ကင်းထောက် ဂျစ် (Jeep)
အမေရိကန်ပြည်ထောင်စု အနေနဲ့ ဒုတိယကမ္ဘာစစ်အတွင်း မလွဲမသွေ ဝင်ရောက်တိုက်ခိုက်ရတော့မယ့် အရိပ်အယောင်တွေ မြင်တွေ့လာရ
ချိန်မှာ အာဏာပိုင်တွေဟာ စွယ်စုံသုံး ကင်းထောက်မော်တော်ကား အမျိုးအစား တစ်ခုကို ထုတ်လုပ်ဖို့ ကြိုးပမ်းခဲ့ပါတယ်။
အဲဒီနောက် ကားထုတ်လုပ်ရေး ကုမ္ပဏီတွေကိုဖိတ်ခေါ်ကာ နမူနာယာဉ်တစ်စီးကို ထုတ်လုပ်ပေးဖို့ ညှိနှိုင်းခဲ့ပြီးနောက် အမေရိကန် ဘန်
တမ် (American Bantam) ကုမ္ပဏီမှ မော်တော်ကား ဒီဇိုင်နာ ကားလ် ပရောဘ့်စ် (Karl Probst) ကို အဆိုပါ ကင်းထောက်
မော်တော်ယာဉ်ရဲ့ ပုံစံကို ရေးဆွဲပေးဖို့ အပ်နှံခဲ့ပါတယ်။
ပရော့ဘ်စ်ဟာ ၁၉၄၀ ဇူလိုင်လ ၂၂ ရက်နေ့မှာ BRC ( Bantam Reconnaissance Car) အမည်ရှိ မော်တော်ကားရဲ့ ဒီဇိုင်းနဲ့အတူ
ထုတ်လုပ်ရေး ကုန်ကျစရိတ်ကို အမေရိကန် အစိုးရကို တင်ပြပေးခဲ့ပါတယ်။ ပရော့ဘ်စ်ရဲ့ မော်တော်ကား ဒီဇိုင်းကို အမေရိကန်အာဏာပိုင်
တွေက လက်ခံခဲ့ပြီးနောက် ဘန်တမ်ကုမ္ပဏီရဲ့ မော်တော်ကား အလုပ်ရုံမှာ BRC အမျိုးအစား နမူနာယာဉ် တစ်စင်းကို ၂ လအတွင်း အပြီး
တည်ဆောက်ကာ လိုအပ်တဲ့ စစ် ဆေးမှုတွေ ပြုလုပ်နိုင်ဖို့အတွက် စက်တင်ဘာလ ၂၃ ရက်နေ့မှာ မေရီလန်း
( Maryland) ပြည်နယ်မှာရှိတဲ့ ဟိုလာဘတ်(Holabird) တပ်စခန်းသို့ ပို့ ဆောင်ပေးခဲ့ပါတယ်။ စမ်းသပ်စစ်ဆေးမှုတွေ ပြုလုပ်အပြီးမှာ အ
မေရိကန် တပ်မတော်မှ တာဝန်ရှိသူတွေဟာ အင်ဂျင်အစိတ်အပိုင်း တစ်ချို့မှအပ ပရော့ဘ်စ်ရဲ့ မော်တော်ကားသစ်ဟာ လိုအပ်ချက်တွေနဲ့
ကိုက်ညီတဲ့ ယာဉ်ဖြစ်ကြောင်း အသိအမှတ် ပြုခဲ့ပါတယ်။
BRC မော်တော်ကားရဲ့ ဒီဇိုင်းကို အတည်ပြုပြီးနောက် အမေရိကန် အစိုးရဟာ ဘန်တမ် ကုမ္ပဏီအပြင် ဖို့ဒ်(Ford) နဲ့ ဝီလီ(Willy) ကုမ္ပဏီ
တွေကိုပါ အဆိုပါ မော်တော်ကားတွေ ထုတ်လုပ်ပေးဖို့ လုပ်ငန်းအပ်နှံခဲ့ပါတယ်။ကနဦး အနေနဲ့ ကုမ္ပဏီတစ်ခုစီကို အစင်းရေ ၁၅၀၀ စီ
ထုတ်လုပ်စေခဲ့ပြီး စစ်မြေပြင်မှာ အသုံးပြုနိုင်ဖို့အတွက် တပ်မတော် တာဝန်ရှိသူတွေက အမျိုးအစား တစ်ခုစီကို အသေးစိတ် ထပ်မံ
စစ်ဆေးခဲ့ကြပါတယ်။
ထိုသို့ စစ်ဆေးပြီးနောက်မှာ ကားရဲ့ အလေးချိန်ဟာ အလွန်ပေါ့ပါးနေ
တဲ့အတွက် မူလအလေးချိန် ၁၂၇၅ ပေါင်မှ ၂၄၅၀ ပောင်အထိ တိုးမြှင့်ခဲ့ပါတယ်။ ဒါ့အပြင် မူလအင်ဂျင်အစား ဝီလီ ကုမ္ပဏီရဲ့ Go Devil
အင်ဂျင်နဲ့ ပြောင်းလဲတပ်ဆင်ခဲ့သလို ကားရဲ့ အရှေ့က လေဝင်ပေါက်(Shell) ဒီဇိုင်းကိုတော့ ဖို့ဒ် ကုမ္ပဏီရဲ့ ဒီဇိုင်းဖြစ်တဲ့ အသေတပ်ဆင်
ထားတဲ့ Jeep Grille ပုံစံကို ပြောင်းလဲခဲ့ပါတယ်။ အထက်ပါအတိုင်း ပြောင်းလဲမှုတွေ လုပ်ဆောင်ပြီးနောက်မှာ အဆိုပါ မော်တော်ကားတွေ
ဟာ အလွန်အသုံးဝင်တဲ့ စစ်သုံးမော်တော်ယာဉ်တွေ ဖြစ်လာခဲ့ပြီး Jeep အမည်နဲ့ ထင်ရှားလာခဲ့ပါတယ်။
အမေရိကန် ကာကွယ်ရေးဌာနဟာ မျိုးဆက်သစ် ဂျစ်ကားတွေထုတ်လုပ်ခွင့်ကို အစောပိုင်းက ဝီလီကုမ္ပဏီ တစ်ခုထဲကိုသာ ပေးအပ်ခဲ့ပေမ
ယ့် အချိန်တိုအတွင်း အရေအတွက် အမြောက်အများ ထုတ်လုပ်ဖို့ လိုအပ်လာတာကြောင့် ဖို့ဒ် ကုမ္ပဏီကိုပါ ဒုတိယမြောက် တင်သွင်းသူ
အဖြစ် သတ်မှတ်ပြီး မော် တော်ကားများကို ထုတ်လုပ်စေခဲ့ပါတယ်။ ဂျစ်ကားတွေရဲ့ ပထမဆုံး ထုတ် လုပ်သူဖြစ်တဲ့ ဘန်တမ် ကုမ္ပဏီ အနေ
နဲ့ကတော့ အစင်းရေ ၂၇၀၀ သာ ထုတ်လုပ်ခဲ့ရပြီး နောက်ပိုင်းမှာ အမေရိကန် တပ်မတော်ရဲ့ အခြားလိုအပ် ချက်ဖြစ်တဲ့ အကြီးစားနောက်တွဲ
ယာဉ် (Trailer) တွေ ထုတ်လုပ်ခွင့်ကိုသာ ရရှိခဲ့ပါတယ်။
ဝီလီနဲ့ ဖို့ဒ် မော်တော်ကားစက်ရုံများမှ ဂျစ်ကားများထုတ်လုပ်ခဲ့ရာမှာ ဝီလီ ကုမ္ပဏီ လက်အောက်ခံ စက်ရုံများမှ ထုတ်လုပ်ခဲ့တဲ့ ဂျစ်ကား
တွေကို Model MB အဖြစ် သတ်မှတ်ပြီး ဖို့ဒ် ကုမ္ပဏီမှ ထုတ်လုပ်တဲ့ ကားတွေကိုတော့ Model GPW အဖြစ် အမည်ပေးခဲ့ကြပါတယ်။
ဒုတိယကမ္ဘာစစ်အတွင်း အဆိုပါကုမ္ပဏီ နှစ်ခုမှစုစုပေါင်း ဂျစ်ကား အစင်းရေ ၆၄၀၀၀၀ ခန့် ထုတ် လုပ်ခဲ့ပြီး ထိုအရေအတွက်ဟာ စစ်ကြီး
အတွင်း အမေရိကန် တစ်နိုင်ငံလုံးမှာ ထုတ်လုပ်ခဲ့တဲ့ မော်တော်ယာဉ် အရေအတွက်ရဲ့ ၁၈ ရာခိုင်နှုန်းနဲ့ ညီမျှပါတယ်။
ဂျစ်ကားများကို ဒုတိယ ကမ္ဘာစစ် အတွင်းက အမေရိကန် တပ်မတော်ရဲ့ တပ်ဖွဲ့အားလုံးမှာ အသုံးပြုခဲ့ကြပြီး ပျမ်းမျှအားဖြင့် တပ်ရင်း တစ်
ရင်းကို အစင်းရေ ၁၄၅ စင်းအထိ ပေးအပ်ခဲ့ပါတယ်။ ကမ္ဘာအရပ်ရပ်ရှိ စစ်မြေပြင်တွေမှာ ပါဝင်တိုက်ခိုက်နေတဲ့ အမေရိကန်နဲ့ မဟာမိတ်
တပ်ဖွဲ့တွေဟာ ဂျစ်ကားတွေကို ကင်းထောက်ယာဉ်၊ လူနာတင်ယာဉ်၊ တိုက်ခိုက်ရေးယာဉ်၊ ဆက်သွယ်ရေးယာဉ်၊ အုပ်ချုပ်ရေးယာဉ်၊
ပို့ဆောင်ရေးယာဉ်၊ အမြောက်ဆွဲယာဉ် စသည်ဖြင့် အသုံးပြုခဲ့ကြပါတယ်။ လိုအပ်ပါက ဘီးလေးဘီးကို ပြောင်းလဲတပ်ဆင်ကာ မီးရထား
သံလမ်းများပေါ်မှာ မောင်းနှင်ပြီး ကုန် ပစ္စည်းနဲ့ စစ်သည်တွေကို သယ်ယူပို့ဆောင်ပေးနိုင်အောင်လည်း ဖန်တီးပေးထားပါတယ်။ ဖို့ဒ်
ကုမ္ပဏီ အနေနဲ့ သာမန်ဂျစ်ကားများအပြင် GPA အမည်ရှိတဲ့ ကုန်းရေ နှစ်သွယ်သွား ဂျစ်ကားအမျိုးအစားကိုပါ ထုတ်လုပ်ခဲ့သေးပေမယ့်
အောင်မြင်မှု မရခဲ့တဲ့အတွက် အရေအတွက် အနည်းငယ်သာ ထုတ်လုပ်ခဲ့ပြီးနောက် ထပ်မံထုတ်လုပ်ခြင်း မရှိတော့ပါဘူး။
အလွယ်တကူ မောင်းနှင်နိုင်ခြင်း၊ အလွယ်တကူ ပြင်ဆင်နိုင်ခြင်း၊ အလွယ် တကူ သယ်ယူပို့ဆောင်နိုင်ခြင်း၊ နေရာဒေသမရွေး ရာသီဥတုမ
ရွေး အသုံးပြုနိုင်ခြင်း၊ အကြမ်းခံခြင်း စတဲ့ အရည်အသွေးတွေကြောင့် ဂျစ်ကားတွေဟာ အမေရိကန် တပ်မတော်အပါအဝင် မဟာမိတ်
တပ်ဖွဲ့တွေအတွက် မရှိမဖြစ် အရေးပါတဲ့ စစ်သုံးယာဉ်တွေ ဖြစ်လာခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ် ကာလအတွင်းက အမေရိကန် တပ်မတော်
ဟာ ထုတ်လုပ်ခဲ့သမျှ ဂျစ်ကား အရေ အတွက်ရဲ့ ၇၀ ရာခိုင်နှုန်းကို အသုံးပြုခဲ့ပြီး ကျန် ၃၀ ရာခိုင်နှုန်းကို ဗြိတိသျှနဲ့ ဆိုဗီယက် တပ်ဖွဲ့တွေမှာ
အသုံးပြုဖို့ ပေးအပ်ခဲ့ပါတယ်။
ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးပြီးနောက်မှာ ဂျစ်ကားအများစုကို စစ်သုံးယာဉ်အဖြစ် အသုံးပြုဖို့ မလိုအပ်တော့ပေမယ့် သပ်ရပ်ပြီး စတိုင်ကျတဲ့
ဒီဇိုင်းနဲ့ ဘက်စုံအသုံးပြုနိုင်မှုတို့ကြောင့် ကမ္ဘာ့ကားစျေးကွက်မှာ လူကြိုက်များတဲ့ ကားအမျိုးအစား ဖြစ်လာခဲ့ပါတယ်။ ကမ္ဘာ့နိုင်ငံ အသီးသီး
မှ မော်တော်ကား ကုမ္ပဏီတွေဟာ စစ်ပြီးခေတ်မှာ ဂျစ်ကားထုတ်လုပ်ခွင့်ကို ဝယ်ယူပြီး မူကွဲပေါင်းများစွာကို ထုတ်လုပ်ရောင်းချခဲ့ကြပေမ
ယ့် ၁၉၈၇ ခုနှစ်က အမေရိကန်-အီတာလျံ ဖက်စပ် ကားကုမ္ပဏီဖြစ်တဲ့ Fiat Chrysler Automobiles မှ ဂျစ်ကားများရဲ့ မူပိုင်ခွင့်ကို
ဝယ်ယူခဲ့ပြီးနောက်မှာ Jeep အမည်နဲ့ မော် တော်ကားတွေကို ထုတ်လုပ်ခွင့်ရှိတဲ့ တစ်ဦးတည်းသော ကုမ္ပဏီ ဖြစ်လာခဲ့ပါတယ်။
မျက်မှောက်ခေတ်မှာ ဂျစ်ကားများနဲ့ အလားသဏ္ဍာန်တူတဲ့ မော်တော်ယာဉ် အမျိုးအစားသစ်တွေ ထွက်ပေါ်လာခဲ့သလို မော်တော်ကား
ကုမ္ပဏီတွေဟာ ဂျစ်ကားကို အခြေခံထားတဲ့ ဇိမ်ခံကား အမျိုးအစားပေါင်း များစွာကိုလည်း ထုတ်လုပ်ရောင်းချလာကြပါတယ်။ ဒါပေမယ့်
မူလလက်ဟောင်း ဂျစ်ကားများကိုသာ ဝယ်ယူပြီး အမြတ်တနိုး မောင်းနှင်နေကြသူတွေလည်း ကမ္ဘာ့နေရာ အနှံ့အပြားမှာ ဒီနေ့အထိ
အမြောက်အများ ရှိနေကြဆဲ ဖြစ်ပါတယ်။
Ref: Wikipedia