ၾကားသိသမွ်
လက်နက်ကြီးဖြင့် ပစ်ခတ်ခံရတဲ့ ထောက်ကြန့်ရှိ တပ်မ ၇၇ လက်အောက်ခံ တပ်ရင်း ၁၀၆
ထောက်ကြန့်ရှိ တပ်မ ၇၇ လက်အောက်ခံ တပ်ရင်း ၁၀၆ လက်နက်ကြီးဖြင့် ပစ်ခတ်ခံရ
စက်တင်ဘာ ၁၀
ယနေ့ စက်တင်ဘာ (၁၀)ရက် နံနက်အစောပိုင်း ၂နာရီဝန်းကျင်ခန့်တွင် ထောက်ကြန့် လှော်ကားလမ်းဆုံအနီးက
တပ်မ (၇၇) အမှတ် (၁၀၆) တပ်အတွင်းထဲသို့ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ရန်ကုန်အခြေစိုက်
Burma GunStars အဖွဲ့က ထုတ်ပြန်ခဲ့သည်။တပ်မ ၇၇ က စစ်ခွေးတွေဟာ ပြည်သူကို မတရားအနိုင်ကျင့်ပြီး
ရက်စက်ကြမ်းကြုတ်မှုတွေအပြင် ပြည်သူကျွေးတဲ့ထမင်းစားပြီး ပြည်သူကို ပြန်စော်ကားနေတဲ့အတွက် တပ်လှန့်
သတိပေးတဲ့သဘော ပစ်ပြခဲ့တာဟု Burma GunStars အဖွဲ့ဝင်တစ်ဦးက ၎င်းရဲ့ ဖေ့ဘုတ်ပေါ်ကနေ ရေးသားထားတာတွေ့ရသည်။
“ဒါအကင်းပဲရှိသေးတယ်။ ဒီ့ထက်လုပ်ပြနိုင်တာတွေ လုပ်ပြဦးမှာ။ စစ်ခွေးတွေကို အမှုန့်ကြိတ်ပြမယ်လို့လည်း
ရေးသားထားသည်။ ပေါက်ကွဲမှုကျယ်လောင်သော်လည်း အထိအခိုက်အပျက်အစီးကို မသိရှိရသေးဟု ၄င်းကဆိုသည်။
“ခါတိုင်းရက်တွေဆို မနက်မလင်းခင် ဘယ်ကားမှမပတ်ဘူး အခုမနက်ကျမှ မိုးမလင်းခင်တည်းက သူတို့စစ်ကားသံတွေ
ကြားနေရတယ်။ ကျွန်တော်တို့ ပစ်လိုက်တဲ့ လက်နက်ကြီးကြောင့် သူတို့ တော်တော်တော့ တုန်လှုပ်ပြီး ပျာယာခတ်သွားကြတယ်။
စစ်ကားတွေ ပတ်မောင်းနေကြတယ်”
လို့ လက်နက်ကြီးဖြင့် တပ်မ ၇၇ ကို သွားရောက်ပစ်ခတ်ဆုံးမခဲ့သော Burma GunStars အဖွဲ့သားတစ်ဦးကပြောပြသည်။
Zawgyi
စက်တင်ဘာ ၁၀
ကြားနေရတယ်။ ကျွန်တော်တို့ ပစ်လိုက်တဲ့ လက်နက်ကြီးကြောင့် သူတို့ တော်တော်တော့ တုန်လှုပ်ပြီး ပျာယာခတ်သွာြး