စစ်ကောင်စီ ရဲ့ M R T V YouTube စာမျက်နှာ ထပ်မံ ပိတ်သိမ်းခံရ
စက်တင်ဘာ ၉
သြဂုတ် လ ၁၂ ရက်နေ့က ထပ်မံ ဖွင့်လှစ်လိုက်တဲ့ M R T V YouTube စာမျက်နှာ ဟာ တလ မပြည့်ခင် ဒီကနေ့မှာပဲ
ထပ်မံ ပိတ်သိမ်း ခံလိုက်ရပါတယ်။‘’YouTube ရဲ့ စည်းမျဥ်းစည်းကမ်းတွေကို ချိုးဖေါက်မှု ရှိတဲ့ အတွက် ဒီ အကောင့်ကို
ပိတ်ထားလိုက်ပြီ’’ လို့ M R T V YouTube ကို သွားရောက်ကြည့်ရှုပါက တွေ့ရှိရမှာ ဖြစ်ပါတယ်။
‘’This account has been terminated for violation YouTube’s Community Guidelines’’
မြန်မာနိုင်ငံမှာ ဖေဖေါ်ဝါရီ ၁ – စစ်တပ် အာဏာသိမ်းပြီးနောက် M R T V ရဲ့ ဖေ့စ်ဘွတ် YouYube စတဲ့
အွန်လိုင်း လူမှုစာမျက်နှာ တွေ ဖယ်ရှား ခံခဲ့ရတာဖြစ်ပါတယ်။
သြဂုတ်လ ၁၂ ရက်နေ့မှာတော့ M R T V YouTube မှာ ပြန်လည် အသက်ဝင် လာတာကို တွေ့ရခဲ့ရပြီး၊
အဲဒီနေ့တုန်းက အကောင့်ဖွင့် ဖွင့်ချင်း သတင်း ဗီဒီယို ၁၄ ပုဒ် တင်ထား တာ ကို တွေ့ခဲ့ ရပါ တယ်။

Zawgyi
စက်တင်ဘာ ၉