အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရသူ မှ အမျိုးသား ညီညွတ်ရေး အစိုးရ၏ “ပြည်သူ တော်လှန်ရေး စစ်ပွဲ” ဆင်နွှဲမည်ဟု
ကြေညာခြင်း အပေါ် မိမိတို့ မှတ်တမ်း တင်ထားပါကြောင်း၊ သို့သော် လက်ရှိ အကြပ် အတည်းအား အကြမ်းဖက်သည့် နည်းဖြင့် ဖြေရှင်း
ခြင်းကိုတော့ သဘောတူမည် မဟုတ်ကြောင်း နှင့် သက်ဆိုင်သူ အားလုံး ငြိမ်းချမ်းစွာ ဆက်လက် ဖြေရှင်းသွားရန် လိုကြောင်း ပြောကြား
သွားသည်ဟု သတင်း ထွက်ပေါ်လာခဲ့သည်။
တကယ်တမ်းတွင် အမေရိကန် မှ ထိုသို့ ပြောကြားလာခြင်းသည် အဆန်းတကြယ်တော့ မဟုတ်၊ သံတမန် မျက်နှာစာ တွင် ပြောရိုး ပြောစဉ်
သာ ဖြစ်သည်။ ထိုသို့သော စကားများကို အစ္စရေး နှင့် ပတ်သက်ပြီး အမေရိကန်သည် ပြဿနာ ဖြစ်လာတိုင်း ကြိမ်ဖန်များစွာ ပြောဆိုခဲ့
သည်ကိုလည်း အားလုံးက သိနေကြပြီး ဖြစ်သည်။
အမေရိကန် အနေဖြင့် လက်ရှိ လက်နက်ကိုင် ပဋိပက္ခများကို ၎င်းတို့ ထောက်ခံနေခြင်း မရှိဟု ရှင်းလင်းပြတ် သားစွာ ရပ်တည်ထားဖို့ လို
သည်။ မြန်မာ အရေးသည် ကုလ စင်မြင့်တွင် ကာလကြာမြင့်စွာ ဆက်လက်၍ တွန်းတွန်း တိုက်တိုက် လုပ်သွားစရာ များ ရှိနေသည်။
အကယ်၍သာ အမေရိကန်သည် အမျိုးသား ညီညွတ်ရေး အစိုးရ၏ တိုက်ပွဲခေါ်သံအား ပွင့် လင်းစွာ ထောက်ခံလိုက်မည်ဆိုက နောက်ပိုင်း
တွင် ၎င်းတို့ ဆွေးနွေးသည့် အကြောင်းအရာ မှန်သမျှ၊ တင်သွင်းသည့် အဆိုမှန်သမျှ ကို သမာသမတ်ကျသည်၊ လုပ်သင့် လုပ်ထိုက်သည်ဟု
ကျန် ကုလ အဖွဲ့ဝင် နိုင်ငံများမှ ယုံကြည်ဖို့ ခဲယဉ်းသွားပေတော့မည်။
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရသူ
ဤသည်မှာ သံတမန် ကစားပွဲ တခု ၏ ကကြိုး ကကွက် တခုထက် မပိုပေ။ မြန်မာ နိုင်ငံတွင် လက်နက်ကိုင် ပဋိပက္ခ များ ပိုမိုပြင်းထန်လာ
သည်နှင့် အမျှ ဆုံးရှုံးရမှု များပြားလာဖွယ် ရှိနေ သည့် တရုတ် အနေနှင့်လည်း အမေရိကန် တို့ ပြောသမျှ ကို တလုံးတပါဒမှ ယုံကြည်မည်
လည်း မဟုတ်ပေ။ ၎င်းတို့ ခြေရာလက်ရာ မကင်းကြောင်း သံသယ ရှိနေသည်ကို ဂလိုဘယ် တိုင်း သတင်းစာ တွင် အရိပ်အမြွက် ရေးသား
လာပြီး ဝင်ရောက်စွက်ဖက်ခြင်း မပြုရန်ပင် သတိပေးလာခဲ့သည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ခုခံတွန်းလှန်စစ် ဆင်နွှဲဖို့ ကြေညာလိုက်တာဟာ စိတ်မကောင်းစရာဖြစ်ပေမယ့်၊ အာဏာသိမ်းပြီး
၇ လအတွင်း စစ်တပ်ရဲ့ ရက်ရက်စက်စက် သတ်ဖြတ်ချေမှုန်းမှုတွေနဲ့ နိုင်ငံတကာ အသိုင်းအဝန်းက အရေးယူမှု မရှိတာတွေအပေါ် NUG နဲ့
မြန်မာပြည်သူတွေရဲ့ အားမလိုအားမရ ဖြစ်မှုကို မိမိတို့ နားလည်သဘောပေါက်ပါကြောင်း မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ
(SAC-M) က စက်တင်ဘာလ ၈ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
အထူးအကြံပေးကောင်စီ အဖွဲ့ဝင် Chris Sidoti
နိုင်ငံတကာ အသိုင်းအဝန်းအနေနဲ့ မြန်မာပြည်သူတွေကို ကယ်တင်ကူညီဖို့ အခွင့်အလမ်း အလုံအလောက် ရခဲ့ပေမယ့် တောက်လျှောက်
ပျက်ကွက်ခဲ့တယ်လို့ ကြေညာချက်မှာ ထောက်ပြထားပါတယ်။ မြန်မာ့အရေးကို ဝင်ရောက်ဖြေရှင်းမယ်ဆိုတဲ့ အာဆီယံအဖွဲ့ဟာလည်း
ခြောက်လသာ ပြည့်သွားပေမဲ့ အခုအထိ အထူးသံတမန် ခန့်အပ်ရုံပဲ လုပ်နိုင်ပြီး လူသားချင်းစာနာမှု အကူအညီတွေပေးဖို့ ဧပြီလ
ကတည်းက ကတိကဝတ်တွေကို အခုထိ အကောင်အထည် မဖော်နိုင်သေးဘူးလို့လည်း ကြေညာချက်မှာ ဝေဖန်ထားပါတယ်။
လောလောဆယ်တွင် NUG ၏ စစ်ကြေညာမှုကြောင့် တရုတ်တို့ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်သွားခဲ့ရသည်က အထင်အရှားပင်
ဖြစ်သည်။ တရုတ်တို့၏ စီးပွားရေး လုပ်ငန်းများ နှင့် စီမံကိန်း များ အကြီးအကျယ် ထိခိုက်လာနေပြီ ဖြစ်သည်ဟု ဂလိုဘယ် တိုင်းမ်
သတင်းစာ တွင် ရေးသားလာခဲ့သည်။ သို့သော် နိုင်ငံတွင်းရှိ လက်နက်ကိုင် အဖွဲ့များသည် စစ်တပ်ကို ခြိမ်းခြောက်လာနိုင်သည့် အထိ
အင်အား မကောင်းသေး၍ အခြေအနေများသည် အဆိုးဝါးကြီး ဖြစ်လာနိုင်စရာ မရှိဟုလည်း ရေးသားထားသည်။
စစ်တပ်သည် ကာလကြာမြင့်စွာကပင် ၎င်းတို့ အလိုကျ အခြေအနေများ ဖြစ်ပေါ်လာအောင် ထိန်းချုပ်နိုင်သည့် အစွမ်း ရှိနေသည်ဟု လည်း
ပါရှိသည်။တဖက်တွင်လည်း အာဏာသိမ်း အဖွဲ့မှ NUG ၏ လုပ်ရပ်အပေါ် လက်ဦးမှု ယူကာ NLD အား ဖျက်သိမ်းပစ်မည့် အရေးကို
ဟန့်တားသည့် အနေဖြင့် တရုတ် ကွန်မြူနစ်ပါတီက ဦးစီး ကျင်းပမည့် အာရှနိုင်ငံရေး ပါတီများ အွန်လိုင်း ညီလာခံ သို့ တက်ရောက်ရန်
ဖိတ်ကြားထားပြီး CRPH အဖွဲ့ဝင်လည်း ဖြစ်၊ ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်အမတ် ဖြစ်သူ ဦးဘိုဘိုဦးက တက်ရောက်မည်ဟု
ဧရာဝတီ သတင်းတွင် ဖေါ်ပြထားသည်။
ဂျပန် နိုင်ငံခြားရေး ဝန်ကြီး
ဂျပန် နိုင်ငံခြားရေး ဝန်ကြီး သည် အာဆီယံ အထူးသံတမန်၏ ကြိုးပမ်းနေမှုများကို အပြည့်အဝ ထောက်ခံ ကြောင်း ဗုဒ္ဓဟူးနေ့က ထုတ်ဖေါ်
ပြောဆိုလာခဲ့သည်။ ဂျပန်မှ နိုင်ငံတွင်း အခြေအနေများ ထိန်းမနိုင် သိမ်းမရသည့် အထိ ဆိုးဝါးသွားမည့် အရေးကို ဟန့်တား လို ပုံ ရှိ
နေသည်။
မလေးရှား နိုင်ငံခြားရေး ဝန်ကြီး ဆိုင်ဖူဒင် အဗ္ဗဒူလာ က မိမိတို့၏ အချက် ငါးချက်ပါ ရပ်တည်ချက်ကို အလျှင် အမြန် အကောင်အထည် မ
ဖေါ်နိုင်မှုကြောင့် စိတ်ပျက်လာကြသဖြင့် ယခုတခါ တစ်ကနေ ပြန်စရမည့် သဘော ဖြစ်လာနေသည်ဟု NUG ၏ စစ်ကြေညာခဲ့မှု နှင့် စပ်
လျင်းပြီး အွန်လိုင်း သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြား သွားခဲ့သည်။ ထိုအတွက် အာဆီယံ အထူး သံတမန် နှင့် မိမိ ဆက်သွယ်သွားမည်
ဖြစ်သည်ဟု ဆိုသည်။ ရန်ကုန်ရှိ မလေးရှား သံရုံးကလည်း အခြေအနေကို အနီးကပ် စောင့်ကြည့်နေကြောင်း လည်း ပြောသွားခဲ့သည်။
မလေးရှား နိုင်ငံခြားရေး ဝန်ကြီး ဆိုင်ဖူဒင် အဗ္ဗဒူလာ
ယခု အချိန်အထိ ကုလသမဂ္ဂ မှ သဘောထား ကြေညာချက် တရားဝင် ထုတ်ပြန်ခြင်း မရှိသေးသည်ကို တွေ့ရ သည်။ မြန်မာ အရေး
အတွက် ဖွဲ့စည်းထားသော အထူးအကြံပေး ကောင်စီဝင် ယန်ဟီလီး က ယခုလို အနေ အထား အထိ ရောက်လာရခြင်းသည် ကံ
အကြောင်းမလှ၍ ဖြစ်ခဲ့ရခြင်းမျိုးသာ ဖြစ်သော်လည်း အကြမ်းဖက် တိုက်ခိုက်ခြင်းသည် ပြဿနာ၏ အဖြေတော့ မဟုတ်ကြောင်း နှင့် ရှေ့
လျှောက် ဘာတွေ ဆက်ဖြစ်လာမည်ကို မိမိတို့ စိတ်ပူပန်လျှက် ရှိသည်ဟု ထုတ်ဖေါ်ပြောဆိုသွားခဲ့သည်။
ထိုအခြေအနေအထိ ရောက်လာအောင် တာဝန် ပျက်ကွက်ခဲ့ကြသည့် နိုင်ငံတကာ အဖွဲ့အစည်းများကိုလည်း ပြစ်တင်ရှုတ်ချသွား ခဲ့သည်။
ယခုအချိန်အထိ ကွက်ကျား ခုခံရေး စစ်ပွဲများသာ ဖြစ်ပေါ်နေသည့် အဆင့်တွင် ရှိသေးသည်။
အကြံပေးကောင်စီ အဖွဲ့ဝင် မစ္စ ယန်ဟီးလီ
သို့သော် စစ်ကောင်စီ ကတော့ မမှုသည့် ပုံ ဟန်ဆောင်နေသည့် ကြားမှ လက်ရှိတွင် NUG ၏ ပြည်သူ ခုခံစစ်ပွဲ စတင်ပြီ ဟု ကြေညာပြီး
သည့်နောက် ရန်ကုန် နှင့် မန္တလေးတွင် တိုက်ခိုက်ခံရမှုများ များပြားလာသည်ဟု စစ်တပ်၏ ပြောခွင့်ရ အဖြစ် ရှေ့ထုတ်ခံထားရသူ ဇော်မင်း
ထွန်းက ဝန်ခံသွားခဲ့သည်။မည်သို့ပင် ဖြစ်စေ မြန်မာ ပြည်သူတို့ အတွက် က စစ်အာဏာရှင် စနစ်သည် ရင်ထဲသို့ စိုက်ဝင်နေသော မြှားတ
စင်း ဖြစ်လာနေပြီး အခြားသူများ အတွက်ကတော့ ခြေမကြား စူးဝင်နေသည့် ဆူးလေးတချောင်း အဖြစ်သာ သဘောထားကြမည်
ဖြစ်သည်။မိမိတို့ အရေး မိမိတို့သာ အသိဆုံး ဖြစ်သည်။ နိုင်ငံတကာ မှ တွေ့ဆုံ ဆွေးနွေး အဖြေရှာကြရန် ကြိမ်ဖန်များစွာ ပြောဆိုနေ
သော်လည်း စစ်အာဏာသိမ်း အဖွဲ့ က ခုနှစ်လပင် ကြာလခဲ့သည့်တိုင် မည်သို့မျှပင် တုန့်ပြန်ကြခြင်း မရှိသည်မှာလည်း အထင်အရှားပင်
ဖြစ်သည်။ ၎င်းတို့ဖက်က ဆွေးနွေးပါမည်ဟု ကမ်းလှမ်းနေသည့် ကြားမှ ထိုသို့ လက်နက်ကိုင် လမ်းစဉ်ကို ရွေးချယ်ခဲ့ကြခြင်း လည်း မဟုတ်ပေ။
ပြည်သူ့ကာကွယ်ရေးတပ်
NUG ၏ ယာယီသမ္မတဖြစ်သူ ဒူဝါလရှီးလ
ထိုသို့ ကုလသမဂ္ဂနှင့် နိုင်ငံအများက မိမိတို့ အရေးကို ပါးစပ်ပြောများ နှင့် သာ အချိန်ကုန်နေခဲ့မှုများကိုလည်း အသက်ပေါင်းများစွာ ဆုံးရှုံးခံ
အဖမ်းဆီးခံ နေကြရသော မြန်မာ ပြည်သူများက သည်းမခံနိုင်အောင် ဖြစ်လာကြ၍ NUG ၏ ပြည်သူ့ တော်လှန်ရေး တိုက်ပွဲခေါ်သံကို
လှိုက်လှဲစွာ ကြိုဆို ခဲ့ကြခြင်းပင် ဖြစ်သည်။
တော်လှန်ရေး မုချအောင်ရမည်!!!
Hla Soewai