ၾကားသိသမွ်

ဘက်နက်(Bayonet)သမိုင်းကြောင်း တစေ့တစောင်း နှင့် ကျောက်မီးသေနတ်အကြောင်း

ဘက်နက်ဆိုတာတော့ လူတိုင်းသိကြမှာပါ။ သေနတ်ထိပ်မှာ တပ်ထားတဲ့ ဓားမြှောင်လေးပါ။ကိုယ်တွေနိုင်ငံမှာတော့ လှံစွပ်လို့ ခေါ်ပါတယ်။

စခန်းသိမ်းတိုက်ပွဲတွေ၊ အနီးကပ်တိုက်ပွဲတွေမှာ အဓိက အသုံးပြုကြတာပါ။ ဘက်နက်ရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်ကတော့

သေနတ်ကို ချွန်ထက်သော အရာအဖြစ် ပြောင်းလဲပေးတဲ့ အရာတခုပါ။ ဘက်နက်ကို အသုံးပြုတာက လွန်ခဲ့တဲ့ အနှစ်၄၀၀ ၊

၁၇ရာစုကတည်းကပါ။ ဘက်နက်ဟာလည်း စတင်ပေါ်ပေါက်လာချိန်ကတည်းက ယနေ့အထိ ဒီဇိုင်းမျိုးစုံ ပြောင်းလဲခဲ့ပါတယ်။

ဘက်နက်တွေ မပေါ်ခင်တုန်းက ခြေလျင်တပ်တွေမှာ လှံကိုင်တပ်နဲ့ သေနတ်ကိုင်တပ်ဟူ၍ နှစ်မျိုးဖွဲ့စည်းခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့

သေနတ်ကိုင် တပ်သားတွေဟာ ဓားတွေ၊ လှံတွေ တခါတည်း ဆောင်လာကြပါတယ်။ အဲ့ဒီမှာ ပြဿနာတခုကတော့ ခံစစ်ဘက်က

ခြေလျင်တပ်တွေဟာ လှံတွေ၊ ဓားတွေပဲ ကိုင်ပြီး တိုက်ကြတဲ့အတွက် ပစ်အားက မရှိတော့တဲ့အပြင် သေနတ်ကိုင်ပြီး ပစ်ပြန်ရင်လည်း

ရန်သူ့မြင်းတပ်လက်မှာ ကားကနဲကြွကြပြန်ရော။အဲ့ဒီပြဿနာကို ဖြေရှင်းဖို့ နည်းလမ်းရှာကြရင်း ဘက်နက် ပေါ်ပေါက်လာပါတော့တယ်။

ဘက်နက်ဆိုတဲ့နာမည်ဟာ ပြင်သစ်တောင်ပိုင်းက ရွာတရွာဖြစ်တဲ့ Bayonne ကနေ ဆင်းသက်လာပါတယ်။ အဲ့ဒီရွာကလူတွေဟာ

သေနတ်ပြောင်းဝမှာ ဓားမြှောင်တွေကိုတပ်ပြီး ဝက်ဝံတွေကို အနီးကပ် တိုက်ခိုက်ရာမှာ အသုံးပြုပါတယ်။ ဓားမြှောင်ရိုးကို မတ်စကက်

သေနတ်ပြောင်းဝထဲ ထည့်လို့ ရအောင် ပြုလုပ်ထားတဲ့ ထိုဓားမြှောင် အမျိုးအစားဟာ ထိုဒေသတဝိုက်က မုဆိုးတွေ အကြိုက်တွေ့ကြကာ

နာမည်ကျော်လာပါတယ်။ ၆၄၇ခုနှစ် ဝန်းကျင်လောက်မှာ ပြင်သစ်တပ်မတော်တွင် အသုံးပြုရန် ဝယ်ယူခဲ့ပြီး ဒတ်ခ်ျတပ်မတော်ကတော့

ထိုဓားအမျိုးအစားကို ပြင်သစ်တပ်ထက်စော၍ အသုံးပြုခဲ့ပါတယ်။

ထိုဘက်နက်အမျိုးအစားကိုတော့ စွပ်ဘက်နက် (plug bayonnet)ဟုခေါ်ဝေါ်ကြကာ ပြင်သစ်တပ်က အသုံးပြုပြီး ၁၆နှစ်အကြာတွင်မှ ဗြိ

တိန်တို့က မွမ်းမံ၍ အသုံးပြုခဲ့ကြပါတယ်။ ထိုဘက်နက်ဟာ အရိုးအသွား၁၂ လက်မခန့် ရှည်လျားကာ ဓားသွားမှာ အလယ်ခေတ် ပုံစံဖြစ်ပါ

တယ်။ အားနည်းချက် အနေနဲ့ကတော့ သေနတ်ပြောင်းဝထဲ ထည့်ထားရတဲ့အတွက် ဘက်နက်အသုံးပြုစဉ် သေနတ်ပစ်လို့ မရတာပါပဲ။ စ

ကော့တလန်အရာရှိဟောင်း မက်ကေးဟာ ဓားမြှောင်အရိုးပေါ်မှာကွင်းနှစ်ကွင်းတပ်ထားတဲ့ လှံစွပ်ပုံစံအသစ်တခုကို ဖန်တီးခဲ့ပြန်ပါတယ်။

ထိုလှံစွပ်ဟာ သေနတ်ပြောင်းဝအပေါ်တွင် စွပ်ထားရတဲ့အတွက်

အသုံးပြုစဉ်မှာလည်း သေနတ်ပစ်ခတ်နိုင်ပါတယ်။ ထိုဘက်နက်အမျိုးအစားကိုတော့ ကွင်းဘက်နက် (ring bayonnet)ဟု ခေါ်ဝေါ်ပြီး

အားနည်းချက်ကတော့ လော့မပါတဲ့အတွက် အောက်စိုက်ထားလျင်ဖြစ်စေ၊ ရန်သူ့ကို ထိုးလိုက်လျင်ဖြစ်စေ ပြုတ်သွားတတ်တာပါပဲ။

၁၈ရာစုအလယ်ပိုင်းမှာတော့ ဆော့ကတ်ဘက်နက် (socket bayonnet) ကို တီထွင်အသုံးပြုခဲ့ကြပြီး ထိုဘက်နက်လက်ကိုင်မှာ

အခေါင်းပုံစံဖြစ်ပါတယ်။သေနတ်ပြောင်းဝတွင် စွပ်၍ လော့ချနိုင်ပြီး အဆင်ပြေပြေ အသုံးပြုနိုင်ပါတယ်။ အစောပိုင်းဘက်နက်တွေဟာ

မြင်းတပ်ရန်ကို ကာကွယ်ရန် အဓိကထားသောကြောင့် ဘက်နက်က ိုရှည်နိုင်သမျှရှည်အောင် ထုတ်လုပ်ထားခဲ့ကြပါတယ်။

ထို့နောက်မှာတော့ မြင်းတပ်ရဲ့ခေတ်ဟာ တဖြည်းဖြည်း ကုန်လာတာနဲ့အညီ စစ်သားတွေဟာလည်း ဘက်နက်ကို ကြိုးဖြတ်ရန်၊

စည်သွပ်ဘူးဖောက်ရန် စသဖြင့် အမျိုးစုံ အသုံးချလာကြပါတယ်။

ထို့အတွက် ဘက်နက်အရှည်ကို လျှော့ချလာခဲ့ကြပါတယ်။ ပထမကမ္ဘာစစ်အတွင်းက ဘက်နက်အရှည်မှာ ၁၇လက်မခန့်ရှိရာမှ ဒုတိယ

ကမ္ဘာစစ်စတင်သောအခါ ဘက်နက်အရှည်မှာ ၆.၅ လက်မခန့်သာ ရှိပါတော့တယ်။ လက်နက်နည်းပညာ တိုးတက်လာတာနဲ့အညီ ၂၀ ရာစု

မှာတော့ဘက်နက်တွေကို ခြေလျင်စစ်သည်တွေအတွက် ဘက်စုံသုံးဖြစ်အောင် မွမ်းမံထုတ်လုပ်လာခဲ့ကြပါတယ်။

ကျောက်မီးသေနတ်

တူမီးသေနတ်(Musket)ဝေါဟာရမှ မြန်မာဆိုရိုးစကား ”ချက်ခနဲဆိုနားခွက်ကမီးတောက် ”

ကျောက်မီးသေနတ်ကို ပစ်လိုသောအခါ ပြောင်းရှေ့ပေါက်မှ ယမ်းများကို သိပ်ထိုးပြီးလျှင်ခဲလုံးနှင့် ကာပတ်ကို ထိုးတံနှင့် ထိုးသွင်း၍

ကျပ်နေအောင် ဆောင့်ရသည်။ ယင်းသို့ပြုပြီးသော်နားခွက်ဟု ခေါ်သော ပြောင်းနောက် လက်ယာဘက် အောက်ပိုင်းတွင် တပ်ဆင်ထား

သောခွက်ပမာ သံပြားလေးပေါ်သို့ ယမ်းအနည်းငယ် ပုံရလေသည်။ ၎င်းနားခွက် အပေါ်နားမှ ကပ်လျက် ပြောင်းအတွင်း၌ရှိသော ယမ်းများ

ကိုမီးကူးစေရန် ဖောက်ထားသော နားပေါက်ခေါ် အပေါက်ငယ်လေး တခု ရှိလေသည်။ ယင်းကဲ့သို့ ပြင်ဆင်ပြီး၍ အသင့်ရှိသောအခါ

မီးခတ်ကျောက် တပ်ထားသော မီးမောင်းကို နောက်သို့ ဆွဲတင်ထားရလေသည်။ ပစ်ဖောက်လိုသောအခါ လက်လှုပ်ကို ဆွဲဖြုတ်ခြင်း

အားဖြင့်တပြိုင်နက် မီးမောင်းသည် အခွက်ရှေ့က အုပ်ကာထားသော လက်ဝါးကာ(ခေါ်)သံခလုပ်ကို သွား၍ ခတ်သဖြင့် မီးပွင့်ပြီးလျှင်

နားခွက်ထဲ၌ရှိသော ယမ်းများကို မီးတောက်စေသည်။ နားခွက်က ယမ်းများ မီးတောက်သောအခါ နားပေါက်မှ မီးကူး၍ ပြောင်းအတွင်း၌ရှိ

သော ယမ်းများမီးတောက်ပြန်သဖြင့် ကျည်ဆန်ထွက်သွား၍ သေနက်ပစ်ပြီး ဖြစ်လေသည်။ ယင်းကဲ့သို့ လက်လှုပ်ကို ဖြုတ်သဖြင့် မီးမောင်း

က လက်ဝါးကာနှင့်တိုက်ခတ်၍ ချက်ခနဲ ဟူသော အသံကို မြည်ပြီးလျှင် မီးပွင့်လျက် နားခွက်၌ ရှိသော ယမ်းများ မီးတောက်လာသည်ကို

အစွဲပြု၍ “ချက်ခနဲဆိုနားခွက်မှ မီးတောက်သည်” ဆိုသော စကားပုံ ဖြစ်လာပါသည်။

(ကောက်နုတ် ရွှေကိုင်းသား၏ ရှေးခေတ်စစ်လက်နက်များ)

Zawgyi

ဘက္နက္ဆိုတာေတာ့ လူတိုင္းသိၾကမွာပါ။ ေသနတ္ထိပ္မွာ တပ္ထားတဲ့ ဓားေျမႇာင္ေလးပါ။ကိုယ္ေတြနိုင္ငံမွာေတာ့ လွံစြပ္လို႔ ေခၚပါတယ္။စခန္းသိမ္းတိုက္ပြဲေတြ၊ အနီးကပ္တိုက္ပြဲေတြမွာ အဓိက အသုံးျပဳၾကတာပါ။

ဘက္နက္ရဲ့ အဓိပၸါယ္ဖြင့္ဆိုခ်က္ကေတာ့ေသနတ္ကို ခၽြန္ထက္ေသာ အရာအျဖစ္ ေျပာင္းလဲေပးတဲ့ အရာတခုပါ။ ဘက္နက္ကို အသုံးျပဳတာက လြန္ခဲ့တဲ့ အႏွစ္၄၀၀ ၊၁၇ရာစုကတည္းကပါ။ ဘက္နက္ဟာလည္း စတင္ေပၚေပါက္လာခ်ိန္ကတည္းက ယေန႔အထိ ဒီဇိုင္းမ်ိဳးစုံ ေျပာင္းလဲခဲ့ပါတယ္။

ဘက္နက္ေတြ မေပၚခင္တုန္းက ေျခလ်င္တပ္ေတြမွာ လွံကိုင္တပ္နဲ႔ ေသနတ္ကိုင္တပ္ဟူ၍ ႏွစ္မ်ိဳးဖြဲ႕စည္းခဲ့ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ေသနတ္ကိုင္ တပ္သားေတြဟာ ဓားေတြ၊ လွံေတြ တခါတည္း ေဆာင္လာၾကပါတယ္။

အဲ့ဒီမွာ ျပႆနာတခုကေတာ့ ခံစစ္ဘက္ကေျခလ်င္တပ္ေတြဟာ လွံေတြ၊ ဓားေတြပဲ ကိုင္ၿပီး တိုက္ၾကတဲ့အတြက္ ပစ္အားက မရွိေတာ့တဲ့အျပင္ ေသနတ္ကိုင္ၿပီး ပစ္ျပန္ရင္လည္းရန္သူ႔ျမင္းတပ္လက္မွာ ကားကနဲႂကြၾကျပန္ေရာ။

အဲ့ဒီျပႆနာကို ေျဖရွင္းဖို႔ နည္းလမ္းရွာၾကရင္း ဘက္နက္ ေပၚေပါက္လာပါေတာ့တယ္။ဘက္နက္ဆိုတဲ့နာမည္ဟာ ျပင္သစ္ေတာင္ပိုင္းက ရြာတရြာျဖစ္တဲ့ Bayonne ကေန ဆင္းသက္လာပါတယ္။

အဲ့ဒီရြာကလူေတြဟာေသနတ္ေျပာင္းဝမွာ ဓားေျမႇာင္ေတြကိုတပ္ၿပီး ဝက္ဝံေတြကို အနီးကပ္ တိုက္ခိုက္ရာမွာ အသုံးျပဳပါတယ္။

ဓားေျမႇာင္ရိုးကို မတ္စကက္ေသနတ္ေျပာင္းဝထဲ ထည့္လို႔ ရေအာင္ ျပဳလုပ္ထားတဲ့ ထိုဓားေျမႇာင္ အမ်ိဳးအစားဟာ ထိုေဒသတဝိုက္က မုဆိုးေတြ အႀကိဳက္ေတြ႕ၾကကာနာမည္ေက်ာ္လာပါတယ္။

၆၄၇ခုႏွစ္ ဝန္းက်င္ေလာက္မွာ ျပင္သစ္တပ္မေတာ္တြင္ အသုံးျပဳရန္ ဝယ္ယူခဲ့ၿပီး ဒတ္ခ္်တပ္မေတာ္ကေတာ့ထိုဓားအမ်ိဳးအစားကို ျပင္သစ္တပ္ထက္ေစာ၍ အသုံးျပဳခဲ့ပါတယ္။

ထိုဘက္နက္အမ်ိဳးအစားကိုေတာ့ စြပ္ဘက္နက္ (plug bayonnet)ဟုေခၚေဝၚၾကကာ ျပင္သစ္တပ္က အသုံးျပဳၿပီး ၁၆ႏွစ္အၾကာတြင္မွ ၿဗိတိန္တို႔က မြမ္းမံ၍ အသုံးျပဳခဲ့ၾကပါတယ္။

ထိုဘက္နက္ဟာ အရိုးအသြား၁၂ လက္မခန႔္ ရွည္လ်ားကာ ဓားသြားမွာ အလယ္ေခတ္ ပုံစံျဖစ္ပါတယ္။ အားနည္းခ်က္ အေနနဲ႔ကေတာ့ ေသနတ္ေျပာင္းဝထဲ ထည့္ထားရတဲ့အတြက္ ဘက္နက္အသုံးျပဳစဥ္ ေသနတ္ပစ္လို႔ မရတာပါပဲ။

စေကာ့တလန္အရာရွိေဟာင္း မက္ေကးဟာ ဓားေျမႇာင္အရိုးေပၚမွာကြင္းႏွစ္ကြင္းတပ္ထားတဲ့ လွံစြပ္ပုံစံအသစ္တခုကို ဖန္တီးခဲ့ျပန္ပါတယ္။ထိုလွံစြပ္ဟာ ေသနတ္ေျပာင္းဝအေပၚတြင္ စြပ္ထားရတဲ့အတြက္အသုံးျပဳစဥ္မွာလည္း ေသနတ္ပစ္ခတ္နိုင္ပါတယ္။

ထိုဘက္နက္အမ်ိဳးအစားကိုေတာ့ ကြင္းဘက္နက္ (ring bayonnet)ဟု ေခၚေဝၚၿပီးအားနည္းခ်က္ကေတာ့ ေလာ့မပါတဲ့အတြက္ ေအာက္စိုက္ထားလ်င္ျဖစ္ေစ၊ ရန္သူ႔ကို ထိုးလိုက္လ်င္ျဖစ္ေစ ျပဳတ္သြားတတ္တာပါပဲ။

၁၈ရာစုအလယ္ပိုင္းမွာေတာ့ ေဆာ့ကတ္ဘက္နက္ (socket bayonnet) ကို တီထြင္အသုံးျပဳခဲ့ၾကၿပီး ထိုဘက္နက္လက္ကိုင္မွာအေခါင္းပုံစံျဖစ္ပါတယ္။ေသနတ္ေျပာင္းဝတြင္ စြပ္၍ ေလာ့ခ်နိုင္ၿပီး အဆင္ေျပေၿပ အသုံးျပဳနိုင္ပါတယ္။ အေစာပိုင္းဘက္နက္ေတြဟာျမင္းတပ္ရန္ကို ကာကြယ္ရန္ အဓိကထားေသာေၾကာင့္ ဘက္နက္က ိုရွည္နိုင္သမၽွရွည္ေအာင္ ထုတ္လုပ္ထားခဲ့ၾကပါတယ္။

ထို႔ေနာက္မွာေတာ့ ျမင္းတပ္ရဲ့ေခတ္ဟာ တျဖည္းျဖည္း ကုန္လာတာနဲ႔အညီ စစ္သားေတြဟာလည္း ဘက္နက္ကို ႀကိဳးျဖတ္ရန္၊

စည္သြပ္ဘူးေဖာက္ရန္ စသျဖင့္ အမ်ိဳးစုံ အသုံးခ်လာၾကပါတယ္။

ထို႔အတြက္ ဘက္နက္အရွည္ကို ေလၽွာ့ခ်လာခဲ့ၾကပါတယ္။ ပထမကမၻာစစ္အတြင္းက ဘက္နက္အရွည္မွာ ၁၇လက္မခန႔္ရွိရာမွ ဒုတိယကမၻာစစ္စတင္ေသာအခါ ဘက္နက္အရွည္မွာ ၆.၅ လက္မခန႔္သာ ရွိပါေတာ့တယ္။ လက္နက္နည္းပညာ တိုးတက္လာတာနဲ႔အညီ ၂၀ ရာစုမွာေတာ့ဘက္နက္ေတြကို ေျခလ်င္စစ္သည္ေတြအတြက္ ဘက္စုံသုံးျဖစ္ေအာင္ မြမ္းမံထုတ္လုပ္လာခဲ့ၾကပါတယ္။

ေက်ာက္မီးေသနတ္

တူမီးေသနတ္(Musket)ေဝါဟာရမွ ျမန္မာဆိုရိုးစကား ”ခ်က္ခနဲဆိုနားခြက္ကမီးေတာက္ ”ေက်ာက္မီးေသနတ္ကို ပစ္လိုေသာအခါ ေျပာင္းေရွ႕ေပါက္မွ ယမ္းမ်ားကို သိပ္ထိုးၿပီးလၽွင္ခဲလုံးႏွင့္ ကာပတ္ကို ထိုးတံႏွင့္ ထိုးသြင္း၍က်ပ္ေနေအာင္ ေဆာင့္ရသည္။

ယင္းသို႔ျပဳၿပီးေသာ္နားခြက္ဟု ေခၚေသာ ေျပာင္းေနာက္ လက္ယာဘက္ ေအာက္ပိုင္းတြင္ တပ္ဆင္ထားေသာခြက္ပမာ သံျပားေလးေပၚသို႔ ယမ္းအနည္းငယ္ ပုံရေလသည္။

၎နားခြက္ အေပၚနားမွ ကပ္လ်က္ ေျပာင္းအတြင္း၌ရွိေသာ ယမ္းမ်ားကိုမီးကူးေစရန္ ေဖာက္ထားေသာ နားေပါက္ေခၚ အေပါက္ငယ္ေလး တခု ရွိေလသည္။ ယင္းကဲ့သို႔ ျပင္ဆင္ၿပီး၍ အသင့္ရွိေသာအခါမီးခတ္ေက်ာက္ တပ္ထားေသာ မီးေမာင္းကို ေနာက္သို႔ ဆြဲတင္ထားရေလသည္။

ပစ္ေဖာက္လိုေသာအခါ လက္လႈပ္ကို ဆြဲျဖဳတ္ျခင္းအားျဖင့္တၿပိဳင္နက္ မီးေမာင္းသည္ အခြက္ေရွ႕က အုပ္ကာထားေသာ လက္ဝါးကာ(ေခၚ)သံခလုပ္ကို သြား၍ ခတ္သျဖင့္ မီးပြင့္ၿပီးလၽွင္နားခြက္ထဲ၌ရွိေသာ ယမ္းမ်ားကို မီးေတာက္ေစသည္။

နားခြက္က ယမ္းမ်ား မီးေတာက္ေသာအခါ နားေပါက္မွ မီးကူး၍ ေျပာင္းအတြင္း၌ရွိေသာ ယမ္းမ်ားမီးေတာက္ျပန္သျဖင့္ က်ည္ဆန္ထြက္သြား၍ ေသနက္ပစ္ၿပီး ျဖစ္ေလသည္။

ယင္းကဲ့သို႔ လက္လႈပ္ကို ျဖဳတ္သျဖင့္ မီးေမာင္းက လက္ဝါးကာႏွင့္တိုက္ခတ္၍ ခ်က္ခနဲ ဟူေသာ အသံကို ျမည္ၿပီးလၽွင္ မီးပြင့္လ်က္ နားခြက္၌ ရွိေသာ ယမ္းမ်ား မီးေတာက္လာသည္ကိုအစြဲျပဳ၍ “ခ်က္ခနဲဆိုနားခြက္မွ မီးေတာက္သည္” ဆိုေသာ စကားပုံ ျဖစ္လာပါသည္။

(ေကာက္ႏုတ္ ေရႊကိုင္းသား၏ ေရွးေခတ္စစ္လက္နက္မ်ား)