကားကိုလည္း
ပါးစပ္ထဲမွာပဲထားေပးၾကပါ။ကၽြန္ေတာ့္မိတ္ေဆြမ်ားအေနနဲ႔လည္း ကၽြန္ေတာ့္ကို တစ္ေယာက္ေယာက္က ဘယ္မွာရွိေလာက္
လဲေမးလာရင္ မသိဘူးေလာက္ေလးေတာ့ လုပ္ေပးၾကပါ။ေရွ႕မွာလည္းအထပ္ထပ္ေျပာၾကၿပီးၿပီ။ ေတာ္လွန္ေရးအတြ
က္ ဘာမွမလုပ္ေပးနိုင္ရင္ေတာင္ ျပည္သူ႔ဘက္သားအေၾကာင္းေတာ့ ႏႈတ္လုံေပးၾကပါ။ ႏႈတ္လုံေပးၾကပါ။
Dr Kyi Soe Tun