ၾကားသိသမွ်

ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုး ဖောင်းဆိုင်ဘက်ရှိ စစ်ကောင်စီအတွက် ရိက္ခာသယ်ဆောင်လာကားတစ်စီး ဖောက်ခွဲ ဖျက်ဆီးခံရ(ရုပ်သံ)

စစ်ကောင်စီ ရိက္ခာသယ် ကားတစ်စီး ဖောက်ခွဲ ဖျက်ဆီးခံရ

စက်တင်ဘာ ၁၀၊ ၂၀၂၁

ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုး ဖောင်းဆိုင်ဘက်ရှိ စစ်ကောင်စီအတွက် ရိက္ခာသယ်ဆောင်လာကားတစ်စီးသည် နမ့်တောင်းနဲ့ ပန်ဆိုင်း

(ကြူကုတ်) ကြား လုံခန်ရွာအကွေ့တွင် ဖောက်ခွဲ တိုက်ခိုက်ခံရကြောင်း သိရသည်။ရိက္ခာမှာ စစ်ကောင်စီ၏ပိုင်ဆိုင်မှုဖြစ်သော်လည်း ကား

မှာ အရပ်သားကားဖြစ်ပြီး စစ်ကောင်စီက ချောဆွဲကာ ပို့ဆောင်ခိုင်းခြင်းဖြစ်သည်ဟု ဒေသခံများက ပြောဆိုနေကြသည်။

“ဆန်တင်တဲ့ တရုတ် တုံဖုန်းကား အသေးပါ။ ကားမောင်းတဲ့သူလဲ အဲကားထဲမှာ သေဆုံးနေတယ်။ စစ်ကားတော့ မဟုတ်ဘူး။ ကားတော့

လဲသွားတာ။ ဆန်တင်ထားတာ မြင်တယ်။” ဟု အဆိုပါ လမ်းကနေ ဖြတ်လာသူ မျက်မြင်တစ်ဦးက ပြောသည်။

အဆိုပါ စစ်ကောင်စီရိက္ခာသယ်ကား ပစ်ခတ်တွင် ကိုးကန့် တပ်များကို တွေ့ရပြီး အနီးတစ်ဝိုက်တွင် TNLA တပ်များသွားလာသည်ကို

လည်း တွေ့ရသည်ဟု ဒေသခံတစ်ဦးက ဆက်လက်ပြောဆိုခဲ့သည်။

“လက်နက်ကြီးက နှစ်ခါ အသံကြားတယ်။ လက်နက်ငယ်လည်း နှစ်ချက်၊ သုံးချက် ကြားပြီး ငြိမ်သွားပြီ။ သေနတ်သံကြားတော့ ရွာကလူ

တွေလည်း ထွက်ပြီး သွားမကြည့်ရဲဘူး။ ဒီကြားထဲမှာ ဒီရွာနားတဝိုက် TNLA နဲ့ MNDAA တို့ ရောပြီး သွားလာနေတာတွေ့ရတယ်။ တပ်

ပေါင်းစု ပေါ့။” ဟု ပြောသည်။

ရှမ်းမြောက် တရုတ်နယ်စပ် မူဆယ်ခရိုင်တွင် ပြီးခဲ့သည့် ဇူလိုင်လဆန်းပိုင်းမှစတင်ပြီး စစ်ကောင်စီ နှင့် MNDAA တို့အကြား တိုက်ပွဲ

မကြာခဏ ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ကချင်လွတ်လပ်ရေးတပ်မတော် KIA ဖြင့်လည်း တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု သိရသည်။

တိုက်ပွဲကြောင့် မုံးကိုး၊ ဖောင်းဆိုင် နဲ့ ပန်ဆိုင်း (ကြူကုတ်) ဒေသတွင် စစ်ဘေးဒုက္ခသည် ၂၂၀၀ ကျော်ရှိနေပြီး နေရာအခက်အခဲ၊

အစားအသောက်၊ ဆေးဝါးတွေ ခက်ခဲနေတဲ့ အပြင် ကူးစက်ရောဂါ ကူးစက်မှာ စိုးရိမ်နေရတယ်လို့ စီမံခန့်ခွဲနေသူများက ပြောပါသည်။

Bum Shep
Video Crd# မျက်မြင်ဒေသခံ

Source; KNG

Zawgyi

စစ္ေကာင္စီ ရိကၡာသယ္ ကားတစ္စီး ေဖာက္ခြဲ ဖ်က္ဆီးခံရ(႐ုပ္သံ)

စက္တင္ဘာ ၁၀၊ ၂၀၂၁

ရွမ္းျပည္နယ္ေျမာက္ပိုင္း မုံးကိုး ေဖာင္းဆိုင္ဘက္ရွိ စစ္ေကာင္စီအတြက္ ရိကၡာသယ္ေဆာင္လာကားတစ္စီးသည္ နမ့္ေတာင္းနဲ႔ ပ

န္ဆိုင္း (ၾကဴကုတ္) ၾကား လုံခန္ရြာအေကြ႕တြင္ ေဖာက္ခြဲ တိုက္ခိုက္ခံရေၾကာင္း သိရသည္။

ရိကၡာမွာ စစ္ေကာင္စီ၏ပိုင္ဆိုင္မႈျဖစ္ေသာ္လည္း ကားမွာ အရပ္သားကားျဖစ္ၿပီး စစ္ေကာင္စီက ေခ်ာဆြဲကာ ပို႔ေဆာင္ခိုင္းျခင္းျ

ဖစ္သည္ဟု ေဒသခံမ်ားက ေျပာဆိုေနၾကသည္။

“ဆန္တင္တဲ့ တ႐ုတ္ တုံဖုန္းကား အေသးပါ။ ကားေမာင္းတဲ့သူလဲ အဲကားထဲမွာ ေသဆုံးေနတယ္။ စစ္ကားေတာ့ မဟုတ္ဘူး။ ကားေတာ့

လဲသြားတာ။ ဆန္တင္ထားတာ ျမင္တယ္။” ဟု အဆိုပါ လမ္းကေန ျဖတ္လာသူ မ်က္ျမင္တစ္ဦးက ေျပာသည္။

အဆိုပါ စစ္ေကာင္စီရိကၡာသယ္ကား ပစ္ခတ္တြင္ ကိုးကန႔္ တပ္မ်ားကို ေတြ႕ရၿပီး အနီးတစ္ဝိုက္တြင္ TNLA တပ္မ်ားသြားလာသည္ကိုလည္း ေ

တြ႕ရသည္ဟု ေဒသခံတစ္ဦးက ဆက္လက္ေျပာဆိုခဲ့သည္။

“လက္နက္ႀကီးက ႏွစ္ခါ အသံၾကားတယ္။ လက္နက္ငယ္လည္း ႏွစ္ခ်က္၊ သုံးခ်က္ ၾကားၿပီး ၿငိမ္သြားၿပီ။ ေသနတ္သံၾကားေတာ့ ရြာ

ကလူေတြလည္း ထြက္ၿပီး သြားမၾကည့္ရဲဘူး။ ဒီၾကားထဲမွာ ဒီရြာနားတဝိုက္ TNLA နဲ႔ MNDAA တို႔ ေရာၿပီး သြားလာေန

တာေတြ႕ရတယ္။ တပ္ေပါင္းစု ေပါ့။” ဟု ေျပာသည္။

ရွမ္းေျမာက္ တ႐ုတ္နယ္စပ္ မူဆယ္ခရိုင္တြင္ ၿပီးခဲ့သည့္ ဇူလိုင္လဆန္းပိုင္းမွစတင္ၿပီး စစ္ေကာင္စီ ႏွင့္ MNDAA တို႔အၾကား တို

က္ပြဲ မၾကာခဏ ျပင္းထန္စြာျဖစ္ပြားခဲ့ၿပီး ကခ်င္လြတ္လပ္ေရးတပ္မေတာ္ KIA ျဖင့္လည္း တိုက္ပြဲ ျဖစ္ပြားခဲ့သည္ဟု သိရသည္။

တိုက္ပြဲေၾကာင့္ မုံးကိုး၊ ေဖာင္းဆိုင္ နဲ႔ ပန္ဆိုင္း (ၾကဴကုတ္) ေဒသတြင္ စစ္ေဘးဒုကၡသည္ ၂၂၀၀ ေက်ာ္ရွိေနၿပီး ေနရာ

အခက္အခဲ၊ အစားအေသာက္၊ ေဆးဝါးေတြ ခက္ခဲေနတဲ့ အျပင္ ကူးစက္ေရာဂါ ကူးစက္မွာ စိုးရိမ္ေနရတယ္လို႔ စီမံခန႔္ခြဲေနသူမ်ားက ေျပာပါသည္။

Bum Shep

Video Crd# မ်က္ျမင္ေဒသခံ

Source; KNG