၈ မိုင်ခြံတွင် စကစ မှဝင်ရောက်ဖမ်းဆီးခြင်းခံရသည့် အဆိုတော် ဇော်ဝင်းထွဋ်၏ သားဖြစ်သူ အဆိုတော်အီတိုး
အဆိုတော် အီတိုးကို အကြမ်းဖက်္မှု့များတွင် ပါဝင်သည်ဟုဆိုကာ စက်တင်ဘာ ၈ ရက်နေ့က ၎င်းနေထိုင်သည့် ရန်ကုန်တိုင်းဒေသကြီး၊ မ
ရမ်းကုန်းမြို့နယ်အတွင်းက ၈ မိုင်ရှိ ခြံဝန်းတွင် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း နီးစပ်သူများထံမှ သိရှိရပါသည်။
အဆိုတော် ဇော်ဝင်းထွဋ်၏ သားဖြစ်သူ အဆိုတော်အီတိုးကို ၈ မိုင်ခြံတွင် ဝင်ရောက်ဖမ်းဆီးခဲ့ပြီးနောက် ၉ မိုင်ရှိ ခြံဝန်းတစ် ခု အတွင်းက
အီတိုးနှင့်ဆက်စပ်သူ လူငယ်များကိုလည်း ဖမ်းဆီးသွားကြောင်း နီးစပ်သူများက ဆိုပါသည်။
အမည်မဖော်လိုသူ နီးစပ်သူ တစ်ဦးက “ အဆိုတော် အီတိုးတို့အဖွဲ့ကို အကြမ်း ဖက်္မှု့မှာ ပါဝင်တာကြောင့်ဆိုပြီးတော့ ဖမ်းဆီးသွားတာလို့
ကြားရတယ်။ ဒါပေမယ့် လက်နက်တွေနဲ့အတူ ဖမ်းဆီးခံရတာမဟုတ်ဘူး၊ ခြံဝန်းအတွင်းမှာရှိတဲ့ လူ တွေ အားလုံးကို စကစ မှခေါ်သွားတာ
ဖြစ်ပါတယ်။ ၉ မိုင်ခြံဝန်းကို မနက် ၄ နာရီမှာ ရောက်လာပြီးတော့ ခြံဝန်းထဲကလူတွေကို ခေါ်သွားတာ အခုထိ ဖမ်းထားတာ အဆက်
အသွယ် မရသေးဘူး”ဟု ပြောကြားထားပါသည်။
အဆိုပါ ဖမ်းဆီးခံရသူများမှာ အနည်းဆုံး လူ ၅ ဦးခန့် ရှိကြောင်း သိရသည်။အီတိုးနှင့်နီးစပ်သူအသိုင်းအဝိုင်း၏ ပြောကြားချက်များအရ အီ
တိုးကို ရေကြည်အိုင်သို့ ခေါ်ဆောင်သွားကြောင်း သိရှိရပါသည်။
Zawgyi
၈ မိုင္ၿခံတြင္ စကစ မွဝင္ေရာက္ဖမ္းဆီးျခင္းခံရသည့္ အဆိုေတာ္ ေဇာ္ဝင္းထြဋ္၏ သားျဖစ္သူ အဆိုေတာ္အီတိုး
အဆိုေတာ္ အီတိုးကို အၾကမ္းဖက္ၼႈ႔မ်ားတြင္ ပါဝင္သည္ဟုဆိုကာ စက္တင္ဘာ ၈ ရက္ေန႔က ၎ေနထိုင္သည့္ ရန္ကုန္တိုင္းေဒသႀကီး၊ မရ
မ္းကုန္းၿမိဳ႕နယ္အတြင္းက ၈ မိုင္ရွိ ၿခံဝန္းတြင္ ဖမ္းဆီးခံရျခင္းျဖစ္ေၾကာင္း နီးစပ္သူမ်ားထံမွ သိရွိရပါသည္။
အဆိုေတာ္ ေဇာ္ဝင္းထြဋ္၏ သားျဖစ္သူ အဆိုေတာ္အီတိုးကို ၈ မိုင္ၿခံတြင္ ဝင္ေရာက္ဖမ္းဆီးခဲ့ၿပီးေနာက္ ၉ မိုင္ရွိ ၿခံဝန္းတ
စ္ ခု အတြင္းက အီတိုးႏွင့္ဆက္စပ္သူ လူငယ္မ်ားကိုလည္း ဖမ္းဆီးသြားေၾကာင္း နီးစပ္သူမ်ားက ဆိုပါသည္။
အမည္မေဖာ္လိုသူ နီးစပ္သူ တစ္ဦးက “ အဆိုေတာ္ အီတိုးတို႔အဖြဲ႕ကို အၾကမ္း ဖက္ၼႈ႔မွာ ပါဝင္တာေၾကာင့္ဆိုၿပီးေတာ့ ဖမ္းဆီး
သြားတာလို႔ ၾကားရတယ္။ ဒါေပမယ့္ လက္နက္ေတြနဲ႔အတူ ဖမ္းဆီးခံရတာမဟုတ္ဘူး၊ ၿခံဝန္းအတြင္းမွာရွိတဲ့ လူ ေတြ
အားလုံးကို စကစ မွေခၚသြားတာျဖစ္ပါတယ္။ ၉ မိုင္ၿခံဝန္းကို မနက္ ၄ နာရီမွာ ေရာက္လာၿပီးေတာ့ ၿခံဝန္းထဲကလူေတြကို ေခၚ
သြားတာ အခုထိ ဖမ္းထားတာ အဆက္ အသြယ္ မရေသးဘူး”ဟု ေျပာၾကားထားပါသည္။
အဆိုပါ ဖမ္းဆီးခံရသူမ်ားမွာ အနည္းဆုံး လူ ၅ ဦးခန႔္ ရွိေၾကာင္း သိရသည္။အီတိုးႏွင့္နီးစပ္သူအသိုင္းအဝိုင္း၏ ေျပာၾကား
ခ်က္မ်ားအရ အီတိုးကို ေရၾကည္အိုင္သို႔ ေခၚေဆာင္သြားေၾကာင္း သိရွိရပါသည္။