ဘာသာရေးခေါင်းဆောင်အမျိုးသမီးရဲ့အိတ်ထဲမှာတွေ့ခဲ့တဲ့လူအရိုးခေါင်း
Ahilyabai Holkar အိန္ဒိယလေဆိပ်တွင် လူအရိုးခေါင်းနဲ့အရိုးတွေကိုခရီး
ဆောင်အိတ်ထဲထည့်လာတဲ့ ဘာသာရေးခေါင်းဆောင် အမျိုးသမီးတစ်ဦးကို
ထိန်းသိမ်းထားခဲ့ကြောင်းအာဏာပိုင်တွေကဆိုပါတယ်။
သူမကိုအရိုးတွေနဲ့ ဖမ်းမိတဲ့အချိန်မှာ Ujjain ရပ်ကွက်နားက နေထိုင်သူတစ်ဦး
ထံ ဒေလီကို သွားဖို့ အတွက် Vistara လေကြောင်းလိုင်းလက်မှတ်ကို မှာယူခဲ့ ပါတယ်။
ခရီးဆောင် အိတ်ကိုစစ်ဆေးနေတုန်းမှာ လုံခြုံရေးဝန်ထမ်းတွေဟာ သူမရဲ့အိတ်ကို
ဖွင့်ပေးဖို့ပြောခဲ့ရာ ဖွင့်လိုက်တဲ့အချိန်မှာ လူအရိုးခေါင်းကို
တွေ့ခဲ့ရတာကြောင့် တုန်လှုပ်ခြောက်ခြားသွားခဲ့ရပါတယ်။
Central Industrial Security Force(CISF) က စစ်ကြောရေးလုပ်တဲ့အချိန် မှာတော့
ဟိန္ဒူဘုရားဖူးတွေကြားမှာ လူသိများလှတဲ့မြို့တစ်မြို့ ဖြစ်တဲ့
Haridwar မှာမြှုပ်နှံဖို့အတွက် ဘုန်းကြီးတစ်ပါးရဲ့ အရိုးပြာတွေကို ယူလာ ခဲ့ခြင်းဖြစ်ကြောင်း
အဆိုပါ အမျိုးသမီးက ထွက်ဆိုကြောင်း ရဲအရာရှိက
ဆိုပါတယ်။ အာဏာပိုင်တွေပြောကြားချက်အရ အရိုးပြာတွေကို လေဆိပ်က နေတစ်ဆင့်
သယ်မယ်ဆိုရင်ခွင့်ပြုချက်ယူရမှာဖြစ်ပြီး လေဆိပ်ရုံးကိုသတင်း ပေးဖို့လိုကြောင်းဆိုပါတယ်။
အကြွင်းကျန်တွေကိုလည်းလက်ကိုင်ခရီးဆောင်
အိတ်ထဲပဲထည့်ပြီး သယ်ဆောင်ခွင့်ပြုထားပါတယ်။ သို့သော်လည်း သူမဟာ
အဓိကစစ်ဆေးတဲ့ ခရီးဆောင်အိတ်ထဲကိုထည့်ပြီး သယ်ဆောင်လာတာ ဖြစ်ပါ
တယ်။ အဲ့ဒီအရိုးတွေကိုယူဆောင်လာဖို့အတွက် ထွေထွေထူးထူး ခွင့်ပြုချက်
တောင်းတာမျိုးတွေလည်းမရှိပါဘူး။ ရဲအရာရှိက သူမရဲ့ထွက်ဆိုချက်ကို မှတ်
တမ်းယူပြီးတာနဲ့ လေယာဉ်ပေါ်တက်ခွင့်ပေးခဲ့ပါတယ်။ လေယာဉ်ပေါ်မတက် ခင်
Indore မှာအဖော်တစ်ဦးနဲ့အတူ အဲ့ဒီအရိုးတွေကို ထားခဲ့ဖို့ သူမကိုညွှန်
ကြားခဲ့ပြီး။ ရဲတွေစစ်ဆေးမေးမြန်းနေတဲ့အချိန်တွင်းမှာ သူမရဲ့ ညနေပိုင်း
လေယာဉ်လွတ်သွားခဲ့ပေမဲ့လေကြောင်းလိုင်းဖက်က သူမကို ညဖက်မှာနောက်
လေယာဉ်တစ်စင်းဖြင့်လိုက်ပါစီးနှင်းခွင့်ပြုခဲ့ပါတယ်။
မူရင်း independent
ရေးသားသူ Hein Zarni Oo , Source; News Waves
Zawgyi
မူရင်း independent