ၾကားသိသမွ်

တော်လှန်ရေး စတင်ကြောင်း NUG ရဲ့ ယာယီ သမ္မတ ဒူဝါလရှီးလ ရဲ့ကြေညာချက်အပြည့်အစုံ (ရုပ်သံ)

တော်လှန်ရေး စတင်ကြောင်း NUG ကြေညာ

စက်တင်ဘာ ၇ ရက် က စပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး ပြည်သူလူထုရဲ့ တော်လှန်ရေး စတင်ပြီလို့ အမျိုးသား ညီညွတ်ရေး အစိုးရ

NUG ရဲ့ ယာယီ သမ္မတ ဒူဝါလရှီးလက အာဏာသိမ်း စစ်ကောင်စီ အပေါ် စစ်ကြေညာ လိုက်ပါတယ်။

စစ်အုပ်ချူပ်ရေးကို တနိုင်ငံလုံး လှည်းနေလှေအောင်း မြင်းဇောင်းမကျန် တွန်းလှန် တိုက်ဖျက်ကြ ဆိုပြီး NUG သမ္မတက ပန်ကြားပါတယ်။

ပြည်သူ့ကာကွယ်ရေး PDF တပ်များ အနေနဲ့ မိမိတို့ ဒေသထဲမှာ ရှိနေတဲ့ စစ်အာဏာရှင်နဲ့ ဒေါက်တိုင်တွေကို ပစ်မှတ်ထား ထိန်းချုပ်ကြ ဆို

ပြီးတော့လည်း ကြေညာချက်ထဲ ပါဝင်ပါတယ်။

စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး အားလုံး အလုပ်နေရာတွေကနေ ချက်ခြင်း စွန့်ခွာကြ၊ PDF တွေ အနေနဲ့ အများပြည်သူရဲ့ အသက်အိုးအိမ်

စည်းစိမ်ကို သတိထား ကာကွယ် စောင့်ရှောက်၊ ပြည်သူ့ကာကွယ်ရေး တပ်မတော်က ထုတ်ပြန်ထားတဲ့ စစ်ဘက်ဆိုင်ရာ စည်းမျဥ်း

စည်းကမ်းတွေကို တသွေမတိမ်း လိုက်နာကြပါ ဆိုပြီးတော့လည်း ဒူဝါလရှီးလက ညွှန်ကြားပါတယ်။

စစ်ကောင်စီ တပ်တွေရဲ့ လှုပ်ရှားမှု သတင်းတွေကို ပြည်သူ့ကာကွယ်ရေးတပ်တွေထံ အကြောင်းကြားဖို့နဲ့ ပြည်သူ့ ကာကွယ်ရေးတပ်တွေ

ကို တတ်နိုင်သမျှ ကူညီကြဖို့ ဆိုပြီးတော့လည်း ပြည်သူလူထုကို NUG သမ္မတက ပန်ကြားထားတာကို သူ့ရဲ့ မိန့်ခွန်းထဲ တွေ့ရပါတယ်။

အခုတော်လှန်ရေးဟာ တရားမျှတတဲ့ တော်လှန်ရေး၊ ရေရှည် ငြိမ်းချမ်းရေးနဲ့ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးအတွက် မရှိမဖြစ်

လိုအပ်တဲ့ တော်လှန်ရေး ဖြစ်တယ်လို့လည်း ဒူဝါလရှီးလက ထည့်သွင်းပြောဆို သွားပါတယ်။

Zawgyi

ေတာ္လွန္ေရး စတင္ေၾကာင္း NUG ေၾကညာ

စက္တင္ဘာ ၇ ရက္ က စၿပီး စစ္အာဏာရွင္ ဆန္႔က်င္ေရး ျပည္သူလူထုရဲ့ ေတာ္လွန္ေရး စတင္ၿပီလို႔ အမ်ိဳးသား ညီညြတ္ေရး အစိုးရ

NUG ရဲ့ ယာယီ သမၼတ ဒူဝါလရွီးလက အာဏာသိမ္း စစ္ေကာင္စီ အေပၚ စစ္ေၾကညာ လိုက္ပါတယ္။

စစ္အုပ္ခ်ဴပ္ေရးကို တနိုင္ငံလုံး လွည္းေနေလွေအာင္း ျမင္းေဇာင္းမက်န္ တြန္းလွန္ တိုက္ဖ်က္ၾက ဆိုၿပီး NUG သမၼတက ပ

န္ၾကားပါတယ္။ျပည္သူ႔ကာကြယ္ေရး PDF တပ္မ်ား အေနနဲ႔ မိမိတို႔ ေဒသထဲမွာ ရွိေနတဲ့ စစ္အာဏာရွင္နဲ႔ ေဒါက္တိုင္ေတြကို ပစ္မွတ္

ထား ထိန္းခ်ဳပ္ၾက ဆိုၿပီးေတာ့လည္း ေၾကညာခ်က္ထဲ ပါဝင္ပါတယ္။

စစ္ေကာင္စီခန္႔ အုပ္ခ်ဳပ္ေရးမႉး အားလုံး အလုပ္ေနရာေတြကေန ခ်က္ျခင္း စြန္႔ခြာၾက၊ PDF ေတြ အေနနဲ႔ အမ်ားျပည္သူရဲ့ အ

သက္အိုးအိမ္ စည္းစိမ္ကို သတိထား ကာကြယ္ ေစာင့္ေရွာက္၊ ျပည္သူ႔ကာကြယ္ေရး တပ္မေတာ္က ထုတ္ျပန္ထားတဲ့ စစ္ဘက္ဆိုင္ရာ စည္းမ်

ဥ္းစည္းကမ္းေတြကို တေသြမတိမ္း လိုက္နာၾကပါ ဆိုၿပီးေတာ့လည္း ဒူဝါလရွီးလက ညႊန္ၾကားပါတယ္။

စစ္ေကာင္စီ တပ္ေတြရဲ့ လႈပ္ရွားမႈ သတင္းေတြကို ျပည္သူ႔ကာကြယ္ေရးတပ္ေတြထံ အေၾကာင္းၾကားဖို႔နဲ႔ ျပည္သူ႔ ကာ

ကြယ္ေရးတပ္ေတြကို တတ္နိုင္သမၽွ ကူညီၾကဖို႔ ဆိုၿပီးေတာ့လည္း ျပည္သူလူထုကို NUG သမၼတက ပန္ၾကားထားတာကို

သူ႔ရဲ့ မိန္႔ခြန္းထဲ ေတြ႕ရပါတယ္။

အခုေတာ္လွန္ေရးဟာ တရားမၽွတတဲ့ ေတာ္လွန္ေရး၊ ေရရွည္ ၿငိမ္းခ်မ္းေရးနဲ႔ ဖက္ဒရယ္ ျပည္ေထာင္စု တည္ေဆာက္ေ

ရးအတြက္ မရွိမျဖစ္ လိုအပ္တဲ့ ေတာ္လွန္ေရး ျဖစ္တယ္လို႔လည္း ဒူဝါလရွီးလက ထည့္သြင္းေျပာဆို သြားပါတယ္။