ၾကားသိသမွ်

ပြန့်ကျဲနေသော စစ်ကောင်စီစစ်တပ်အလောင်းများကိုမြှုပ်ရန် စေတနာ့ဝန်ထမ်းအဖွဲ့နှင့် ညှိနှိုင်း

ပြန့်ကျဲနေသော စစ်ကောင်စီစစ်တပ်အလောင်းများကိုမြှုပ်ရန် စေတနာ့ဝန်ထမ်းအဖွဲ့နှင့် ညှိနှိုင်း
စက်တင်ဘာ ၆၊ ၂၀၂၁
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ် ခရိုင်၊ မုံးကိုးမြို့နယ်ခွဲ နှင့် ပန်ဆိုင်း (ကြူကုတ်) မြို့နယ်ခွဲအတွင် စစ်ကောင်စီနဲ့ MNDAA တို့အကြား
တိုက်ပွဲတွင် သေဆုံးသွားသော စစ်ကောင်စီ အလောင်းတွေကို မြှုပ်ရန် ဒေသခံ စေတနာ့ဝန်ထမ်းအဖွဲ့နှင့် ညှိနှိုင်းခဲ့ရကြောင်း ကိုးကန့်
သတင်းတွင် ဖော်ပြထားသည်။သြဂုတ်လကုန်ပိုင်းမှ စက်တင်ဘာလဆန်းပိုင်းအထိ စစ်ကောင်စီနှင့် ကိုးကန့် MNDAA တပ်တို့ တိုက်ပွဲ
ဖြစ်ပွားနေစဉ် စစ်ကောင်စီတပ်အလောင်းများကို လမ်းဘေးတွင် ဖရိုဖရဲ ပစ်ထားခဲ့ကြောင်း ဖော်ပြထားသည်။
စက်တင်ဘာ ၃ ရက်နေ့ ပန်ဆိုင်း (ကြူကုတ်) မြို့အထွက် နမ့်ဟူးဘက်‌ ချောင်းဘေးနားတွင်လည်း စစ်ကောင်စီ တပ်သားတစ်ဦးအလောင်း
ကို ထပ်မံ တွေ့ရှိခဲ့ကြောင်း ဒေသခံ တစ်ဦးက ပြောသည်။
“ဟုတ်တယ်။ တနေ့က စစ်သား အလောင်း တစ်လောင်း တွေ့တယ်။ ၃၀ ရက်နေ့က အကျန် ထင်တယ်။ အဲနေ့က ၂၀ လောက်သေတယ်”
လို့ သူက ပြောပါတယ်။
သြဂုတ်လ ၂၈ ရက်‌နေ့ မှ ဩဂုတ်လ ၃၁ ရက်ရက်နေ့အထိ နယ်စပ်တစ်လျှောက် တိုက်ပွဲတွင်လည်း စစ်ကောင်စီဘက်မှ သေဆုံးသူ
အနည်းဆုံး ၈၀ ကျော်ရှိခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် တရုတ်နယ်စပ်ဖြစ်သော မုံးကိုး ဖောင်းဆိုင်ဒေသတစ်ဝိုက်တွင် စစ်ကောင်စီတပ်နှင့် ကိုးကန့်
MNDAA တို့ကြား နေ့စဉ် တိုက်ပွဲ ပြင်းထန်နေဆဲ ဖြစ်သည်။
Zawgyi
ျပန႔္က်ဲေနေသာ စစ္ေကာင္စီစစ္တပ္အေလာင္းမ်ားကိုျမႇုပ္ရန္ ေစတနာ့ဝန္ထမ္းအဖြဲ႕ႏွင့္ ညႇိႏွိုင္း
စက္တင္ဘာ ၆၊ ၂၀၂၁
ရွမ္းျပည္နယ္ေျမာက္ပိုင္း မူဆယ္ ခရိုင္၊ မုံးကိုးၿမိဳ႕နယ္ခြဲ ႏွင့္ ပန္ဆိုင္း (ၾကဴကုတ္) ၿမိဳ႕နယ္ခြဲအတြင္ စစ္ေကာင္စီနဲ႔ MNDAA
တို႔အၾကားတိုက္ပြဲတြင္ ေသဆုံးသြားေသာ စစ္ေကာင္စီ အေလာင္းေတြကို ျမႇုပ္ရန္ ေဒသခံ ေစတနာ့ဝန္ထမ္းအဖြဲ႕ႏွင့္
ညႇိႏွိုင္းခဲ့ရေၾကာင္း ကိုးကန႔္သတင္းတြင္ ေဖာ္ျပထားသည္။
ၾသဂုတ္လကုန္ပိုင္းမွ စက္တင္ဘာလဆန္းပိုင္းအထိ စစ္ေကာင္စီႏွင့္ ကိုးကန႔္ MNDAA တပ္တို႔ တိုက္ပြဲျဖစ္ပြားေနစဥ္ စစ္ေကာင္စီတပ္
အေလာင္းမ်ားကို လမ္းေဘးတြင္ ဖရိုဖရဲ ပစ္ထားခဲ့ေၾကာင္း ေဖာ္ျပထားသည္။
စက္တင္ဘာ ၃ ရက္ေန႔ ပန္ဆိုင္း (ၾကဴကုတ္) ၿမိဳ႕အထြက္ နမ့္ဟူးဘက္‌ ေခ်ာင္းေဘးနားတြင္လည္း စစ္ေကာင္စီ တပ္သားတစ္ဦးအေလာ
င္းကို ထပ္မံ ေတြ႕ရွိခဲ့ေၾကာင္း ေဒသခံ တစ္ဦးက ေျပာသည္။
“ဟုတ္တယ္။ တေန႔က စစ္သား အေလာင္း တစ္ေလာင္း ေတြ႕တယ္။ ၃၀ ရက္ေန႔က အက်န္ ထင္တယ္။ အဲေန႔က ၂၀ ေလာက္ေ
သတယ္” လို႔ သူက ေျပာပါတယ္။
ၾသဂုတ္လ ၂၈ ရက္‌ေန႔ မွ ဩဂုတ္လ ၃၁ ရက္ရက္ေန႔အထိ နယ္စပ္တစ္ေလၽွာက္ တိုက္ပြဲတြင္လည္း စစ္ေကာင္စီဘက္မွ ေသဆုံးသူ အနည္း
ဆုံး ၈၀ ေက်ာ္ရွိခဲ့ေၾကာင္း သိရသည္။
ရွမ္းျပည္နယ္ေျမာက္ပိုင္း မူဆယ္ခရိုင္ တ႐ုတ္နယ္စပ္ျဖစ္ေသာ မုံးကိုး ေဖာင္းဆိုင္ေဒသတစ္ဝိုက္တြင္ စစ္ေကာင္စီတပ္ႏွင့္ ကိုးက
န႔္ MNDAA တို႔ၾကား ေန႔စဥ္ တိုက္ပြဲ ျပင္းထန္ေနဆဲ ျဖစ္သည္။