တိုက်ပွဲခေါ်သံအပေါ်မှာ စိတ်မကောင်းဖြစ်ပြီး ကုလကိုဝေဖန်လိုက်တဲ့ ကုလအရေးကျွမ်းကျင်သူများ၏ အသံ
အင်္ဂါနေ့က ကြေငြာခဲ့တဲ့ ပြည်သူ့တော်လှန်ရေး အဆုံးသတ်တိုက်ပွဲအပေါ်မှာ ကမ္ဘာကြီးတစ်ခုလုံး အံ့သြခဲ့ကြတယ် ။ ထင်ရှားတဲ့ ကုလသမဂ္ဂ
လူ့အခွင့်အရေး ကျွမ်းကျင်သူတွေက သူတို့ရဲ့ အမြင်ကို ထုတ်ဖော် ပြောဆိုခဲ့ကြတယ် ။ အချို့ကလည်း ပြည်သူ့အစိုးရရဲ့ လက်နက်ကိုင် ခုခံ
ခွင့် တိုက်ပွဲကို ဝမ်းနည်းစွာ ကြားသိရတယ်လို့ ပြောကြပါတယ် ။ အများစုကတော့
” ဒီအခြေအနေ ရောက်လာရတာဟာ အင်မတန်ကို ဝမ်းနည်းစရာကောင်းပါတယ် ။ သို့ပေမယ့် မြန်မာပြည်သူတွေဟာ ရွေးစရာလမ်း မရှိ
တော့ပါဘူး ။ ဒါတွေဟာ ကုလသမဂ္ဂအဖွဲ့ကြီးနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေဟာ မြန်မာပြည်သူတွေအပေါ် အကြမ်းဖက် ရာဇဝတ်မှု့
ကျူးလွန်နေတဲ့ စစ်ကောင်စီကို အရေးယူမှု့ တစ်စုံတရာမရှိခဲ့တဲ့ ရလာဒ်ပါ ” လို့ ကုလအဖွဲ့ကို ဝေဖန်ထားပါတယ် ။
ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ယန်ဟီးလီး ( Yanghee Lee ) က
” ရွေးကောက်ခံ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အစိုးရကို ဖြုတ်ချခဲ့တယ် ။ ပြည်သူတွေ မကျေနပ်ကြဘူး ။ ငြိမ်းချမ်းစွာ ဆန္ဒပြကြတယ် ။ CDM
နဲ့ တုန့်ပြန်ကြတယ် ။ သို့ပေမယ့် စစ်ကောင်စီဘက်က နိုင်ငံတကာရဲ့ ကန့်ကွက်မှု့တွေကို အလေးမထားပဲ ရာဇဝတ်မှု့တွေ ကျူးလွန်ပြီး တု
န့်ပြန်ခဲ့တယ် ။ ဒီတော့ ပြည်သူတွေရဲ့ မခံမရပ်နှိုင်မှု့က တားမရတော့ဘူးလေ ။ စစ်ကောင်စီအပေါ်မှာ နိုင်ငံတကာက အရေးမယူတဲ့ အကျိူး
ဆက်တွေပါ ။ ကျွန်မက မြန်မာပြည်သူတွေရဲ့ ခံစားချက်ကို နားလည်ပေးပါတယ် ” တဲ့ ။
” ပြည်သူတွေရဲ့ တောင်းဆိုမှု့ကို အလေးမထားပဲ အကြမ်းဖက်နှိမ်နင်းတာဟာ ၊ ပြည်သူတွေကို လက်နက်ကိုင်ပြီး တော်လှန်ချင်လာအောင်
လုပ်လိုက်တာပါ ။ ကံဆိုးတာပါဘဲ ။ ဒီအကြမ်းဖက်မှု့ဟာ မြန်မာပြည်သားတွေအတွက် ဆင်းရဲဒုက္ခကိုဖြစ်စေမှာပါ ။ ဖြစ်လာမယ့်အရာတွေ
ဟာ သိပ်ကို ကြောက်စရာကောင်းပါတယ် ” လို့ လူ့အခွင့်အရေးကောင်စီအဖွဲ့ဝင် Chris Sidoti ကလည်း ပြောကြားထားပါတယ် ။ Sidoti
နဲ့ တတိယကောင်စီဝင် Marzuki Darusman တို့နှစ်ဦးဟာ ကုလအဖွဲ့ရဲ့ လွတ်လပ်သော အချက်အလက် ရှာဖွေရေးမစ်ရှင်မှာ တာဝန်
ယူထားသူတွေပါ ။ မြန်မာစစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ နှိမ်နင်းမှု့တွေကို ၂၀၁၇ ခုနှစ်ကနေ ဒီနေ့အထိ စုံစမ်းစစ်ဆေးနေသူတွေပါ ။
ဘင်္ဂလားဒေရှ့်နိုင်ငံကို မကြာခဏ ရောက်လာပြီး စုံစမ်းမှု့တွေကို ကုလအဖွဲ့ထံ တင်ပြကြသူတွေပါ ။
” ဖေဖော်ဝါရီ အာဏာသိမ်းမှု့ဟာ နိုင်ငံကို ဖျက်စီးပစ်လိုက်တာပါ ။ ဆန္ဒပြသူတွေကို ကြီးမားတဲ့ နှိမ်နင်းမှု့တွေနဲ့ ရာဇဝတ်မှု့တွေ ကျူးလွန်
ခဲ့တယ် ။ အရပ်သား တစ်ထောင်ကျော် သေဆုံးခဲ့တယ် ။ ဖမ်းဆီးခံရသူတွေရှိတယ် ။ နှိပ်ဆက်ခံနေရသူတွေ ရှိနေတယ် ။ ဒီတော့ ပြည်သူ
တွေဘက်ကလည်း တုန့်ပြန်မှု့တွေ ရှိလာတယ် ။ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တိုက်ပွဲတွေစိပ်လာတယ် ။ အခုဆိုရင် တိုက်ပွဲတွေဟာ
မြို့ပြအထိ ရောက်လာခဲ့ပြီ ။ ဒီအခြေအနေတွေကို မြန်မာပြည်သူတွေနဲ့ မြန်မာမီဒီယာတွေက တင်ပြခဲ့ပေမယ့် ထူးခြားမလာခဲ့ဘူး ။ NUG
အစိုးရရဲ့ တိုက်ပွဲခေါ်တဲ့ အခြေအနေအပေါ်မှာ စစ်ကောင်စီဘက်က အလေးမထားဟန်ပြခဲ့တယ် ” လို့ Mazuki ကလည်း ပြောထားပါသေး
တယ် ။ စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့
” ကောလာဟလတွေ ဖြန့်နေတာပါ ။ လာမယ့်အပတ်မှာ ကျင်းပမယ့် ကုလညီလာခံက အာရုံစိုက်လာအောင်ပေါ့ ။ တရားမဝင်ပါဘူး ။ ပယ်
ချပါတယ် ” လို့ နိုင်ငံတကာသတင်းသမားတွေရဲ့ မေးခွန်းအပေါ်မှာ တုန့်ပြန်ထားပါတယ် ။
လက်နက်ကိုင် တိုက်ပွဲဝင်ဖို့ NUG အစိုးရရဲ့ လှုံ့ဆော်မှု့ကို ဆိုရှယ်မီဒီယာပေါ်မှာ မြန်မာပြည်သူတွေက လှိုက်လှိုက်လှဲလှဲကြိုဆိုခဲ့ကြတယ်
။ စစ်တပ်ရဲ့ အာဏာသိမ်းမှု့ကို ကုလနဲ့ အခြားနိုင်ငံတွေက ဆန့်ကျင်တဲ့အကူအညီတွေ မပေးလို့ စိတ်ပျက်စရာကောင်းတဲ့အကြောင်းတွေကို
လည်း လူမှု့ကွန်ယက်မှာ ထုတ်ဖော်နေကြတယ် ။
” အထူးအကြံပေးကောင်စီအဖွဲ့ဝင်တွေက ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကို ပြစ်တင်ဝေဖန်ခဲ့ကြပြီး ၊ မြန်မာပြည်သူတွေကို
အကူအညီပေးဖို့ တုံ့ဆိုင်းနေရခြင်းရဲ့ ရလာဒ်ပါဘဲ ” လို့ ဆောင်းပါးရှင် က ဝေဖန်ထားပါတယ် ။
ဒါတွေကတော့ THE INDEPENDENT သတင်းဌာနရဲ့ ပင်တိုင်ဆောင်းပါးရှင် GRANT PECK က ကုလအရေးကျွမ်းကျင်သူ ပညာရှင်
တွေရဲ့ အမြင်ကို ကိုယ်တိုင်မေးပြီး တဆင့်ပြောပြထားတာတွေပါ ။
ဆိုရရင် ……………။ တော်လှန်ရေးဟာ အရေးအကြီးဆုံးအချိန်ကို ရောက်လာပါပြီ ။ ဒီအချိန်မှာ အမေရိကန်စစ်တပ်မှာ တာဝန်ထမ်းဆောင်
နေတဲ့ မြန်မာပြည်ဖွား ဒုဗိုလ်မှုးကြီး မီမီဝင်းဘတ်ရဲ့ ” တော်လှန်ရေးအတွက် အရေးကြီးတဲ့အချိန်မှာ ကိုယ်ဘာလုပ်နေတယ်ဆိုတာ ဘယ်သူ
မှမသိစေနဲ့ ” ဆိုတဲ့ သတိပေးစကားကို အလေးထားရမှာပါ ။ ဒါ့ကြောင့် NUG အစိုးရရဲ့ တိုက်ပွဲခေါ်သံဟာ အကြောင်းအမျိူးမျိူး ရှိပါလိမ့်
မယ် ။ အရှင်းဆုံးပြောရရင် ” မပိုင်ပဲ ခြင်မရိုက်ဘူး ” ဆိုသလိုပါပဲ ။ သို့ပေမယ့် ဘယ်လိုပိုင်တယ် ။ ဘယ်လိုအင်အားရှိနေပြီ ။ဘယ်လို
လက်နက်တွေရှိနေပြီ ။ဘယ်သူတွေက နောက်ကနေ ပံ့ပိုးနေပြီ ။ဘယ်လိုလက်နက်ကိုင်တွေက ကူတိုက်ပေးတော့မယ်။
ဆိုတဲ့ အပြောအဆိုတွေ မလုပ်သင့်တော့ဘူးလို့ ထင်ပါတယ် ။ ဘာ့ကြောင့်လဲဆိုတော့ ဒါဟာ ပြည်သူ့အသက်တွေနဲ့ ရင်းရမယ့်တိုက်ပွဲပါ ။
တိုက်ပွဲမခေါ်ခင်အချိန်ကတည်းက ၇ လ ကြာတဲ့အထိ စစ်ကောင်စီလက်နက်ကိုင်တွေကို ချော့တစ်ခါ ၊ ခြောက်တစ်လှည့်နဲ့ စည်းရုံးခဲ့ကြပြီး
ပါပြီ ။ တကယ့်တိုက်ပွဲကို မပါလိုသူတွေက သူ့အလိုလို ရှောင်ပါလိမ့်မယ် ။ သူ့အလိုလို ဘက်ပြောင်းလာပါလိမ့်မယ် ။ မပိုင်ရင် ခြင်မရိုက်တဲ့
NUG အစိုးရမှာ စီစဉ်မှု့တွေ အဆင့်ဆင့်ရှိပြီးနေမှာ မလွဲပါဘူး ။ ပြည်သူ့အစိုးရဟာ ဘယ်လိုအကွက်တွေနဲ့ ဘယ်လိုလှမ်းနေတယ်ဆိုတာ
သုံးသပ်ဖို့ မသင့်သေးလို့ သုံးသပ်မှု့တွေကို လျော့ချပြီး နိုင်ငံတကာသတင်းတွေကိုတော့ ဆက်လက်အသိပေးသွားပါ့မယ် ။
( THE INDEPENDENT သတင်းဌာနက ပင်တိုင်ဆောင်းပါးရှင်
GRANT PECK ( Original Writer ) ရဲ့ ဆောင်းပါးကို ထုတ်နုတ် ကိုးကားထားပါတယ် )
ဘကြီးအောင် LA