ၾကားသိသမွ်

ကမ္ဘာလုံးဆိုင်ရာ မြန်မာ့နွေဦးတော်လှန်ရေး၏ သံတမန်တိုက်ပွဲ အနေဖြင့် အစ္စရေးနိုင်ငံတွင် ဆန္ဒထုတ်ဖော်ခဲ့ကြခြင်း ရုပ်သံ နှင့်ပုံရိပ်များး

ကမ္ဘာလုံးဆိုင်ရာ မြန်မာ့နွေဦးတော်လှန်ရေး၏ သံတမန်တိုက်ပွဲ အနေဖြင့် အစ္စရေးနိုင်ငံတွင် ဆန္ဒထုတ်ဖော်ခဲ့ကြခြင်း

အစ္စရေးနိုင်ငံရောက် မြန်မာနိုင်ငံသားများနှင့် မြန်မာ့အရေး စိတ်ပါဝင်စားသူ အစ္စရေးနိုင်ငံသား စုစုပေါင်း (၅၀) ခန့်သည် ကမ္ဘာလုံးဆိုင်ရာ

မြန်မာ့နွေဦးတော်လှန်ရေး၏ သံတမန်တိုက်ပွဲ အနေဖြင့် ဆန္ဒထုတ်ဖော်ပွဲတစ်ရပ်အား အစ္စရေးနိုင်ငံ၊ တဲလ်အဗီးမြို့ရှိ ကုလသမဂ္ဂရုံးနှင့်

မြန်မာသံရုံး အရှေ့များတွင် ဆန္ဒထုတ်ဖော်ခဲ့ကြပါသည်။ အဆိုပါ ဆန္ဒထုတ်ဖော်ပွဲအား တဲလ်အဗီးမြို့ရှိ ကုလသမဂ္ဂရုံး မျက်နှာစာရှေ့တွင်

ဒေသစံတော်ချိန် နံနက် (၁၀) နာရီ ခန့်က စတင်ကျင်းပခဲ့ပြီး အစ္စရေးနိုင်ငံဆိုင်ရာ မြန်မာသံရုံးသို့ ဆက်လက်ချီတက်ကာ မြန်မာသံရုံးရှေ့

တွက် ဒေသစံတော်ချိန် နေ့လည် (၁၂) နာရီအချိန်ထိ ဆန္ဒထုတ်ဖော်ခဲ့ကြပါသည်။ အဆိုပါ ဆန္ဒထုတ်ဖော်ပွဲတွင်း၌ သံအမတ်ကြီး ဦးကျော်

မိုးထွန်း၏ credential အား အသိအမှတ်ပြုလက်ခံရေး၊ အမျိုးသားညီညွတ်ရေး အစိုးရအား အသိအမှတ်ပြု လက်ခံရေး၊ ဖက်ဒရယ်ဒီမိုက

ရေစီ ရရှိရေး အစရှိသည်တို့ကို ကြွေးကျော်ကာ ဆန္ဒထုတ် ဖော်ခဲ့ကြပါသည်။

Zawgyi









Source; Mizzma News