ၾကားသိသမွ်

D Day နဲ့ လက်နက်ကိုင်တော်လှန်ရေးနေ့ ကွာခြားချက်

D Day နဲ့ လက်နက်ကိုင်တော်လှန်ရေးနေ့ ဘာကွာခြားသလဲ

Military D Day ဆိုတာက အဆင်သင့်ဖွဲ့စည်းထားတဲ့ တပ်ပေါင်းစုကြီးက ရည်မှန်းချက်နေရာကို

တပြိုင်နက်တည်း ထိုးစစ်ဆင်တဲ့ရက်ကိုဆိုလိုတာပါ။ D Day မှာ H-hour တွဲပါလေ့ရှိပါတယ်။

စီမံချက်မှာပါဝင်တဲ့ တပ်ဖွဲ့ဝင်တွေဟာ ကိုယ့်မှာရှိတဲ့အင်အားနဲ့ တိုက်ပွဲဝင်ရမဲ့အချိန်ကို ဆိုလိုတာပါ။

ဥပမာ- ဘယ်နှစ်နာရီမှာ မော်လမြိုင်တံတားကို တပ်ဖွဲ့တွေအရောက်ချီတက်ပြီး ဖြစ်ရမယ် ။

ရန်ကုန်မှာဆိုရင် ဘယ်နှစ်နာရီမှာ အောင်ဇေယျတံတားကို သိမ်းပိုက်ပြီးဖြစ်ရမယ် ဆိုတာမျိုး အတိအကျ

စီမံချက်ရေးဆွဲပြီး တိုက်စစ်စတင်တာကို D Day H-hour လို့ ပြောကြတာဖြစ်ပါတယ်။

လက်နက်ကိုင်တော်လှန်ရေးနေ့ စတင်သတ်မှတ်ခြင်း

လက်နက်ကိုင်တော်လှန်ရေးနေ့ စတင်သတ်မှတ်တဲ့နေ့ဟာ D Day မဟုတ်သေးပါ။ အသင့်ဖြစ်နေတဲ့

တပ်ဖွဲ့တွေကတော့ အရှိန်မြှင့်တိုက်ခိုက်လို့ရပါပြီ။ ယခင်က တိုက်နေတာကို အရှိန်မြှင့်ရုံပါပဲ။

အဆင်သင့် မဖြစ်သေးတဲ့ PDF ၊ ပြင်ဆင်ဆဲ PDF တွေအနေနဲ့ အလောတကြီးတိုက်စစ်စဖို့ မလိုအပ်သေးပါဘူး။

စိတ်လောဖို့လည်း မလိုပါဘူး။ ကောင်းစွာပြင်ဆင်ပါ။ ကိုယ့်ဘက်က အဆင်သင့်ဖြစ်ပြီဆိုရင်တော့ ဒီနေ့ကစပြီး

အရှိန်မြှင့်တိုက်ခိုက်သွားလို့ရပါတယ်။ ပြင်ဆင်ဆဲဆိုရင်တော့ ဆက်ပြီး ပြင်ဆင်ပါ။ အချိန်ယူပါ။

မြို့ပေါ်လူထုအနေနဲ့ အခြေခံရိက္ခာ ၊ ဆေးဝါး အနည်း ငယ် ဆောင်ထားရုံနဲ့ လုံလောက်ပါပြီ။ မြိုပေါ်

လူထုအနေနဲ့ ပြင်ဆင်ချိန်ရပါသေးတယ်။ အတင်းလုဝယ်သူများရင် ကုန်စျေးနှုန်းတက်ပြီး လောဘသမားတွေရဲ့

အကြိုက်ဖြစ်ပါမယ်။ဒါကြောင့် ဒီနေ့ဟာ ခရီးကြမ်းကို လက်နက်ကိုင်တော်လှန်ရေးနဲ့ကျော်ဖြတ်ဖို့

အခိုင်အမာဆုံးဖြတ်တဲ့နေ့အဖြစ်သာ နားလည်ကြဖို့ လိုအပ်ပါတယ်ခင်ဗျာ။

Zawgyi

D Day နဲ႔ လက္နက္ကိုင္ေတာ္လွန္ေရးေန႔ ဘာကြာျခားသလဲ

Military D Day ဆိုတာက အဆင္သင့္ဖြဲ႕စည္းထားတဲ့ တပ္ေပါင္းစုႀကီးက ရည္မွန္းခ်က္ေနရာကို

တၿပိဳင္နက္တည္း ထိုးစစ္ဆင္တဲ့ရက္ကိုဆိုလိုတာပါ။ D Day မွာ H-hour တြဲပါေလ့ရွိပါတယ္။

စီမံခ်က္မွာပါဝင္တဲ့ တပ္ဖြဲ႕ဝင္ေတြဟာ ကိုယ့္မွာရွိတဲ့အင္အားနဲ႔ တိုက္ပြဲဝင္ရမဲ့အခ်ိန္ကို ဆိုလိုတာပါ။

ဥပမာ- ဘယ္ႏွစ္နာရီမွာ ေမာ္လၿမိဳင္တံတားကို တပ္ဖြဲ႕ေတြအေရာက္ခ်ီတက္ၿပီး ျဖစ္ရမယ္ ။

ရန္ကုန္မွာဆိုရင္ ဘယ္ႏွစ္နာရီမွာ ေအာင္ေဇယ်တံတားကို သိမ္းပိုက္ၿပီးျဖစ္ရမယ္ ဆိုတာမ်ိဳး အတိအက်

စီမံခ်က္ေရးဆြဲၿပီး တိုက္စစ္စတင္တာကို D Day H-hour လို႔ ေျပာၾကတာျဖစ္ပါတယ္။

လက္နက္ကိုင္ေတာ္လွန္ေရးေန႔ စတင္သတ္မွတ္ျခင္း

လက္နက္ကိုင္ေတာ္လွန္ေရးေန႔ စတင္သတ္မွတ္တဲ့ေန႔ဟာ D Day မဟုတ္ေသးပါ။ အသင့္ျဖစ္ေနတဲ့

တပ္ဖြဲ႕ေတြကေတာ့ အရွိန္ျမႇင့္တိုက္ခိုက္လို႔ရပါၿပီ။ ယခင္က တိုက္ေနတာကို အရွိန္ျမႇင့္႐ုံပါပဲ။

အဆင္သင့္ မျဖစ္ေသးတဲ့ PDF ၊ ျပင္ဆင္ဆဲ PDF ေတြအေနနဲ႔ အေလာတႀကီးတိုက္စစ္စဖို႔ မလိုအပ္ေသးပါဘူး။

စိတ္ေလာဖို႔လည္း မလိုပါဘူး။ ေကာင္းစြာျပင္ဆင္ပါ။ ကိုယ့္ဘက္က အဆင္သင့္ျဖစ္ၿပီဆိုရင္ေတာ့

ဒီေန႔ကစၿပီး အရွိန္ျမႇင့္တိုက္ခိုက္သြားလို႔ရပါတယ္။ ျပင္ဆင္ဆဲဆိုရင္ေတာ့ ဆက္ၿပီး ျပင္ဆင္ပါ။ အခ်ိန္ယူပါ။

ၿမိဳ႕ေပၚလူထုအေနနဲ႔ အေျခခံရိကၡာ ၊ ေဆးဝါး အနည္း ငယ္ ေဆာင္ထား႐ုံနဲ႔ လုံေလာက္ပါၿပီ။

ၿမိဳေပၚလူထုအေနနဲ႔ ျပင္ဆင္ခ်ိန္ရပါေသးတယ္။ အတင္းလုဝယ္သူမ်ားရင္ ကုန္ေစ်းႏႈန္းတက္ၿပီး

ေလာဘသမားေတြရဲ့ အႀကိဳက္ျဖစ္ပါမယ္။

ဒါေၾကာင့္ ဒီေန႔ဟာ ခရီးၾကမ္းကို လက္နက္ကိုင္ေတာ္လွန္ေရးနဲ႔ေက်ာ္ျဖတ္ဖို႔

အခိုင္အမာဆုံးျဖတ္တဲ့ေန႔အျဖစ္သာ နားလည္ၾကဖို႔ လိုအပ္ပါတယ္ခင္ဗ်ာ။