ၾကားသိသမွ်

ဘုန်းကြီးကျောင်းမှ ပစ္စည်းများ လုယူသယ်ဆောင်လာသည့် စစ်ကောင်စီတပ်ကို ပြောက်ကျားတပ်ဖွဲ့ က လမ်းတွင်ဖြတ်တိုက်၊ စစ်ကောင်စီ….see more

ဘုန်းကြီးကျောင်းမှ ပစ္စည်းများ လုယူသယ်ဆောင်လာသည့် စစ်ကောင်စီတပ်ကို ပြောက်ကျားတပ်ဖွဲ့ က လမ်းတွင်ဖြတ်တိုက်၊ စစ်ကောင်စီ

ဘက်မှ ၁၅ ဦး သေ

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် ၊သင်ပြွန်းကျေးရွာအနီးရှိ ဘုန်းကြီးကျောင်းမှ ပစ္စည်းလုယူသယ်ဆောင်လာသည့် စစ်ကောင်စီတပ်သားများကို

ယမန်နေ့ စက်တင်ဘာ ၉ ရက် ညဉ့်နက်ပိုင်းတွင် ပြောက်ကျားတပ်ဖွဲ့က လမ်းမှဖြတ်၍ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ၁၅ ဦးသေဆုံး

ပြီး ၁၂ ဦးဒဏ်ရာရရှိကြောင်း Zero ပြောက်ကျားတပ်ဖွဲ့ထံက သိရသည်။

“သင်ပြွန်းဘက်ကနေ ဘုန်းကြီးကျောင်းဘက်ကို ပစ္စည်းတွေသွားခိုးတဲ့ စစ်ကောင်စီအဖွဲ့ကို သူတို့ဆိုင်ကယ်ကားတွေနဲ့ အပြန်လမ်းမှာ

ကျွန်တော်တို့က သူတို့ကို ဖြတ်တိုက်ပြီး လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ပစ်တာ သူတို့ဘက်က ၁၅ ယောက်သေပြီး ၁၂ ယောက်ဒဏ်ရာ

ရတယ်။ သူတို့ဘက်ကလည်း ပြန်ပစ်ပေမယ့် ကျွန်တော်တို့ဘက်က အထိအခိုက်မရှိဘဲ ပြန်ဆုတ်လာနိုင်ခဲ့တယ်”ဟု Zero

ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင်က မဇ္ဈိမကိုပြောသည်။

အဆိုပါ စစ်ကောင်စီတပ်သားများသည် ဘုန်းကြီးကျောင်းအတွင်းရှိ ဒေသခံရွာသားများ၏ တန်ဖိုးကြီးဆိုင်ကယ် လေးစီး၊ ပစ္စည်းများနှင့်

အစားအသောက်ဘူးများအပြင် ကျောင်းထိုင်ဘုန်းတော်ကြီးပိုင် ငွေကြေးများပါ ခိုးယူသယ်ဆောင်သွားကြောင်းဒေသခံများက ပြောသည်။

ယမန်နေ့ စက်တင်ဘာ ၉ ရက် ညပိုင်းတွင် သင်ပြွန်းကျေးရွာဘက်မှ တည်ပင်ကျေးရွာဘက်သို့ စစ်ကားများ၊ ဆိုင်ကယ်များ မောင်းနှင်သွား

သည်ကို သတင်းရ၍ အပြန်လမ်းတွင် သွားရောက်စောင့်ဆိုင်းတိုက်ခိုက်ခဲ့သည်ဟု ယနေ့နေ့လည်တွင် Zero ပြောက်ကျားတပ်ဖွဲ့မှ သတင်း

ထုတ်ပြန်သည်။