မြန်မာစစ်ခေါင်းဆောင် အဆက်ဆက် နိုင်ငံ့ဘဏ္ဍာ နည်းမျိုးစုံ ခိုးယူတိုက်ယူခဲ့သလို လက်ရှိလေတပ်ဦးစီးချုပ်ရဲ့သားသမီးတွေ စစ်တပ်
အဝယ်တော်အဖြစ်နဲ့ ငွေဝင်လမ်းဖြောင့်နေပုံတွေကို ရိုက်တာ သတင်းဌာနက စုံစမ်းဖော်ထုတ်လိုက်ပါတယ်။
လေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးမောင်မောင်ကျော် ရဲ့သား အိုင်ဗန်ထက် (၃၃ နှစ်) ဟာ လေတပ်ကို လ က် န က်ပစ္စည်း သွင်းပေးတဲ့ ကုမ္ပဏီ
ကို စတုတ္ထမယား လင်းလက်သီရိနဲ့ ပူးတွဲတည်ထောင်ထားတယ်လို့ ဆိုပါတယ်။အိုင်ဗန်ထက်က ဗြိတိန်မှာ ဗိသုကာပညာသင်လာတဲ့ မယား
သစ်နဲ့ ၂၀၁၈ မှာ ညားပြီး သုံးလအကြာမှာ Alliance Engineering Services ကုမ္ပဏီကို ထောင်ပါတယ်။ ဒီကုမ္ပဏီဟာ စစ်တပ်ကို လေ
ယာဥ် အပိုပစ္စည်း မျိုးစုံသာမက ဒရုန်း အပိုပစ္စည်း၊ ဆိုနာ၊ ရေဒါ စတဲ့ ထောက်လှမ်းရေးပစ္စည်းတွေ အပါအဝင် နည်းပညာမြှင့်ရေးထောက်ပံ့
တာပါ။“စကစ” စစ်တပ်ရဲ့ အသုံးစရိတ် အများဆုံးလေတပ်ဟာ ၂၀၁၉ တနှစ်တည်းမှာ နိုင်ငံခြားကနေဝယ်ယူမှုအတွက် ဒေါ်လာ သန်း ၃၆၀
သုံးပါတယ်။
ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်
ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်ရဲ့သား အိုင်ဗန်ထက်ရဲ့ ဖေ့ဘွတ်မှ
၂၀၂၀ တနှစ်တည်းမှာ လေတပ်က နိုင်ငံခြားကနေဝယ်ယူမှု ဒေါ်လာ ၃၃၇ သန်းအနက် သုံးပုံတပုံက အပိုပစ္စည်းနဲ့ ပြုပြင်ထိန်းသိမ်းစရိတ်
ပါ။ဗိုလ်ချုပ်ကြီးမောင်မောင်ကျော် (၅၇ နှစ်) ရဲ့ ဖအေဟာ “မဆလ” ခေတ် အာဏာရှင် ဦးနေဝင်းရဲ့ မွေးစားသားလို့ လူသိများတဲ့
ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး သူရကျော်ထင် ဖြစ်ပါတယ်။စစ်ခေါင်းဆောင်တွေရဲ့ သားသမီး မျိုးဆက်သစ်တွေဟာ စစ်တပ်ရဲ့
အဝယ်တော် ကန်ထရိုက်တာတွေ ဖြစ်နေပါတယ်။
ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်ရဲ့တူ လင်းထက် နဲ့ တူမ မွန်ရည်
မောင်မောင်ကျော်ရဲ့ တူ လင်းထက်နဲ့ တူမ မွန်ရည် ကလဲ လေတပ်ကို ပစ္စည်းတင်သွင်းတဲ့ ကုမ္ပဏီပိုင်ပြီး အထူးသဖြင့် တူက စ စ် လ က်
နက် ဝယ်ယူတင်သွင်းသူပါ။လင်းထက်ဟာ လေကြောင်းလိုင်း Myanmar National Airlines ကိုလဲ ပိုင်ဆိုင်ပါတယ်။ ဒီကုမ္ပဏီဟာ Bell
(ဘဲလ်)၊ Cessna (ဆက်စနာ) စတဲ့ အမေရိကန် လေယာဥ်ကုမ္ပဏီတွေနဲ့ ဆက်စပ်လုပ်ကိုင်နေတာပါ။လေတပ်ချုပ်ရဲ့သမီး မွန်ရည်(၃၁
နှစ်)နဲ့ တူ တူမတို့ဟာ လေတပ်အတွက် အတိုင်ပင်ခံလုပ်ငန်း၊ အပိုပစ္စည်း ရောင်းဝယ်ငှား၊ လေတပ်သုံးစစ်ပစ္စည်း ထိန်းသိမ်းရေး စတာတွေ
ဆောင်ရွက်ဖို့ စင်ကာပူမှာ ကုမ္ပဏီထောင်ထားပါတယ်။
ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်
ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်ရဲ့ မိသားစုဝင်များ
လေတပ်ဦးစီးချုပ်ရဲ့ သားသမီးတွေ လန်ဒန်၊ စန်အန်တိုရီနီကျွန်း(ဂရိ) တို့မှာ ခရီးထွက်နေတဲ့ ဓာတ်ပုံအထောက်အထားတွေ ရှိပါတယ်။
ဒီအထူးသတင်းကို ရိုက်တာက သက်ဆိုင်သူတွေနဲ့ နီးစပ်သူ၊ အလုပ်တွဲလုပ်သူတွေကို မေးမြန်းပြီး တင်ပြထားတာပါ။အိုင်ဗန်ထက်နဲ့ အမေရိ
ကန် လေယာဥ်ကုမ္ပဏီ အပါအဝင် သက်ဆိုင်သူတွေကို တိုက်ရိုက်ဆက်သွယ်ပေမဲ့ အဖြေတော့ မရဘူးလို့ ရိုက်တာက ပြောပါတယ်။
Ref: Reuters
Burma News Network
Zawgyi
ျမန္မာစစ္ေခါင္းေဆာင္ အဆက္ဆက္ နိုင္ငံ့ဘ႑ာ နည္းမ်ိဳးစုံ ခိုးယူတိုက္ယူခဲ့သလို လက္ရွိေလတပ္ဦးစီးခ်ဳပ္ရဲ့သားသမီးေတြ စစ္တပ္ အဝယ္ေတာ္အျဖစ္နဲ႔ ေငြဝင္လမ္းေျဖာင့္ေနပုံေတြကို ရိုက္တာ သတင္းဌာနက စုံစမ္းေဖာ္ထုတ္လိုက္ပါတယ္။
ေလတပ္ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္ႀကီးေမာင္ေမာင္ေက်ာ္ ရဲ့သား အိုင္ဗန္ထက္ (၃၃ ႏွစ္) ဟာ ေလတပ္ကို လ က္ န က္ပစၥည္း သြင္းေပးတဲ့ ကုမၸဏီကို စတုတၳမယား လင္းလက္သီရိနဲ႔ ပူးတြဲတည္ေထာင္ထားတယ္လို႔ ဆိုပါတယ္။
အိုင္ဗန္ထက္က ၿဗိတိန္မွာ ဗိသုကာပညာသင္လာတဲ့ မယားသစ္နဲ႔ ၂၀၁၈ မွာ ညားၿပီး သုံးလအၾကာမွာ Alliance Engineering Services ကုမၸဏီကို ေထာင္ပါတယ္။
ဒီကုမၸဏီဟာ စစ္တပ္ကို ေလယာဥ္ အပိုပစၥည္း မ်ိဳးစုံသာမက ဒ႐ုန္း အပိုပစၥည္း၊ ဆိုနာ၊ ေရဒါ စတဲ့ ေထာက္လွမ္းေရးပစၥည္းေတြ အပါအဝင္ နည္းပညာျမႇင့္ေရးေထာက္ပံ့တာပါ။
“စကစ” စစ္တပ္ရဲ့ အသုံးစရိတ္ အမ်ားဆုံးေလတပ္ဟာ ၂၀၁၉ တႏွစ္တည္းမွာ နိုင္ငံျခားကေနဝယ္ယူမႈအတြက္ ေဒၚလာ သန္း ၃၆၀ သုံးပါတယ္။
၂၀၂၀ တႏွစ္တည္းမွာ ေလတပ္က နိုင္ငံျခားကေနဝယ္ယူမႈ ေဒၚလာ ၃၃၇ သန္းအနက္ သုံးပုံတပုံက အပိုပစၥည္းနဲ႔ ျပဳျပင္ထိန္းသိမ္းစရိတ္ပါ။
ဗိုလ္ခ်ဳပ္ႀကီးေမာင္ေမာင္ေက်ာ္ (၅၇ ႏွစ္) ရဲ့ ဖေအဟာ “မဆလ” ေခတ္ အာဏာရွင္ ဦးေနဝင္းရဲ့ ေမြးစားသားလို႔ လူသိမ်ားတဲ့ ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္ႀကီး သူရေက်ာ္ထင္ ျဖစ္ပါတယ္။
စစ္ေခါင္းေဆာင္ေတြရဲ့ သားသမီး မ်ိဳးဆက္သစ္ေတြဟာ စစ္တပ္ရဲ့ အဝယ္ေတာ္ ကန္ထရိုက္တာေတြ ျဖစ္ေနပါတယ္။
ေမာင္ေမာင္ေက်ာ္ရဲ့ တူ လင္းထက္နဲ႔ တူမ မြန္ရည္ ကလဲ ေလတပ္ကို ပစၥည္းတင္သြင္းတဲ့ ကုမၸဏီပိုင္ၿပီး အထူးသျဖင့္ တူက စ စ္ လ က္ နက္ ဝယ္ယူတင္သြင္းသူပါ။
လင္းထက္ဟာ ေလေၾကာင္းလိုင္း Myanmar National Airlines ကိုလဲ ပိုင္ဆိုင္ပါတယ္။ ဒီကုမၸဏီဟာ Bell (ဘဲလ္)၊ Cessna (ဆက္စနာ) စတဲ့ အေမရိကန္ ေလယာဥ္ကုမၸဏီေတြနဲ႔ ဆက္စပ္လုပ္ကိုင္ေနတာပါ။
ေလတပ္ခ်ဳပ္ရဲ့သမီး မြန္ရည္(၃၁ ႏွစ္)နဲ႔ တူ တူမတို႔ဟာ ေလတပ္အတြက္ အတိုင္ပင္ခံလုပ္ငန္း၊ အပိုပစၥည္း ေရာင္းဝယ္ငွား၊ ေလတပ္သုံးစစ္ပစၥည္း ထိန္းသိမ္းေရး စတာေတြ ေဆာင္ရြက္ဖို႔ စင္ကာပူမွာ ကုမၸဏီေထာင္ထားပါတယ္။
ေလတပ္ဦးစီးခ်ဳပ္ရဲ့ သားသမီးေတြ လန္ဒန္၊ စန္အန္တိုရီနီကၽြန္း(ဂရိ) တို႔မွာ ခရီးထြက္ေနတဲ့ ဓာတ္ပုံအေထာက္အထားေတြ ရွိပါတယ္။
ဒီအထူးသတင္းကို ရိုက္တာက သက္ဆိုင္သူေတြနဲ႔ နီးစပ္သူ၊ အလုပ္တြဲလုပ္သူေတြကို ေမးျမန္းၿပီး တင္ျပထားတာပါ။
အိုင္ဗန္ထက္နဲ႔ အေမရိကန္ ေလယာဥ္ကုမၸဏီ အပါအဝင္ သက္ဆိုင္သူေတြကို တိုက္ရိုက္ဆက္သြယ္ေပမဲ့ အေျဖေတာ့ မရဘူးလို႔ ရိုက္တာက ေျပာပါတယ္။
Ref: Reuters
Burma News Network