ခရိုနီဦးတေဇ၏ကောင်းမှုဖြင့် စေတီတည်ထားသည့် မလိခမြစ်လယ်က နတ်ကျွန်းသို့တက်သည့် လှေခါးထစ်၌ သစ်လုံးကြီးတစ်လုံး ကန့်လ
န့်ဖြတ် တောင်တင်နေ။
ပူတာအိုခရိုင် မချမ်းဘော့မြို့နယ်ရှိ သဘာဝအလျောက် စိတ်ဝင်စားဖွယ်ရာနေရာတစ်ခုဖြစ်သည့် မလိခမြစ်လယ်က နတ်ကျွန်း (ဒေသအ
ခေါ်နတ်ကျောင်း) ပေါ်၌ တည်ထားသော စေတီပေါ်သို့ တက်သည့် လှေခါးထစ်လမ်းကို သစ်လုံးကြီးတစ်လုံး ကန့်လန့်ဖြတ်တောင်တင်နေ
ကြောင်း ဒေသခံမျက်မြင်များက ပြောသည်။
ပြီးခဲ့သည့်သီတင်းပတ်က မလိခမြစ်ရေကြီးသဖြင့် မျှောပါလာသည့် သစ်လုံးဖြစ်သည်ဟု ဒေသခံတစ်ဦးက ဆိုသည်။ ယခင်က မြစ်ရေကြီးခဲ့
သော်လည်း ယခုလို ကျွန်းကျောက်ဆောင်ကမ်းပါးပေါ် သစ်လုံးကန့်လန့်ပိတ်ညှိနေသည်ကို မမြင်ဖူးခဲ့ကြောင်းလည်း ပြောပါသည်။
ဒေသတွင်း ခရီးသွားသူများအတွက် လည်ပတ်စရာနေရာတစ်နေရာဖြစ်သော အဆိုပါ နတ်ကျွန်း (နတ်ကျောင်း)၌ ဒေသခံများကန့်ကွက်သ
ည့်ကြားက ခရိုနီဦးတေဇ၏ ကောင်းမှုဖြင့် တပ်မတော်အစိုးရလက်ထက်တွင် စေတီတည်ထားခဲ့သည့် နေရာဖြစ်ပါသည်။
Zawgyi
ခရိုနီဦးေတဇ၏ေကာင္းမႈျဖင့္ ေစတီတည္ထားသည့္ မလိချမစ္လယ္က နတ္ကၽြန္းသို႔တက္သည့္ ေလွခါးထစ္၌ သစ္လုံးႀကီးတစ္လုံး
ကန္႔လန္႔ျဖတ္ ေတာင္တင္ေန။
ပူတာအိုခရိုင္ မခ်မ္းေဘာ့ၿမိဳ႕နယ္ရွိ သဘာဝအေလ်ာက္ စိတ္ဝင္စားဖြယ္ရာေနရာတစ္ခုျဖစ္သည့္ မလိချမစ္လယ္က နတ္ကၽြန္း (ေဒသအ
ေခၚနတ္ေက်ာင္း) ေပၚ၌ တည္ထားေသာ ေစတီေပၚသို႔ တက္သည့္ ေလွခါးထစ္လမ္းကို သစ္လုံးႀကီးတစ္လုံး ကန္႔လန္႔ျဖတ္ေ
တာင္တင္ေနေၾကာင္း ေဒသခံမ်က္ျမင္မ်ားက ေျပာသည္။ၿပီးခဲ့သည့္သီတင္းပတ္က မလိချမစ္ေရႀကီးသျဖင့္ ေမၽွာပါလာသ
ည့္ သစ္လုံးျဖစ္သည္ဟု ေဒသခံတစ္ဦးက ဆိုသည္။ ယခင္က ျမစ္ေရႀကီးခဲ့ေသာ္လည္း ယခုလို ကၽြန္းေက်ာက္ေဆာင္ကမ္းပါးေပၚ
သစ္လုံးကန္႔လန္႔ပိတ္ညႇိေနသည္ကို မျမင္ဖူးခဲ့ေၾကာင္းလည္း ေျပာပါသည္။ေဒသတြင္း ခရီးသြားသူမ်ားအတြက္ လည္ပတ္စရာေ
နရာတစ္ေနရာျဖစ္ေသာ အဆိုပါ နတ္ကၽြန္း (နတ္ေက်ာင္း)၌ ေဒသခံမ်ားကန္႔ကြက္သည့္ၾကားက ခရိုနီဦးေတဇ၏ ေကာ
င္းမႈျဖင့္ တပ္မေတာ္အစိုးရလက္ထက္တြင္ ေစတီတည္ထားခဲ့သည့္ ေနရာျဖစ္ပါသည္။