စခန်းစွန့်တပ်သားမရှိကြောင်း ဇော်မင်းထွန်း အမြဲငြင်းဆိုသော်လည်း ကျောက်ရစ်စခန်းမှ စခန်းမှူးနှင့်အတူ
ရဲတပ်သား (၂) ဦး စခန်းစွန့်ပြီး လွတ်မြောက်နယ်မြေသို့ရောက်ရှိနေကြောင်း မြောင်-PDF ထုတ်ပြန်
စစ်ကိုင်းတိုင်းဒေသကြီး မြောင်မြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီ ကျောက်ရစ်စခန်းမှ စခန်းမှူးနှင့်အတူ
ရဲတပ်သား (၂) ဦး စုစုပေါင်း (၃) ဦး ယမန်နေ့ စက်တင်ဘာလ (၈) ရက်နေ့တွင် CDM ပြုလုပ်ကာ စခန်းစွန့်ပြီး
ပြည်သူ့ရင်ခွင်သို့ ခိုလှုံသွားကြောင်း သိရသည်။ယင်းအကြမ်းဖက်စစ်ကောင်စီ ကျောက်ရစ်စခန်းမှ စခန်းစွန့်ပြီး
ပြည်သူ့ရင်ခွင်သို့ ခိုလှုံသွားတဲ့ စခန်းမှူးနှင့်အတူ ရဲတပ်သား (၂) ဦး တို့အား လွတ်မြောက်နယ်မြေအရောက်
ပို့ဆောင်ခဲ့ကြောင်း မြောင်-PDF မှ ထုတ်ပြန်ထားသည်။

Zawgyi