စစ်ကောင်စီလက်အောက်ခံ ဇယ်လန့် ဆိုင်ကျော့ ပြည်သူ့စစ် စခန်း မီးရှို့ဖျက်ဆီး ခံရ
စက်တင်ဘာလ ၉၊၂၀၂၁
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ် နမ့်ခမ်းမြို့ကြား ဇယ်လန့်ကျေးရွာအုပ်စုရှိ စစ်ကောင်စီလက်အောက်ခံ ဆိုင်ကျော့
ပြည်သူ့စစ်စခန်း ယနေ့ စက်တင်ဘာ ၉ ရက်နေ့ မနက် ၈ နာရီခန့်က မီးရှို့ ဖျက်ဆီးခံလိုက်ရကြောင်း ဒေသခံများထံမှ သိရသည်။
“ပြည်သူ့စစ် ဆိုင်ကျော့ တပ် ကို မီးရှို့ဖျက်ဆီးလိုက်တာ မှန်တယ်။ ဟုတ်တယ်။ TNLA ၅၇၁ တပ်ကပါ။ ခုလေးတင် ကျွန်တော်
အဲဒီ ဘက်က လာခဲ့တာ။ အဆောက်အုံပဲ မီးရှို့ပဲ ရှို့ထားခဲ့တယ်။” ဟု မျက်မြင်ဒေသခံ တစ်ဦးက ပြောသည်။
အဆိုပါ ပြည်သူ့စစ်စခန်းတွင် စစ်ကောင်စီ နှင့် ပြည်သူ့တပ်များ မရှိနေချိန် သွားရောက် မီးရှို့လိုက်ခြင်း ဖြစ်သည်ဟု ဆိုသည်။
နောက်ဆက်တွဲအနေဖြင့် ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်လာမှာကို ဒေသခံများအနေဖြင့် စိုးရိမ်ကြောင်း ပြောဆိုနေကြသည်။
“အခု အဲဒီ တအာင်းပလောင် ရွာခံတွေက အရမ်းကြောက်နေတယ်။ လောလောဆယ် အဲရွာမှာ TNLA ရှိနေတော့ တိုက်ပွဲဖြစ်လာမှာ
စိုးရိမ်နေကြတယ်။ ဒေသခံတွေကို စစ်ကောင်စီဘက်က လာနှိပ်စက်မှာကို စိုးရိမ်နေကြတာ။” ဟု နောက်ထပ် ဒေသခံတစ်ဦးက ပြောသည်။
ဆိုင်ကျော့ကျေးရွာတွင် တအောင်း(ပလောင်) နှင့် ရှမ်းလူမျိုးအများစုနေထိုင်ပြီး ကချင်အနည်းငယ်လည်း ရှိကြောင်း သိရသည်။
တော်လှန်ရေးအဖွဲ့များအနေဖြင့် TNLA ၊ SSPP/SSA နှင့် KIA တပ်များ အဓိကလှုပ်ရှားသော နေရာဖြစ်ကြောင်း သိရသည်။
Zawgyi
စစ္ေကာင္စီလက္ေအာက္ခံ ဇယ္လန႔္ ဆိုင္ေက်ာ့ ျပည္သူ႔စစ္ စခန္း မီးရွို႔ဖ်က္ဆီး ခံရ
စက္တင္ဘာလ ၉၊၂၀၂၁
ရွမ္းျပည္နယ္ေျမာက္ပိုင္း မူဆယ္ နမ့္ခမ္းၿမိဳ႕ၾကား ဇယ္လန႔္ေက်းရြာအုပ္စုရွိ စစ္ေကာင္စီလက္ေအာက္ခံ ဆိုင္ေက်ာ့
ျပည္သူ႔စစ္စခန္း ယေန႔ စက္တင္ဘာ ၉ ရက္ေန႔ မနက္ ၈ နာရီခန႔္က မီးရွို႔ ဖ်က္ဆီးခံလိုက္ရေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။
“ျပည္သူ႔စစ္ ဆိုင္ေက်ာ့ တပ္ ကို မီးရွို႔ဖ်က္ဆီးလိုက္တာ မွန္တယ္။ ဟုတ္တယ္။ TNLA ၅၇၁ တပ္ကပါ။ ခုေလးတင္ ကၽြန္ေတာ္
အဲဒီ ဘက္က လာခဲ့တာ။ အေဆာက္အုံပဲ မီးရွို႔ပဲ ရွို႔ထားခဲ့တယ္။” ဟု မ်က္ျမင္ေဒသခံ တစ္ဦးက ေျပာသည္။
အဆိုပါ ျပည္သူ႔စစ္စခန္းတြင္ စစ္ေကာင္စီ ႏွင့္ ျပည္သူ႔တပ္မ်ား မရွိေနခ်ိန္ သြားေရာက္ မီးရွို႔လိုက္ျခင္း ျဖစ္သည္ဟု ဆိုသည္။
ေနာက္ဆက္တြဲအေနျဖင့္ ေက်းရြာအနီးတြင္ တိုက္ပြဲျဖစ္လာမွာကို ေဒသခံမ်ားအေနျဖင့္ စိုးရိမ္ေၾကာင္း ေျပာဆိုေနၾကသည္။
“အခု အဲဒီ တအာင္းပေလာင္ ရြာခံေတြက အရမ္းေၾကာက္ေနတယ္။ ေလာေလာဆယ္ အဲရြာမွာ TNLA ရွိေနေတာ့ တိုက္ပြဲျ
ဖစ္လာမွာစိုးရိမ္ေနၾကတယ္။ ေဒသခံေတြကို စစ္ေကာင္စီဘက္က လာႏွိပ္စက္မွာကို စိုးရိမ္ေနၾကတာ။” ဟု ေနာက္ထပ္ ေဒသခံတစ္ဦး
က ေျပာသည္။ဆိုင္ေက်ာ့ေက်းရြာတြင္ တေအာင္း(ပေလာင္) ႏွင့္ ရွမ္းလူမ်ိဳးအမ်ားစုေနထိုင္ၿပီး ကခ်င္အနည္းငယ္လည္း
ရွိေၾကာင္း သိရသည္။ေတာ္လွန္ေရးအဖြဲ႕မ်ားအေနျဖင့္ TNLA ၊ SSPP/SSA ႏွင့္ KIA တပ္မ်ား အဓိကလႈပ္ရွားေသာ ေန
ရာျဖစ္ေၾကာင္း သိရသည္။