ကံကောင်းစေတက်တဲ့ သကေ်တများ
အိမ်အပြင်အဆင်ကလည်း သင်တို့အတွက်အရေးပါတယ်ဆိုတာ သင်သိပါသလား။ ဘာတွေက သင်တို့အိမ်အတွက် အထောက်အကူဖြစ်စေ
တာလဲ။ကံကောင်းခြင်းတွေသယ်ဆောင်လာဖို့ဘာတွေ လိုအပ်တာလဲ။အိမ်တွင်းမှာရိုးရှင်းတဲ့ ပစ္စည်းလေးတွေကိုသုံးပြီး ကောင်းတဲ့စွမ်းအင်
တွေ ပိုတိုးလာအောင်၊ အညံ့တွေ လျော့အောင် လုပ်လို့ရပါတယ်။ အဲဒါတွေက တော့ အယူအဆမတူတဲ့ နိုင်ငံအသီးသီးက ဓလေ့ထုံးတမ်း
တွေထဲကနေ ကံကောင်းစေတယ်လို့ ယုံကြည်ထားကြတဲ့ ပစ္စည်းတွေပဲ ဖြစ်ပါတယ်။
(၁) ဓာတ်(၅)မျိုး
တရုတ်ရိုးရာ နည်းလမ်းတွေထဲက အရိုးရှင်းဆုံးနဲ့ အခြေခံအကျဆုံး တစ်ခုကတော့ အိမ်တွင်းမှာ သစ်သား၊ ရေ၊ သတ္တု၊ မြေကြီး၊ မီး စတဲ့
ဓာတ်(၅)မျိုးကို ထားရှိခြင်းပါပဲ။ တရုတ်သမားတော်ကြီးတွေရဲ့ အဆိုအရ သစ်သား (သို့မဟုတ်) ရေကို အိမ်ရဲ့ဘဏ္ဍာရှိတဲ့နေရာမှာထားရင်
ပိုပြီးအကျိုးဖြစ်ထွန်းစေပါတယ်။
(၂) ဆင်သင်္ကေတ
ဗုဒ္ဓဘာသာမှာရော ဟင်ဒူဘာသာမှာပါ ဆင်ကိုအထွဋ်အမြတ်ထားကြပါတယ်။ ဆင်သင်္ကေတကို အမျိုးမျိုးသော ကံကောင်းခြင်းတွေ
အတွက် သုံးကြပါတယ်။ နောက်ပြီး ဆင်ရဲ့ကိုယ်အနေဟန်ထား၊ အသွင်အပြင်ပေါ်မူတည်ပြီးတော့လည်း အကျိုးပေးကွာခြားတယ်လို့ ဆို
ကြပါတယ်။ ဥပမာ – ဆင်နှာမောင်းက အပေါ်မြှောက်နေတဲ့ပုံစံဆိုရင် ကံကောင်းခြင်းတွေ ဖိတ်ခေါ်တဲ့သဘောမျိုးဆောင်ပါတယ်။
(၃) မြင်းခွာ
အိုင်းရစ်ခ်ျလူမျိုးတွေရဲ့အယူအဆမှာ မြင်းခွာကို ကံကောင်းခြင်းအဖြစ် သတ်မှတ်ကြပါတယ်။ အချို့ကလည်း မြင်းခွာဟာ မကောင်းဆိုးဝါး
ရန်က ကာကွယ်ပေးတယ်လို့ ဆိုကြပါတယ်။ အိမ်ရှေ့တံခါးပေါက်ရဲ့ အပေါ်မှာ သံမြင်းခွာကိုထားခြင်းက အိမ်ကို အကာအကွယ်ဖြစ်စေပါ
တယ်။
(၄) လိပ်သင်္ကေတ
တရုတ်ဓလေ့ထုံးစံအချို့မှာ လိပ်သင်္ကေတဟာ အိမ်ရဲ့အစောင့်အရှောက်ဖြစ်တယ်လို့ ယုံကြည်ထားကြပါတယ်။ ပြောရမယ်ဆိုရင် လိပ်ဟာ
တရုတ် Feng Shui ဂိုဏ်းတွေရဲ့ အစောင့်အရှောက်တွေထဲက တစ်ခုလည်း ဖြစ်ပါတယ်။ လိပ်ကို ခွန်အားကြီးမားတဲ့ သင်္ကေတအဖြစ်
သတ်မှတ်ထားကြတာပါ။ လိပ်အစစ်ဖြစ်စေ၊ အတုဖြစ်စေ အိမ်ရဲ့ ရှေ့တံခါး၊ နောက်တံခါးတွေမှာ ထားခြင်းက အိမ်ကို အညံ့တွေက ကာ
ကွယ်ပေးပြီး၊ ကံကောင်းခြင်းတွေကို ဝင်လာစေပါတယ်။
(၅) အနီရောင်
ကမ္ဘာတစ်ဝှမ်းက နိုင်ငံအတော်များများရဲ့ ဓလေ့ထုံးစံမှာ အနီကိုကံကောင်းစေတဲ့အရောင်အဖြစ် သတ်မှတ်ထားကြပါတယ်။ တရုတ်နှစ်
သစ်ကူးဆိုရင် အနီရောင်တွေနဲ့အလှဆင်ကြပြီး အန်ဘောင်းကိုလည်း အနီရောင်အိတ်နဲ့ ထည့်ပေးကြပါတယ်။ အိန္ဒိယမှာလည်း မင်္ဂလာပွဲဆို
ရင် သတို့သမီးတော် တော်များများဟာ သန့်စင်ခြင်းနဲ့ကံကောင်းခြင်း သင်္ကေတအဖြစ် အနီရောင်ဝတ်စုံကို ဝတ်ဆင်ကြပါတယ်။ ဒါကြောင့်
သင့်အိမ်မှာ အနီရောင်ပန်းအိုး၊ အနီရောင်ချိတ်၊ အနီရောင်ကော်ဇောကို ထားခြင်းက ကံကောင်းခြင်းတွေ တိုးပွားစေနိုင်ပါတယ်။
(၆) ဝက်သင်္ကေတ
ဝက်သင်္ကေတကို ကံကောင်းခြင်းအဖြစ် မှတ်ယူတာက ဂျာမန်လူမျိုးတွေပါ။ ဒီအယူကတော့ ဘာသာရေး အယူမဟုတ်ပါဘူး။
သမိုင်းကြောင်းအယူပါ။ အလယ်ခေတ်လောက်ကတည်းက ဥရောပနိုင်ငံတွေမှာ ဝက်သင်္ကေတဟာ ချမ်းသာကြွယ်ဝခြင်းနဲ့ ကံကောင်းခြင်း
အဆောင်အဖြစ် ယုံကြည်ထားကြတာပါ။ ဝက်မွေးပြီဆိုရင် ချမ်းသာလာတော့မယ်ဆိုတဲ့ နိမိတ်ပါပဲတဲ့။ အခြားသော ကျွဲ၊ နွား၊ ကြက်တွေနဲ့
စမ်းသပ်ကြည့်ပေမယ့် အလုပ်မဖြစ်ခဲ့ပါဘူး။ ဝက်ကသာ ကံကောင်းစေခဲ့တာကြောင့် ယနေ့တိုင် ဝက်သင်္ကေတာကို ကံကောင်းခြင်းအဖြစ်
သတ်မှတ်ထားကြတာပါ။
(၇) ဝက်သစ်ချသီး
စကင်ဒနေဗီးယားနိင်ငံတွေမှာ ဝက်သစ်ချသီးတွေကို ပန်းကန်လုံးထဲထည့်ပြီး (သို့မဟုတ်) ပြတင်းပေါက်မှာ ချိတ်ဆွဲပြီး အလှဆင်တာက
အိမ်ကို အကာအကွယ်ဖြစ်စေတယ်လို့ ယုံကြည်ကြပါတယ်။ သင်လည်း ကံကောင်းချင်တယ်ဆိုရင်တော့ အိမ်မှာ ဝက်သစ်ချသီးတွေနဲ့ အလှ
ဆင်ထားလိုက်ပါ။
ကံကောင်းစေတက်တဲ့ သကေ်တလေးတွေ သိသွားပြီဆိုတော့ သင်ကိုယ်တိုင်စမ်းကြည့်လို့ရပါပြီ။
Credit; Original Uploader
Zawgyi
ကံေကာင္းေစတက္တဲ့ သင္ေကတမ်ား
အိမ္အျပင္အဆင္ကလည္း သင္တို႔အတြက္အေရးပါတယ္ဆိုတာ သင္သိပါသလား။ ဘာေတြက သင္တို႔အိမ္အတြက္ အေထာက္အကူျဖစ္ေစတာလဲ။
ကံေကာင္းျခင္းေတြသယ္ေဆာင္လာဖို႔ဘာေတြ လိုအပ္တာလဲ။
အိမ္တြင္းမွာရိုးရွင္းတဲ့ ပစၥည္းေလးေတြကိုသုံးၿပီး ေကာင္းတဲ့စြမ္းအင္ေတြ ပိုတိုးလာေအာင္၊ အညံ့ေတြ ေလ်ာ့ေအာင္
လုပ္လို႔ရပါတယ္။ အဲဒါေတြက ေတာ့ အယူအဆမတူတဲ့ နိုင္ငံအသီးသီးက ဓေလ့ထုံးတမ္းေတြထဲကေန ကံေကာင္းေစတယ္လို႔ ယုံၾကည္ထားၾကတဲ့ ပစၥည္းေတြပဲ ျဖစ္ပါတယ္။
(၁) ဓာတ္(၅)မ်ိဳး
တ႐ုတ္ရိုးရာ နည္းလမ္းေတြထဲက အရိုးရွင္းဆုံးနဲ႔ အေျခခံအက်ဆုံး တစ္ခုကေတာ့ အိမ္တြင္းမွာ သစ္သား၊ ေရ၊ သတၱဳ၊ ေျမႀကီး၊ မီး
စတဲ့ ဓာတ္(၅)မ်ိဳးကို ထားရွိျခင္းပါပဲ။ တ႐ုတ္သမားေတာ္ႀကီးေတြရဲ့ အဆိုအရ သစ္သား (သို႔မဟုတ္) ေရကို အိမ္ရဲ့ဘ႑ာရွိတဲ့ေနရာမွာထားရင္ ပိုၿပီးအက်ိဳးျဖစ္ထြန္းေစပါတယ္။
(၂) ဆင္သေကၤတ
ဗုဒၶဘာသာမွာေရာ ဟင္ဒူဘာသာမွာပါ ဆင္ကိုအထြဋ္အျမတ္ထားၾကပါတယ္။ ဆင္သေကၤတကို အမ်ိဳးမ်ိဳးေသာ ကံေကာင္းျခင္းေတြအ
တြက္ သုံးၾကပါတယ္။ ေနာက္ၿပီး ဆင္ရဲ့ကိုယ္အေနဟန္ထား၊ အသြင္အျပင္ေပၚမူတည္ၿပီးေတာ့လည္း အက်ိဳးေပးကြာျခားတယ္လို႔ ဆို
ၾကပါတယ္။ ဥပမာ – ဆင္ႏွာေမာင္းက အေပၚေျမႇာက္ေနတဲ့ပုံစံဆိုရင္ ကံေကာင္းျခင္းေတြ ဖိတ္ေခၚတဲ့သေဘာမ်ိဳးေဆာင္ပါတယ္။
(၃) ျမင္းခြာ
အိုင္းရစ္ခ္်လူမ်ိဳးေတြရဲ့အယူအဆမွာ ျမင္းခြာကို ကံေကာင္းျခင္းအျဖစ္ သတ္မွတ္ၾကပါတယ္။ အခ်ိဳ႕ကလည္း ျမင္းခြာဟာ
မေကာင္းဆိုးဝါးရန္က ကာကြယ္ေပးတယ္လို႔ ဆိုၾကပါတယ္။ အိမ္ေရွ႕တံခါးေပါက္ရဲ့ အေပၚမွာ သံျမင္းခြာကိုထားျခင္းက အိမ္ကို အကာအကြယ္ျဖစ္ေစပါတယ္။
(၄) လိပ္သေကၤတ
တ႐ုတ္ဓေလ့ထုံးစံအခ်ိဳ႕မွာ လိပ္သေကၤတဟာ အိမ္ရဲ့အေစာင့္အေရွာက္ျဖစ္တယ္လို႔ ယုံၾကည္ထားၾကပါတယ္။ ေျပာရမယ္ဆိုရင္ လိပ္ဟာ တ႐ုတ္
Feng Shui ဂိုဏ္းေတြရဲ့ အေစာင့္အေရွာက္ေတြထဲက တစ္ခုလည္း ျဖစ္ပါတယ္။ လိပ္ကို ခြန္အားႀကီးမားတဲ့ သေကၤတအျဖစ္ သတ္မွတ္
ထားၾကတာပါ။ လိပ္အစစ္ျဖစ္ေစ၊ အတုျဖစ္ေစ အိမ္ရဲ့ ေရွ႕တံခါး၊ ေနာက္တံခါးေတြမွာ ထားျခင္းက အိမ္ကို အညံ့ေတြက ကာကြယ္ေပးၿပီး၊ ကံေကာင္းျခင္းေတြကို ဝင္လာေစပါတယ္။
(၅) အနီေရာင္
ကမၻာတစ္ဝွမ္းက နိုင္ငံအေတာ္မ်ားမ်ားရဲ့ ဓေလ့ထုံးစံမွာ အနီကိုကံေကာင္းေစတဲ့အေရာင္အျဖစ္ သတ္မွတ္ထားၾကပါတယ္။ တ႐ုတ္ႏွ
စ္သစ္ကူးဆိုရင္ အနီေရာင္ေတြနဲ႔အလွဆင္ၾကၿပီး အန္ေဘာင္းကိုလည္း အနီေရာင္အိတ္နဲ႔ ထည့္ေပးၾကပါတယ္။ အိႏၵိယမွာလ
ည္း မဂၤလာပြဲဆိုရင္ သတို႔သမီးေတာ္ ေတာ္မ်ားမ်ားဟာ သန႔္စင္ျခင္းနဲ႔ကံေကာင္းျခင္း သေကၤတအျဖစ္ အနီေရာင္ဝ
တ္စုံကို ဝတ္ဆင္ၾကပါတယ္။ ဒါေၾကာင့္ သင့္အိမ္မွာ အနီေရာင္ပန္းအိုး၊ အနီေရာင္ခ်ိတ္၊ အနီေရာင္ေကာ္ေဇာကို ထားျခင္းက ကံေကာင္းျခင္းေတြ တိုးပြားေစနိုင္ပါတယ္။
(၆) ဝက္သေကၤတ
ဝက္သေကၤတကို ကံေကာင္းျခင္းအျဖစ္ မွတ္ယူတာက ဂ်ာမန္လူမ်ိဳးေတြပါ။ ဒီအယူကေတာ့ ဘာသာေရး အယူမဟုတ္ပါဘူး။ သမို
င္းေၾကာင္းအယူပါ။ အလယ္ေခတ္ေလာက္ကတည္းက ဥေရာပနိုင္ငံေတြမွာ ဝက္သေကၤတဟာ ခ်မ္းသာႂကြယ္ဝျခင္းနဲ႔
ကံေကာင္းျခင္းအေဆာင္အျဖစ္ ယုံၾကည္ထားၾကတာပါ။ ဝက္ေမြးၿပီဆိုရင္ ခ်မ္းသာလာေတာ့မယ္ဆိုတဲ့ နိမိတ္ပါပဲတဲ့။ အျခားေသာ
ကၽြဲ၊ ႏြား၊ ၾကက္ေတြနဲ႔ စမ္းသပ္ၾကည့္ေပမယ့္ အလုပ္မျဖစ္ခဲ့ပါဘူး။ ဝက္ကသာ ကံေကာင္းေစခဲ့တာေၾကာင့္ ယေန႔တိုင္ ဝက္သေကၤတာကို ကံေကာင္းျခင္းအျဖစ္ သတ္မွတ္ထားၾကတာပါ။
(၇) ဝက္သစ္ခ်သီး
စကင္ဒေနဗီးယားနိင္ငံေတြမွာ ဝက္သစ္ခ်သီးေတြကို ပန္းကန္လုံးထဲထည့္ၿပီး (သို႔မဟုတ္) ျပတင္းေပါက္မွာ ခ်ိတ္ဆြဲၿပီး အလွဆင္တာက
အိမ္ကို အကာအကြယ္ျဖစ္ေစတယ္လို႔ ယုံၾကည္ၾကပါတယ္။ သင္လည္း ကံေကာင္းခ်င္တယ္ဆိုရင္ေတာ့ အိမ္မွာ ဝက္သစ္ခ်သီးေတြနဲ႔ အလွဆင္ထားလိုက္ပါ။
ကံေကာင္းေစတက္တဲ့ သေက္တေလးေတြ သိသြားၿပီဆိုေတာ့ သင္ကိုယ္တိုင္စမ္းၾကည့္လို႔ရပါၿပီ။
Credit; Original Uploader