ၾကားသိသမွ်

NUG မှ D Day လို့ကြေညာတာနဲ့ တကျော့ပြန်ကရင်နီပြည်တိုက်ပွဲပြန်စကာ စစ်ဘေးမှ တိမ်းရှောင်နေရသော ဒီးမော့ဆိုမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူတစ်ဦးနှင့် PKPF မှ ဆက်သွယ်မေးမြန်းချက်

NUG မှ D Day လို့ကြေညာတာနဲ့ တကျော့ပြန်ကရင်နီပြည်တိုက်ပွဲပြန်စကာ စစ်ဘေးမှ တိမ်းရှောင်နေရသော ဒီးမော့ဆိုမြို့နယ်အတွင်းရှိ

စစ်ဘေးရှောင်ပြည်သူတစ်ဦးနှင့် PKPF မှ ဆက်သွယ်မေးမြန်းချက်

၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ (၁၀) ရက်နေ့။

၁။ PKPF – NUG က D Day လို့ ကြေညာတာနဲ့ တိုက်ပွဲဖြစ်တော့ ပြည်သူတွေ ဘယ်နေ့ကစပြီး စစ်ဘေးကနေ ရှောင်ပြေးကြတာလဲ?

ဖြေ – စက်တင်ဘာလ (၇) ရက်နေ့ ညနေပိုင်း (၃) နာရီမှာ ဗုံးပေါက်သံ (၃) ချက်ကြားပြီမှ စပြီးရှောင်ပြေးရပါတယ်။ တော်တော်များများပေါ့

တချို့ကျန်ခဲ့တဲ့မိသားစုတွေတော့ တိုက်ပွဲပြင်းထန်ချိန်မှ‌ပြေးကြတယ်။ အဲ့ရက်မတိုင်ခင်ကတည်းက ဒီးမော့ဆိုမှာ ဗုံးပေါက်တာ တစ်ခါနှစ်ခါ

ကြားရပြီးကတည်းက တချို့မိသားစုတွေပြေးနေကြပါပြီ။

၂။ PKPF – စစ်ရှောင်သည့်ရွာ ဘယ်နှစ်ရွာလောက်ရှိနိုင်လဲ? ခန့်မှန်းသည့် လူဦးရေ ဘယ်လောက်ရှိိနိုင်ပါသလဲ?

ဖြေ – စစ်ရှောင်တဲ့ရွာတော့အများကြီးပဲ ဘယ်နရွာလဲတော့အတိကျမသိပါဘူး‌။ လက်လှမ်းမီသလောက်ဆိုရင် ကယန်းတော်တော်များများရဲ့

မိသားစုအသိမိတ်ဆွေရှိတဲ့ဘက် အနောက်ပဒေါင်ဘက် (ရွာတော်တော်များတယ်) ရှိတယ်။ ကယားလူမျိုးစုအများစုရဲ့ မိတ်ဆွေသူငယ်ချင်း

ရှိသည့်ဘက် ဒီမောဆိုအရှေ့ဘက်ခြမ်း ဒေါတမကြီး ပွန်ချောင်းဘက် ပြေးတာများတယ်။ လူဦးရေနဲ့က အရင်တခေါက် အရှေ့ဘက်ခြမ်းကို

ဒေါတမကြီးဘက် ၁၀၀၀ ကျော်ရှိပါတယ်။ ခုပြေးရတာက ဒီးမော့ဆို၊ ငွေတောင်၊ ဒီကျေး (၅) မိုင် (၆) မိုင် တစ်အုပ်စုကို ပျမ်းမျှ ၅၀၀၀ ဝန်း

ကျင်ဆိုတော့ ၂၅၀၀၀ ဝန်းကျင်လောက်ရှိမယ်။ ညီမသိသလောက်ပေါ့။ ဒီထက်များကောင်းများနိုင်တယ်။ ဒီတခေါက်က ဒီအုပ်စုလောက်ပဲ

ပြေးရသေးတာ အရင်တခေါက်ကတော့ ဒီထက်များပါတယ်။

၃။ PKPF – စစ်ရှောင်ပြည်သူတွေအတွက် ဆေးဝါးကုသမှု ဆရာဝန်တွေရှိလား? ဆေးဝါးတွေ လုံလောက်မှုရှိပါလား?

ဖြေ – ညီမတို့ရောက်နေတဲ့ရွာကတော့ ဆေးဆိုင်တွေရှိတယ် သို့သော် ဆရာဝန်တွေတော့မရှိပါဘူး။ တချို့ရွာမှာပါ ဆရာဝန်တွေရှိပါတယ်။

ဆေးတွေလဲတတ်နိုင်သလောက်လှူဒါန်းကြပါတယ်။ လုံလောက်မှုတော့မရှိပါဘူး။

၄။ PKPF – တကိုယ်ရေ သန့်ရှင်းရေးအတွက်၊ သောက်သုံးဖို့အတွက် ရောရော ဘယ်လိုအခြေအနေရှိလဲ?

ဖြေ – စစ်ရှောင်တဲ့နေရာမှာ အခက်အခဲဆုံးကတော့ ရေပြဿနာပါပဲ။ ရွာတိုင်းလိုလိုရေရှားပါ‌တယ်။ စစ်ပြေးရတဲ့ရွာအများစုက မိုးရေပဲရပါ

တယ်။ မိုးမရွာရင်တော့သုံးစရာမရှိဘူးပေါ့။ သောက်ရေအတွက် အဆင်ပြေသလောက်ရှိပေမဲ့ သုံးဖို့ကတော့တော်တော်ခက်ခဲပါတယ်။

၅။ PKPF – စားဝတ်နေရေး အခြေအနေ ဘယ်လိုရှိလဲ?

ဖြေ – စားဝတ်နေရေးအတွက်လဲခက်ခဲကြပါတယ်။ အများစုက ဝင်ငွေမရှိကြတာပါ။ တချို့ဆိုရင် တော်တော်ခက်ခဲပါတယ် တချို့ကတော့

အရင်တခေါက်ကတည်းက စစ်ပြေးဖူးတော့ ရိက္ခာစုဆောင်းထားသူအတွက်တော့ အချိန်အတိုင်းတာတခုထိ အဆင်ပြေနိုင်ပေမဲ့ အချိန်ကြာ

ရင်တော့အားလုံးခက်ခဲနိုင်ပါတယ်။

၆။ PKPF – လိုအပ်ချက်တွေ ဘာတွေရှိလဲ?

ဖြေ – လိုအပ်ချက်ကတော့ ‌စားဝတ်နေရေးပေါ့။ တချို့နေစရာမရှိ တဲထိုးတဲ့သူတွေအတွက်တော့ နေစရာတဲလေးတွေလိုအပ်ပါတယ်။ ခုချိန်

မှာအသက်ရှင်ဖို့အတွက်ဆိုအဆင်ပြေပါပြီ တစ်ရွာနဲ့တစ်ရွာလိုအပ်ချက်တော့ မတူလောက်ပါဘူး။ တကယ့်လိုအပ်တဲ့ရွာတွေကို သေချာ

လေး contact လုပ်ပြီး ဘာတွေလိုအပ်တာလဲဆိုတာအသေးစိပ်မေးမြန်းမယ်ဆိုရင်ပိုအဆင်ပြေနိုင်ပါတယ်။

၇။ PKPF – ယခုလို စစ်ရှောင်ရတာ အဓိက တရားခံက ဘယ်သူတွေလဲ?

ဖြေ – အဓိကတရားခံက‌တော့ ကလေးကစ ခွေး‌တွေတောင်အကုန်‌သိတယ်။ တရားခံက စစ်ကောင်စီပေါ့။

၈။ PKPF – မိမိနဲ့အတူ စစ်ရှောင်တဲ့ ပြည်သူကို ဘာများခွန်အားစကား တိုက်တွန်းချင်လဲ?

ဖြေ – အရေးတော်ပုံအောင်တော့မှာပါ။ အခုချိန်မှာ ကိုယ့်မြို့ကိုယ့်ရွာအတွက် ပြည်သူ့ကာကွယ်ရေးတပ်သားများအတွက် ဆုတောင်းပေးကြ

ရအောင် အဓိကအခုချိန်မှာ ကျန်းမာရေးဂရုစိုက်ကြရမယ်။စစ်ရှောင်တဲ့ချိန်ဘယ်သူမှ ကိုယ့်အိမ်မှာ‌နေရတာလောက် အဆင်မပြေကြပေမဲ့

အားတင်းပြီးနေကြရမယ်။အရေးတော်ပုံအောင်တော့မည်။

၉။ PKPF – ဖက်ဒရယ်ဒီမိုကရေစီ အတွက် တိုက်ပွဲဝင်ကြသော ပြည်သူ့ဘက်တော်သားတွေကိုရော ဘာများအားပေးစကား ပြောချင်ပါသလဲ?

ဖြေ – တိုက်ပွဲဝင်နေကြသော ဓမ္မဘက်ရပ်တည်‌နေသော ပြည်သူ့ဘက်တော်သားများ အားလုံးကျန်းမားအထူးဂရုစိုက်ကြပါ။ အရေးတော်ပုံ

အောင်ရင် ကိုယ့်မြို့ ကိုယ့်မိသားစုနဲ့အတူ အရင်လိုငြိမ်းငြိမ်းချမ်းချမ်းပြန်နေရပြီး အရင်လို လူငယ်ရဲ့ ဘဝ အနာဂတ် အောင်မြင်မှုတွေ

အတွက် ပြန်လည်တည်ဆောက်ရမယ့်နေ့ရက်တွေကို ပြန်ရရှိတော့မှာပါ။ဘယ်သူ့ကိုမှ ထပ်မဆုံးရှုံးချင်တော့ပါဘူး။တရားသောစစ်ပွဲ‌တိုင်း အောင်မြင်ပါစေ။

၁ဝ။ PKPF – အထက်ပါ မြေးမြန်းတဲ့အပေါ်မှာ ထပ်မံအကြံပြုချင်တာတွေ ပြောချင်တာတွေ ရှိပါသလား?

ဖြေ – အခက်အခဲများကြားမှာ တတ်နိုင်တဲ့ဘက်မှ ကူညီပေးကြသော အလှူရှင်များ လူမှုကူညီရေးအသင်းများနှင့် Volunteer အဖွဲ့များ

အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်။ အားလုံးဘေးကင်းကျန်းမာကြပါစေလို့ အမြဲဆုတောင်းပေးပါတယ်။

PKPF – ယခုလိုပြန်လည်ဖြေကြားသည့်အတွက် ကျေးဇူးပါဗျား။

စစ်ရှောင်ပြည်သူများအားလုံး ဘေးကင်းကြပါစေ

Source; PKPF