စစ်တပ်၏ သတ်ဖြတ်ခြင်းမခံရမီ လက်သုံးချောင်းထောင်ပြီး အာဏာရှင်စနစ် ဆန့်ကျင်သွားသူမှာ ကရင်နီလူငယ် ပါစကွားလယ်နှင့်ဖီဒေး
လယ်ဖြစ်ကြောင်း အတည်ပြုနိုင်ပြီ
ရန်ကုန်၊ စက်တင်ဘာ ၁၁
ဖမ်းဆီး နှိပ်စက်ခံထားရသည့် ဒဏ်ရာများဖြင့် ဒူးထောက်လျက်အနေအထားဖြင့် ကြိုးတုပ်ဖမ်းဆီးခံရထားသူ လူငယ်နှစ်ဦးမှာ ကရင်နီ
ပြည်နယ် စံပြ ၆မိုင်ဘက်မှ လူငယ်များဖြစ်ကြောင်း ၎င်းတို့ကို သိရှိသူ ကရင်နီဒေသခံတစ်ဦးက အတည်ပြုသည်။
လူငယ် နှစ်ဦး အသက်မှာ ၁၇၊ ၁၈နှစ်အရွယ် ဖီဒေးလယ်နှင့် ပါစကွားလယ်တို့ဖြစ်ပြီး နေရပ်မှာ ၆မိုင်အုပ်စု ကယောပိုင်းမှဖြစ်ကြောင်း ၎င်း
တို့နှင့်အတူ အလုပ် လုပ်ကိုင်သူ အဆိုပါဒေသခံက ပြောသည်။
“ရွာအပြင်ဘက်မှာ စစ်ဘေးရှောင်နေတာပါ။ မနက်ကျတော့ ရွာအခြေအနေသိချင်လို့ ရွာထဲ ပြန်လာကြည့်တာပါ။ သူတို့ နှစ်ယောက်
စစ်ကြောင်းနဲ့တိုးသွားပြီး အဖမ်းခံရတာပါ” ဟု ၎င်းက ပြောသည်။
“ပြီးခဲ့တဲ့ ၂ရက် (စက်တင်ဘာ ၉ရက်)က အဖမ်းခံရတာပါ။ ဖမ်းသွားတာတော့ ၁၀၂တပ်ကဗျ။ ဒီဓာတ်ပုံ ဘယ်လိုထွက်လာသလဲ ကျွန်တော်
လည်း အဲဒါစဉ်းစားနေတာ” ဟု ၎င်းက ထပ်မံပြောကြားသည်။
“(ဓာတ်ပုံထဲက လူငယ်နှစ်ဦး)သူတို့က ကရင်နီပြည်က စံပြ ၆မိုင်က လူငယ်တွေပါ။ အတည်ပြုနိုင်ပါတယ်” ဟု ကရင်နီတပ်မတော်မှ
သတင်းရင်းမြစ်တစ်ဦးကလည်း ပြောဆိုသည်။
၎င်းတို့သည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များမဟုတ်ဘဲ သာမန်အရပ်သားလူငယ်များသာဖြစ်ပြီး အကြမ်းဖက်စစ်တပ်က သတ်ဖြတ်
လိုက်ပြီဖြစ်ကြောင်း လူငယ်တစ်ဦး၏ ဆွေးမျိုးတစ်ဦးက ၎င်း၏ လူမှုကွန်ရက်တွင် အတည်ပြု ဖော်ပြသည်။
ဓာတ်ပုံတွင် အင်္ကျီအနီရောင်ဝတ်ဆင်ထားသူ- ပါစကွားလယ်
ဓာတ်ပုံတွင် အင်္ကျီအပြာရောင် လက်တိုဝတ်ထားသူ – ဖီဒေးလယ်
Zawgyi
စစ္တပ္၏ သတ္ျဖတ္ျခင္းမခံရမီ လက္သုံးေခ်ာင္းေထာင္ၿပီး အာဏာရွင္စနစ္ ဆန႔္က်င္သြားသူမွာ ကရင္နီလူငယ္ ပါစကြားလယ္ႏွင့္ဖီေဒးလယ္ျဖစ္ေၾကာင္း အတည္ျပဳနိုင္ၿပီ
ရန္ကုန္၊ စက္တင္ဘာ ၁၁
ဖမ္းဆီး ႏွိပ္စက္ခံထားရသည့္ ဒဏ္ရာမ်ားျဖင့္ ဒူးေထာက္လ်က္အေနအထားျဖင့္ ႀကိဳးတုပ္ဖမ္းဆီးခံရထားသူ လူငယ္ႏွစ္ဦးမွာ ကရင္နီျပည္နယ္ စံၿပ ၆မိုင္ဘက္မွ လူငယ္မ်ားျဖစ္ေၾကာင္း ၎တို႔ကို သိရွိသူ ကရင္နီေဒသခံတစ္ဦးက အတည္ျပဳသည္။
လူငယ္ ႏွစ္ဦး အသက္မွာ ၁၇၊ ၁၈ႏွစ္အရြယ္ ဖီေဒးလယ္ႏွင့္ ပါစကြားလယ္တို႔ျဖစ္ၿပီး ေနရပ္မွာ ၆မိုင္အုပ္စု ကေယာပိုင္းမွျဖစ္ေၾကာင္း ၎တို႔ႏွင့္အတူ အလုပ္ လုပ္ကိုင္သူ အဆိုပါေဒသခံက ေျပာသည္။
“ရြာအျပင္ဘက္မွာ စစ္ေဘးေရွာင္ေနတာပါ။ မနက္က်ေတာ့ ရြာအေျခအေနသိခ်င္လို႔ ရြာထဲ ျပန္လာၾကည့္တာပါ။ သူတို႔ ႏွစ္ေယာက္ စစ္ေၾကာင္းနဲ႔တိုးသြားၿပီး အဖမ္းခံရတာပါ” ဟု ၎က ေျပာသည္။
“ၿပီးခဲ့တဲ့ ၂ရက္ (စက္တင္ဘာ ၉ရက္)က အဖမ္းခံရတာပါ။ ဖမ္းသြားတာေတာ့ ၁၀၂တပ္ကဗ်။ ဒီဓာတ္ပုံ ဘယ္လိုထြက္လာသလဲ ကၽြန္ေတာ္လည္း အဲဒါစဥ္းစားေနတာ” ဟု ၎က ထပ္မံေျပာၾကားသည္။
“(ဓာတ္ပုံထဲက လူငယ္ႏွစ္ဦး)သူတို႔က ကရင္နီျပည္က စံၿပ ၆မိုင္က လူငယ္ေတြပါ။ အတည္ျပဳနိုင္ပါတယ္” ဟု ကရင္နီတပ္မေတာ္မွ သတင္းရင္းျမစ္တစ္ဦးကလည္း ေျပာဆိုသည္။
၎တို႔သည္ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ဝင္မ်ားမဟုတ္ဘဲ သာမန္အရပ္သားလူငယ္မ်ားသာျဖစ္ၿပီး အၾကမ္းဖက္စစ္တပ္က သတ္ျဖတ္လိုက္ၿပီျဖစ္ေၾကာင္း လူငယ္တစ္ဦး၏ ေဆြးမ်ိဳးတစ္ဦးက ၎၏ လူမႈကြန္ရက္တြင္ အတည္ျပဳ ေဖာ္ျပသည္။
ဓာတ္ပုံတြင္ အကၤ်ီအနီေရာင္ဝတ္ဆင္ထားသူ- ပါစကြားလယ္
ဓာတ္ပုံတြင္ အကၤ်ီအျပာေရာင္ လက္တိုဝတ္ထားသူ – ဖီေဒးလယ္