စစ်ရေးအခင်းအကျင်းနဲ့ကစားခြင်းကတော့စပါတော့မယ်……..
ဒီနေ့ဟာ စက်တင်ဘာလ(6)ရက် ထိရှိလာခဲ့ပြီ ဖြစ်တယ်၊ အာဏာ သိမ်းချိန်ကလည်း(7)လကျော်ထိ ကြာမြင့်ခဲ့ပြီဗျ၊ပြည်သူလူထု ဘက်က
လည်း မလျှော့သောဇွဲနဲ့ တော်လှန်နေကြ တုန်းပါဘဲ။
တစ်ချိူ့သော အရာတွေကို စားပွဲဝိုင်းမှာဆွေးနွေး ဖြေရှင်းလို့ ရပါတယ်၊အာဏာရှင်နဲ့ ပတ်သက် သမျှတော့ဘယ်စားပွဲဝိုင်းမှာမှ အဖြေရှာလို့
မရနိူင်ပါဘူး၊ အာဏာရှင်တွေဟာ ရက်စက်ကြမ်းကြုတ်တဲ့ ကိစ္စရပ်တွေကို များစွှာကျူးလွန် ထားခြင်းကြောင့် ဖြစ်ပါတယ်။
UNက စက်တင်ဘာလ (14)ရက် နေ့မှာမြန်မာအစိုးရ NUGကို တရားဝင်အသိအမှတ် ပြုသည်ဖြစ်စေ မပြုသည်ဖြစ်စေ စစ်ကြီးကတော့
အမှန်ဖြစ်လာတော့မှာပါ။ဒါကတော့ မြန်မာပြည်သားအကုန်သိသလို စကစ ဘက်ကလည်းသိနေပါတယ်။
စကစတပ်ဟာ ထိုးစစ်နဲ့အတူ တိုင်းရင်းသား တပ်မဟာ တွေဘက်ကို စစ်ခေါင်းတည်ထား ပြီးသား ဖြစ်တယ်၊သူ့ဘက်ကလေတပ်ကလွဲရင်
ခြေလျှင်တပ်အင်အား အကုန်ထုတ်သုံးထားခြင်း ဖြစ်ပါတယ်ဗျ၊ဒီပွဲကနောက်ဆုံးပွဲဘဲ မဟုတ်ပါလား။
သူတို့ ထွှက်ပြေးချိန်ရအောင် နယ်ပြည်တော်တစ်ဝိုက်လောက်မှာဘဲ အင်အားနည်းနည်း ကျန်နေပါ လိမ့်မယ်။လောလောဆယ်မှာ ထိုးစစ်
ကြီး မစသေးဘူး ဆိုတာက UNရဲ့(14)ရက်နေ့အစည်းအဝေးကို သူ့ဘက်ကိုယ့်ဘက်မျှော်ရုံ အဆင့်မျိူး ဆိုပါတော့။
စကစ ကြောက်တာက သူတို့ တပ်ဖွဲ့တွေနေ့စဉ် ထွှက်ပြေးနေတာကို ပိုလို့သွေးပျက်လာခြင်း ဖြစ်တယ်၊ဒါကြောင့်ရှေ့တန်းကို အကုန်နီးပါး
ပို့ထားတာပါ၊အကုန် သေရင်လည်း မအလဂရု မစိုက်ပါဘူး၊သူအသက်ရှင်ဖို့ဘဲ အဓိက တွေးနေတဲ့ အခြေအနေမျိူး ရောက်နေတာပါ။
ကျဆုံးတော့မဲ့ မအလ ဆောက်တည်ရာမရ ဖြစ်လာတော့ သူ့ပထွေးကိုတောင်လှန်းခေါ်ပြီး ရက်ကို ရသလောက် ဆွဲဆန့်ခိုင်းနေ ပါပြီ၊ဘာလို့
စစ်ပွဲနီးပြီလဲဆိုရင်တော့ Tရုတ်နဲ့ အာဆီယံဟာချက်ချင်း ပွဲထွှက်လာလို့ ပါဘဲ၊ဒီနိူင်ငံတွေက စစ်ရေးစစ်ရာ ဖြစ်တော့မယ်ဆိုတာ သူတို့က ပို
လို့သိကြ ပါတယ်။
အဲဒီတော့ Dday ကိုမျှော် စစ်ကြီးကိုခေါ်နေကြတဲ့ မြန်မာပြည်သူတွေ အတွှက် ဆုလဒ်(သို့)အာဏာရှင် အမြှစ်ပြတ်ရေးမကြာခင်ဘဲ နွဲကြရ
ပါလိမ့်မယ်။
ဒါကြောင့် အဆင်သင့် ဖြစ်နေဖို့ ပြောနေရခြင်း ဖြစ်ပါတယ်၊ကုန်ကုန် ပြောရင်တော့ အနိူင်သေချာတဲ့ပွဲကို ပါဝင်နွဲကြရုံဆိုပါတော့ဗျာ။
စစ်နည်းဗျူဟာ တိုင်းရင်းသားတပ်မဟာတွေဘက်က အများကြီးသာပါတယ်ဗျ၊ အိုနာကျိူးကန်း စစ်ပန်းနေတဲ့စကစတပ် အလဲအကွဲ
ထွက်ပြေးကြရမဲ့နေ့ရက်တွေ သိပ်နီးလာပါပြီလို့ ပြောကြားပါရစေ။
ဒီလ မကုန် စစ်ရေးဆုံကြရတော့မယ်လို့အတိအကျ ထင်မြင်မိ ပါတယ်ဗျာ၊အဓိက အချက်တစ်ခုဘဲ လိုတယ်၊အချင်းချင်း သွေးကွဲမူ့တွေ ကြုံ
လာရင်ခဏမေ့ထား အရေးကြီးတဲ့ တစ်ခုကိုသာ ဦးတည် သွားဖို့ လိုတယ်နော်။
ဒါဆိုရင် သေချာပေါက် အောင်ပြီဘဲ”
ငါတို့ လက်တွဲ မဖြုတ်ကြေး”
အရေးတော်ပုံ သေချာပေါက်အောင်မြင်ပါလိမ့်မယ်။
နေမိုး/တောင်ပိုင်းသား