တာဝါတိုင်တွေကို မလုပ်နဲ့ တပ်ကိုလုပ် ဆိုတဲ့စကားက သူ့အတွက်တော့ အင်မတန် သဘာ၀ကျတဲ့စကားဖြစ်ပါတယ်။
တပ်သားတစ်ယောက်သေရင် ကျန်ရစ်တဲ့ သူ့ဇနီးမယား သားသမီးတွေ အဆင်ပြေဖို့ အောင်မြင့်မိုရ်မင်း ကုမ္မဏီက အဆင်သင့်။
မပေးဘဲနေရင်တောင် ရတယ်။ ဒါပေမဲ့ အောင်မြင့်မိုရ်မင်း ကုမ္မဏီက သိက္ခာနဲ့ စည်းကမ်းနဲ့ ရပ်တည်တဲ့ ကုမ္မဏီ။
တပ်မတော်သားတွေအကျိုးအတွက် ဖွင့်ထားပေးတာ။ တပ်မတော်သားတွေဟာ ငွေတန်ဖိုးနားမလည်ဘဲ ဘုန်းဘောလအော သုံးဖြုန်းပစ်
မှာစိုးလို့ လစာငွေထဲကနေ ဖြတ်ပြီး တိုးပွားအောင် စုဆောင်းပေးထားတာ။
Photo: CJ
ဘယ်နေရာမှာ ဘာကြောင့်ပဲ သေသေ။ တပ်မတော်သားတွေအတွက်ဆိုရင်လေ အပြေးကလေးရောက်လာမယ့် အောင်မြင့်မိုရ်မင်း တဲ့။ ဒါ
သူတို့ဆောင်ပုဒ်။ကျန်ရစ်သူ ဇနီးမယားက အဲဒီငွေတွေ မယူချင်ဘူးလို့ ငြင်းမရ၊ သူတို့ စုဆောင်းတိုးပွားပေးထားတဲ့ ငွေလုံးငွေရင်းကို သူ့
ဆောင်ပုဒ်အရ တာ၀န်အရ မဖြစ်မနေ အပြေးလေး ရောက်လာပေးတာပဲ။ဒီတော့ ကျန်ရစ်သူ ဇနီးမယားကလည်း အဘအတွက် အသက်စွ
န့်ရပေမယ့် ဖြေသိမ့်ရင်း ကျေနပ်ကြတာပဲ။ ကဲ အခု တာဝါတိုင်တွေ ဖျက်ဆီးခံရပြီဆိုတော့ အဘက ကိုယ့် ရှယ်ယာလည်းပါနေ။ တာ၀န်ယူ
လျော်ရမှာလည်း ကိုယ့်ဘက်က။စိတ်မတိုဘဲ နေပါ့မလား။ နင့်လင်သေတာ ငါ့လင် ပေါင်ကျိုးတာလောက် မနာပါဘူး ဆိုတဲ့ စကားပုံက
အမှန်။ စစ်သားတွေ သေတာကဘာမှမဖြစ်။ နောက်မှာ အများကြီးကျန်သေးတယ်။
အာဏာသိမ်းခေါင်းဆောင်
ဒါကြောင့် တိုက်ချင်ရင် တပ်သားတွေကို တိုက်၊ ငါ့တာဝါတိုင်တွေကို မတိုက်နဲ့ လို့ပြောတာ။ သူ့အတွက်က စစ်သား ဆယ်ယောက်ထက်
တာဝါတိုင်တစ်တိုင်ဟာ ပိုပြီးတန်ဖိုးကြီးတယ်လေ။ အဘ ဒေါသထွက်တာ သူ့အတွက် မမှားဘူး။
ကြားရတဲ့ သတင်းတွေအရတော့ စက်တင်ဘာလ ၈ ရက်တွင် ဖျက်ဆီးခံရသည့် စစ်ကောင်စီပိုင် MyTel တာဝါတိုင်ပေါင်း ၁၀ ခုကျော်ရှိပြီး
တန့်ဆည်၊ အရာတော်၊ ပခုက္ကူ၊ အောင်ပန်းနှင့် ဖယ်ခုံမြို့နယ်အတွင်းတွင် ဖျက်ဆီးခံခဲ့ရတယ်လို့ ဆိုပါတယ်။
ပခုက္ကူမြို့ အမှတ် ၃ ရပ်ကွက် အ.မ.က ၁၇ ကျောင်းအနောက်ဘက်ရှိ စစ်ကောင်စီပိုင် MyTel တာဝါတိုင်အား စက်တင်ဘာလ ၉ ရက်
နံနက် ၄ နာရီခန့်တွင် ဒေသကာကွယ်ရေးအဖွဲ့ PKU N PDF မှ မီးရှို့ဖျက်ဆီးလိုက်တယ်လို့ ဆိုပါတယ်။
အလားတူ တန့်ဆည်ရှိ MyTel တာဝါတိုင် ၂ တိုင်နှင့် အောင်ပန်းရှိ MyTel ဆက်သွယ်ရေးရုံးအတွင်း ပျက်စီးမှုများဖြစ်ပွားခဲ့ပါတယ်။
ဒါ့အပြင် အရာတော်မြို့နယ်ရှိ စစ်ကောင်စီပိုင် Mytel တယ်လီဖုန်းဆက်သွယ်ရေး တာဝါတိုင် ၁၁ ခုကို ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း အရာ
တော်မြို့နယ် တော်လှန်ရေးအင်အားစုများက ယနေ့ စက်တင်ဘာ ၁၀ ရက် တွင် ကြေညာထားသည်။အရာတော်မြို့နယ်အတွင်းအရှိ
Mytel တာဝါတိုင်များကို စက်တင်ဘာ ၉ ရက် ညက ဖောက်ခွဲဖျက်ဆီးခဲ့ရာ မြို့နယ်အတွင်းရှိ မြောက်လက်ဒေသ မှ Mytel တာဝါတိုင်
လေးခု ပေါက်ကွဲမီးလောင် ပျက်စီးသွားခဲ့ကြောင်း အရာတော် PDF က ပြောဆိုထားကြောင်း သိရပါတယ်။
Zawgyi
တာဝါတိုင္ေတြကို မလုပ္နဲ႔ တပ္ကိုလုပ္ ဆိုတဲ့စကားက သူ႔အတြက္ေတာ့ အင္မတန္ သဘာ၀က်တဲ့စကားျဖစ္ပါတယ္။
တပ္သားတစ္ေယာက္ေသရင္ က်န္ရစ္တဲ့ သူ႔ဇနီးမယား သားသမီးေတြ အဆင္ေျပဖို႔ ေအာင္ျမင့္မိုရ္မင္း ကုမၼဏီက အဆင္သင့္။
မေပးဘဲေနရင္ေတာင္ ရတယ္။ ဒါေပမဲ့ ေအာင္ျမင့္မိုရ္မင္း ကုမၼဏီက သိကၡာနဲ႔ စည္းကမ္းနဲ႔ ရပ္တည္တဲ့ ကုမၼဏီ။
တပ္မေတာ္သားေတြအက်ိဳးအတြက္ ဖြင့္ထားေပးတာ။ တပ္မေတာ္သားေတြဟာ ေငြတန္ဖိုးနားမလည္ဘဲ ဘုန္းေဘာလေအာ သုံးျဖဳန္းပ
စ္မွာစိုးလို႔ လစာေငြထဲကေန ျဖတ္ၿပီး တိုးပြားေအာင္ စုေဆာင္းေပးထားတာ။
ဘယ္ေနရာမွာ ဘာေၾကာင့္ပဲ ေသေသ။ တပ္မေတာ္သားေတြအတြက္ဆိုရင္ေလ အေျပးကေလးေရာက္လာမယ့္ ေအာင္ျမင့္မိုရ္မ
င္း တဲ့။ ဒါ သူတို႔ေဆာင္ပုဒ္။
က်န္ရစ္သူ ဇနီးမယားက အဲဒီေငြေတြ မယူခ်င္ဘူးလို႔ ျငင္းမရ၊ သူတို႔ စုေဆာင္းတိုးပြားေပးထားတဲ့ ေငြလုံးေငြရင္းကို သူ႔ေဆာ
င္ပုဒ္အရ တာဝန္အရ မျဖစ္မေန အေျပးေလး ေရာက္လာေပးတာပဲ။
ဒီေတာ့ က်န္ရစ္သူ ဇနီးမယားကလည္း အဘအတြက္ အသက္စြန႔္ရေပမယ့္ ေျဖသိမ့္ရင္း ေက်နပ္ၾကတာပဲ။ ကဲ အခု တာဝါတိုင္ေ
တြ ဖ်က္ဆီးခံရၿပီဆိုေတာ့ အဘက ကိုယ့္ ရွယ္ယာလည္းပါေန။ တာဝန္ယူ ေလ်ာ္ရမွာလည္း ကိုယ့္ဘက္က။
စိတ္မတိုဘဲ ေနပါ့မလား။ နင့္လင္ေသတာ ငါ့လင္ ေပါင္က်ိဳးတာေလာက္ မနာပါဘူး ဆိုတဲ့ စကားပုံက အမွန္။ စစ္သားေတြ ေသတာကဘာ
မွမျဖစ္။ ေနာက္မွာ အမ်ားႀကီးက်န္ေသးတယ္။
ဒါေၾကာင့္ တိုက္ခ်င္ရင္ တပ္သားေတြကို တိုက္၊ ငါ့တာဝါတိုင္ေတြကို မတိုက္နဲ႔ လို႔ေျပာတာ။ သူ႔အတြက္က စစ္သား ဆယ္ေယာက္ထက္
တာဝါတိုင္တစ္တိုင္ဟာ ပိုၿပီးတန္ဖိုးႀကီးတယ္ေလ။ အဘ ေဒါသထြက္တာ သူ႔အတြက္ မမွားဘူး။
ၾကားရတဲ့ သတင္းေတြအရေတာ့ စက္တင္ဘာလ ၈ ရက္တြင္ ဖ်က္ဆီးခံရသည့္ စစ္ေကာင္စီပိုင္ MyTel တာဝါတိုင္ေပါင္း ၁၀ ခုေက်ာ္ရွိၿ
ပီး တန႔္ဆည္၊ အရာေတာ္၊ ပခုကၠဴ၊ ေအာင္ပန္းႏွင့္ ဖယ္ခုံၿမိဳ႕နယ္အတြင္းတြင္ ဖ်က္ဆီးခံခဲ့ရတယ္လို႔ ဆိုပါတယ္။
ပခုကၠဴၿမိဳ႕ အမွတ္ ၃ ရပ္ကြက္ အ.မ.က ၁၇ ေက်ာင္းအေနာက္ဘက္ရွိ စစ္ေကာင္စီပိုင္ MyTel တာဝါတိုင္အား စက္တင္ဘာလ ၉ ရက္ နံနက္ ၄ နာရီခ
န႔္တြင္ ေဒသကာကြယ္ေရးအဖြဲ႕ PKU N PDF မွ မီးရွို႔ဖ်က္ဆီးလိုက္တယ္လို႔ ဆိုပါတယ္။
အလားတူ တန႔္ဆည္ရွိ MyTel တာဝါတိုင္ ၂ တိုင္ႏွင့္ ေအာင္ပန္းရွိ MyTel ဆက္သြယ္ေရး႐ုံးအတြင္း ပ်က္စီးမႈမ်ားျဖစ္ပြားခဲ့ပါတယ္။
ဒါ့အျပင္ အရာေတာ္ၿမိဳ႕နယ္ရွိ စစ္ေကာင္စီပိုင္ Mytel တယ္လီဖုန္းဆက္သြယ္ေရး တာဝါတိုင္ ၁၁ ခုကို ေဖာက္ခြဲဖ်က္ဆီးခဲ့ေၾကာင္း အ
ရာေတာ္ၿမိဳ႕နယ္ ေတာ္လွန္ေရးအင္အားစုမ်ားက ယေန႔ စက္တင္ဘာ ၁၀ ရက္ တြင္ ေၾကညာထားသည္။
အရာေတာ္ၿမိဳ႕နယ္အတြင္းအရွိ Mytel တာဝါတိုင္မ်ားကို စက္တင္ဘာ ၉ ရက္ ညက ေဖာက္ခြဲဖ်က္ဆီးခဲ့ရာ ၿမိဳ႕နယ္အတြင္းရွိ ေျမာက္လ
က္ေဒသ မွ Mytel တာဝါတိုင္ ေလးခု ေပါက္ကြဲမီးေလာင္ ပ်က္စီးသြားခဲ့ေၾကာင္း အရာေတာ္ PDF က ေျပာဆိုထားေၾကာ
င္း သိရပါတယ္။