ၾကားသိသမွ်

အရေးပေါ်ကာလအတွင်း လိုက်နာရမယ့် စည်းကမ်းတွေကို NUG ထပ်မံ ကြေညာ

အရေးပေါ်ကာလအတွင်း လိုက်နာရမယ့် စည်းကမ်းတွေကို NUG ထပ်မံ ကြေညာ

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ရဲ့ ကာကွယ်ရေး ဝန်ကြီးဌာနက၊ စက်တင်ဘာလ ၇ ရက် ဒီကနေ့ကစပြီး ပြည်သူ့ကာကွယ်ရေး

တပ်မတော် (PDF) အပါအဝင် ပြည်သူ့ကာကွယ်ရေးအဖွဲ့များတွေနဲ့ အထူးတပ်ဖွဲ့တွေအတွက် စစ်မြေပြင်မှာ လိုက်နာရမယ့် စည်းမျဉ်း၊

စည်းကမ်းတွေကို ကြေညာလိုက်ပါတယ်။

အဲဒီကြေညာချက်အထဲမှာ အထက်အမိန့်ကိုနာခံဖို့၊ မိမိတပ်ဖွဲ့အပေါ် သစ္စာရှိဖို့၊ မိမိလက်နက်ကို မိမိအသက်ကဲ့သို့ တန်ဖိုးထားဖို့၊ အရေးပေါ်

လိုအပ်ချက်အရ အရပ်သားပြည်သူပိုင်ပစ္စည်းတွေကို အသုံးပြုရပါက တန်ရာ တန်ကြေးပေးဖို့၊

သုံ့ပန်းတွေကို ညှဉ်းပန်းတာ သတ်ဖြတ်တာမလုပ်ဖို့နဲ့ သင့်လျော်တဲ့နေရာမှာ ထိန်းသိမ်းထားဖို့၊ မိမိရဲမေတွေအပေါ်မှာဖြစ်စေ အရပ်သား

အမျိုးသမီးတွေ အပေါ်မှာဖြစ်စေ လိင်ပိုင်းဆိုင်ရာ ထိပါးနှောက်ယှက်တာမလုပ်ဖို့နဲ့ ရန်သူ့ထံက သိမ်းဆည်းရမိမယ့် ငွေ၊ လက်နက်၊ ပစ္စည်း

တွေကို သက်ဆိုင်ရာတပ်မှူးထံ စာရင်းနဲ့တကွ အပ်နှံဖို့ စတာတွေပါဝင်ပါတယ်။

ပြည်သူ့တော်လှန်ရေးစစ်သည်တွေအားလုံး ဒီစည်းမျဉ်း စည်းကမ်းတွေကို အစဉ်လိုက်နာစေရေးအတွက် သက်ဆိုင်ရာ တပ်မှူးတွေက

နှိုးဆော်ကြပ်မတ်ဖို့လည်း ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ကြေညာချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က အာဏာသိမ်းစစ်ကောင်စီကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ တိုက်ခိုက်ဖို့ စက်တင်ဘာ ၇ ရက်နေ့

ဒီကနေ့စတင်ပြီး နိုင်ငံတော်ကို အရေးပေါ်အခြေအနေအဖြစ် ကြေညာခဲ့တာဖြစ်ပါတယ်။

Zawgyi

အေရးေပၚကာလအတြင္း လိုက္နာရမယ့္ စည္းကမ္းေတြကို NUG ထပ္မံ ေၾကညာ

အမ်ိဳးသားညီညြတ္ေရးအစိုးရ(NUG) ရဲ့ ကာကြယ္ေရး ဝန္ႀကီးဌာနက၊ စက္တင္ဘာလ ၇ ရက္ ဒီကေန႔ကစၿပီး ျပည္သူ႔ကာကြယ္ေရး

တပ္မေတာ္ (PDF) အပါအဝင္ ျပည္သူ႔ကာကြယ္ေရးအဖြဲ႕မ်ားေတြနဲ႔ အထူးတပ္ဖြဲ႕ေတြအတြက္ စစ္ေျမျပင္မွာ လိုက္နာရမယ့္ စ

ည္းမ်ဥ္း၊ စည္းကမ္းေတြကို ေၾကညာလိုက္ပါတယ္။

အဲဒီေၾကညာခ်က္အထဲမွာ အထက္အမိန႔္ကိုနာခံဖို႔၊ မိမိတပ္ဖြဲ႕အေပၚ သစၥာရွိဖို႔၊ မိမိလက္နက္ကို မိမိအသက္ကဲ့သို႔ တန္ဖိုးထားဖို႔၊ အေရးေပၚ

လိုအပ္ခ်က္အရ အရပ္သားျပည္သူပိုင္ပစၥည္းေတြကို အသုံးျပဳရပါက တန္ရာ တန္ေၾကးေပးဖို႔၊

သုံ႔ပန္းေတြကို ညႇဥ္းပန္းတာ သတ္ျဖတ္တာမလုပ္ဖို႔နဲ႔ သင့္ေလ်ာ္တဲ့ေနရာမွာ ထိန္းသိမ္းထားဖို႔၊ မိမိရဲေမေတြအေပၚ

မွာျဖစ္ေစ အရပ္သား အမ်ိဳးသမီးေတြ အေပၚမွာျဖစ္ေစ လိင္ပိုင္းဆိုင္ရာ ထိပါးေႏွာက္ယွက္တာမလုပ္ဖို႔နဲ႔ ရန္သူ႔ထံက သိမ္းဆည္းရမိမ

ယ့္ ေငြ၊ လက္နက္၊ ပစၥည္းေတြကို သက္ဆိုင္ရာတပ္မႉးထံ စာရင္းနဲ႔တကြ အပ္ႏွံဖို႔ စတာေတြပါဝင္ပါတယ္။

ျပည္သူ႔ေတာ္လွန္ေရးစစ္သည္ေတြအားလုံး ဒီစည္းမ်ဥ္း စည္းကမ္းေတြကို အစဥ္လိုက္နာေစေရးအတြက္ သက္ဆိုင္ရာ တပ္မႉးေတြက

ႏွိုးေဆာ္ၾကပ္မတ္ဖို႔လည္း ကာကြယ္ေရးဝန္ႀကီး ဦးရည္မြန္က ေၾကညာခ်က္မွာ ထည့္သြင္းေဖာ္ျပထားပါတယ္။

အမ်ိဳးသားညီညြတ္ေရးအစိုးရ (NUG) က အာဏာသိမ္းစစ္ေကာင္စီကို တစ္နိုင္ငံလုံးအတိုင္းအတာနဲ႔ တိုက္ခိုက္ဖို႔ စက္တင္ဘာ ၇ ရက္ေန႔

ဒီကေန႔စတင္ၿပီး နိုင္ငံေတာ္ကို အေရးေပၚအေျခအေနအျဖစ္ ေၾကညာခဲ့တာျဖစ္ပါတယ္။