ဦးနေဝင်းခေတ်တုန်းက အခုခေတ်လိုပဲ ငါးသိုင်းချောင်းရဲစခန်းကို ဝင်စီးပြီး လက်နက်တွေ လုပြေးခဲ့တဲ့
တော်လှန်ရေးမယ်တစ်ယောက် ရှိခဲ့ဖူးတယ်။ ရဲ ၁၁ ယောက် သေတဲ့အထိ လက်သံပြောင်ပြောင်နဲ့ ဝင်စီးခဲ့တဲ့အဖွဲ့ကို
ခေါင်းဆောင်တာက နစ်ဖြူမယ် (ခေါ်) မစိန်ဝင်း။ပြည်သူတွေကြားမှာတော့ သူ့ကို နို့တလုံးစိန် ဆိုပြီးသိကြတယ်။
နို့တစ်လုံးတည်းပါလို့ မဟုတ်ဘူး။ တောခိုကြတဲ့အမျိုးသမီးတွေထဲမှာ စိတ်ဓါတ်ပြင်းထန်တယ်။
တိုက်ရည်ခိုက်ရည်ကောင်းပြီး သတ္တိရှိတဲ့နေရာမှာ သူလိုလူ တစ်ယောက်မှမရှိ၊ No one လို့ တင်စားပြီး နိုးဝမ်းစိန်
အဲ့ကနေ တချို့တွေက နိုးတစ်လုံးစိန် ခေါ်ရာကနေ နို့တလုံးစိန်ဆိုတဲ့ နာမည်တွင်သွားတာ။
ပစ္စတို ခါးကြားမှာ အမြဲချိတ်ထားတတ်တယ်။ ငသိုင်းချောင်းရဲစခန်းကို ဝင်စီးတုန်းက
နို့တလုံးစိန်က အရပ်ဝတ်၊ သူ့ရဲဘော်တွေက မြန်မာစစ်တပ်ယူနီဖောင်းတွေ ဝတ်ပြီး ကျုံပျော်ကို ရိက္ခာသွားပို့တဲ့ကား
အပြန်ကို ချုံခိုစောင့်နေတာ။ ကားပြန်အလာမှာ နို့တလုံးစိန်နဲ့ ရဲဘော်တယောက်က လမ်းမပေါ်ထွက်လာပြီး
ကားနဲ့လမ်းကြုံလိုက်ဖို့ ကားကိုတားတယ်။ စစ်သားယူနီဖောင်းနဲ့ဆိုတော့ ရပ်ပေးလိုက်ပြီး မေးတော့ကျမှ
ဖွက်လာတဲ့သေနတ်နဲ့ ကားသမားကို ထုတ်ချိန်၊ ကားသမားနဲ့အဖော်ကို ဆင်းခိုင်းပြီး ကားကိုအပိုင်စီး၊ စစ်ယူဖောင်းဝတ်ထားတဲ့
တခြားရဲဘော်တွေကို တင်ပြီး ငသိုင်းချောင်းရဲစခန်းထဲ ခပ်တည်တည်နဲ့ မောင်းချလာတာ။
ရဲစခန်းဝင်းထဲရောက်မှ ကားပေါ်က အကုန်ဆင်းပြီး ရဲတွေအကုန်ပစ် …
ရဲတွေလည်း အငိုက်မိသွားတော့ အတုံးအရုန်းပဲ။
ရဲစခန်းထဲက လက်နက်တွေ အကုန်ယူပြီး ကားနဲ့လှေဆိပ်ကိုသွား၊ စောင့်နေတဲ့စက်လှေပေါ် တက်၊
ငဝန်မြစ်ကိုကူးပြီး အနောက်ရိုးမပေါ် တက်ပြေးတာ။
စစ်ကူတွေ ရောက်လာချိန်ကျ တယောက်မှတောင် မတွေ့တော့။
ဧရာဝတီတိုင်းဘက်မှာ နာမည်ကြီးခဲ့တဲ့ နို့တလုံးစိန်ရဲ့ စွန့်စားခန်းပေါ့။
Credit
Zawgyi
ဦးေနဝင္းေခတ္တုန္းက အခုေခတ္လိုပဲ ငါးသိုင္းေခ်ာင္းရဲစခန္းကို ဝင္စီးၿပီး လက္နက္ေတြ လုေျပးခဲ့တဲ့
ေတာ္လွန္ေရးမယ္တစ္ေယာက္ ရွိခဲ့ဖူးတယ္။ ရဲ ၁၁ ေယာက္ ေသတဲ့အထိ လက္သံေျပာင္ေျပာင္နဲ႔ ဝင္စီးခဲ့တဲ့အဖြဲ႕ကို
ေခါင္းေဆာင္တာက နစ္ျဖဴမယ္ (ေခၚ) မစိန္ဝင္း။ျပည္သူေတြၾကားမွာေတာ့ သူ႔ကို နို႔တလုံးစိန္ ဆိုၿပီးသိၾကတယ္။
နို႔တစ္လုံးတည္းပါလို႔ မဟုတ္ဘူး။ ေတာခိုၾကတဲ့အမ်ိဳးသမီးေတြထဲမွာ စိတ္ဓါတ္ျပင္းထန္တယ္။
တိုက္ရည္ခိုက္ရည္ေကာင္းၿပီး သတၱိရွိတဲ့ေနရာမွာ သူလိုလူ တစ္ေယာက္မွမရွိ၊ No one လို႔ တင္စားၿပီး နိုးဝမ္းစိန္
အဲ့ကေန တခ်ိဳ႕ေတြက နိုးတစ္လုံးစိန္ ေခၚရာကေန နို႔တလုံးစိန္ဆိုတဲ့ နာမည္တြင္သြားတာ။
ပစၥတို ခါးၾကားမွာ အျမဲခ်ိတ္ထားတတ္တယ္။ ငသိုင္းေခ်ာင္းရဲစခန္းကို ဝင္စီးတုန္းက
နို႔တလုံးစိန္က အရပ္ဝတ္၊ သူ႔ရဲေဘာ္ေတြက ျမန္မာစစ္တပ္ယူနီေဖာင္းေတြ ဝတ္ၿပီး က်ဳံေပ်ာ္ကို ရိကၡာသြားပို႔တဲ့ကား
အျပန္ကို ခ်ဳံခိုေစာင့္ေနတာ။ ကားျပန္အလာမွာ နို႔တလုံးစိန္နဲ႔ ရဲေဘာ္တေယာက္က လမ္းမေပၚထြက္လာၿပီး
ကားနဲ႔လမ္းၾကဳံလိုက္ဖို႔ ကားကိုတားတယ္။ စစ္သားယူနီေဖာင္းနဲ႔ဆိုေတာ့ ရပ္ေပးလိုက္ၿပီး ေမးေတာ့က်မွ
ဖြက္လာတဲ့ေသနတ္နဲ႔ ကားသမားကို ထုတ္ခ်ိန္၊ ကားသမားနဲ႔အေဖာ္ကို ဆင္းခိုင္းၿပီး ကားကိုအပိုင္စီး၊ စစ္ယူေဖာင္းဝတ္ထားတဲ့
တျခားရဲေဘာ္ေတြကို တင္ၿပီး ငသိုင္းေခ်ာင္းရဲစခန္းထဲ ခပ္တည္တည္နဲ႔ ေမာင္းခ်လာတာ။
ရဲစခန္းဝင္းထဲေရာက္မွ ကားေပၚက အကုန္ဆင္းၿပီး ရဲေတြအကုန္ပစ္ …
ရဲေတြလည္း အငိုက္မိသြားေတာ့ အတုံးအ႐ုန္းပဲ။
ရဲစခန္းထဲက လက္နက္ေတြ အကုန္ယူၿပီး ကားနဲ႔ေလွဆိပ္ကိုသြား၊ ေစာင့္ေနတဲ့စက္ေလွေပၚ တက္၊
ငဝန္ျမစ္ကိုကူးၿပီး အေနာက္ရိုးမေပၚ တက္ေျပးတာ။
စစ္ကူေတြ ေရာက္လာခ်ိန္က် တေယာက္မွေတာင္ မေတြ႕ေတာ့။
ဧရာဝတီတိုင္းဘက္မွာ နာမည္ႀကီးခဲ့တဲ့ နို႔တလုံးစိန္ရဲ့ စြန႔္စားခန္းေပါ့။
Credit