ၾကားသိသမွ်
ဂန့်ဂေါတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁၅ ဦးကျဆုံး၍ ဒေသခံပြည်သူနှင့်လူငယ် ၂၀ ဦးကျဆုံးကာ နေအိမ်ပေါင်း ၃၀ ကျော် ဖျက်ဆီးခံခဲ့ရတဲ့ ရုပ်သံ
ဂန့်ဂေါတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁၅ ဦးသေဆုံး၍ ဒေသခံပြည်သူနှင့်လူငယ် ၂၀ ဦးကျဆုံးကာ နေအိမ်ပေါင်း ၃၀ ကျော် ဖျက်ဆီးခံခဲ့ရတဲ့ ရုပ်သံ
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် နှမ်းခါးကျေးရွာအနီးတွင် ယနေ့ စက်တင်ဘာ ၁၀ ရက် နံနက်ပိုင်းက အကြမ်းဖက်စစ်ကောင်စီတပ်များနှင့်
Gangaw- PDFတို့အကြား နှစ်ဖက်တိုက်ပွဲဖြစ်ခဲ့၍ စစ်ကောင်စီဘက်မှ ၁၅ ဦးခန့် သေဆုံးကြောင်း ဂန့်ဂေါမြို့နယ်ပြည်သူ့ကာကွယ်ရေး
တပ်ဖွဲ့(Gangaw- PDF)မှ ထုတ်ပြန်လိုက်သည်။
တိုက်ပွဲအတွင်းစစ်ကောင်စီတပ်သားများ သေဆုံးသော်လည်း Gangaw-PDF တို့ဘက်မှ ထိခိုက်ဒဏ်ရာမရှိခဲ့ကြောင်း သိရသည်။
ထို့အပြင်ယနေ့တိုက်ပွဲတွင် ချင်းအမျိူးသားတပ်ဦး CNF မှ စစ်သည်၁ဝယောက် အင်အားဖြည့်ကူညီခဲ့ကြောင်း သိရသည်။
ထိုတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးသဖြင့် နှမ်းခါးရွာအတွင်း အငြိုးတကြီးဝင်ရောက်ကာ ဒေသခံများ၏နေအိမ် ၃၆လုံးကို
မီးရှို့ဖျက်ဆီးခဲ့ပြီးနောက် ညနေပိုင်းတွင် ပြန်လည်ထွက်ခွါသွားခဲ့ကြောင်း သိရသည်။
စက်တင်ဘာလ၉ရက် ပစ်ခတ်မှုတွင် ဂန့်ဂေါမြို့နယ်၊ မြင်သားကျေးရွာမှ ကျေးရွာကာကွယ်ရေးအဖွဲ့လူငယ်များနှင့် အပြစ်မဲ့ပြည်သူများ
အသက်ဆုံးရှုံးခဲ့ရခြင်းအတွက် Gangaw PDFမှ ယနေ့လက်တုံ့ပြန်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
အကြမ်းဖက်စစ်ကောင်စီက နှမ်းခါးရွာအနီး မြင်သားရွာအတွင်းဝင်ရောက်ပစ် ခတ်မှုကြောင့် ဒေသခံပြည်သူနှင့်လူငယ် ၂၀ ဦးသေဆုံးခဲ့၍
နေအိမ်ပေါင်း ၃၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်းဒေသခံများထံမှ သိရသည်။  (အောက်တွင်ရုပ်သံကြည့်ရန်)
Zawgyi
များနှင့် Gangaw- PDFတို့အကြား နှစ်ဖက်တိုက်ပွဲဖြစ်ခဲ့၍ စစ်ကောင်စီဘက်မှ ၁၅ ဦးခန့် သေဆုံးကြောင်း ဂန့်ဂေါမြို့နယ်ြ
ပည်သူ့ကာကွယ်ရေးတပ်ဖွဲ့(Gangaw- PDF)မှ ထုတ်ပြန်လိုက်သည်။
ထို့အပြင်ယနေ့တိုက်ပွဲတွင် ချင်းအမျိုးသားတပ်ဦး CNF မှ စစ်သည်၁ဝယောက် အင်အားဖြည့်ကူညီခဲ့ကြောင်း သိရသည်။