ၾကားသိသမွ်

စစ်ကောင်စီ အတုအယောင်စီမံကိန်းများကို တိုက်ခိုက်အရေးယူမည်ဟု CDF ကြေညာ

အကြမ်းဖက်စစ်ကောင်စီသည် ပြည်သူ့ဝန်ဆောင်မှု၊ ဒေသတွင်းဖွံ့ဖြိုးရေးစသော အတု အယောင် စီမံကိန်းများဖြင့် ဒေသတွင်း နယ်မြေစိုးမိုး
ရေးနှင့် တော်လှန်ရေးအင်အားစုများ၏ လှုပ်ရှားမှုများအပေါ်စုံစမ်းထောက်လှမ်းနေကြောင်းနှင့် ယင်းစီမံကိန်းအကောင်အထည်ဖော်ခွင့်များ
အား ပိတ်ပင်တားမြစ်ကြောင်း Chin land Defense Force က ယနေ့ ထုတ်ပြန်လိုက်သည်။
ချင်းကာကွယ်ရေးတပ်ဖွဲ့အနေဖြင့် တည်ဆဲဘတ်ဂျက်၏ တင်ဒါလုပ်ငန်းများကို ၂၀၂၁ ခုနှစ် စက်တင်ဘာလကုန်အထိသာ လုပ်ပိုင်ခွင့်ပေး
မည်ဖြစ်ပြီး တရားဝင်အစိုးရတစ်ရပ်ပေါ်ပေါက်လာသည်အထိ အတုအယောင်စီမံကိန်းများအား လုပ်ကိုင်အကောင်အထည်ဖော်ခွင့် ပိတ်ပင်
ထားမည်ဟု ဆိုသည်။
မတရားအာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီကို အမြစ်ပြတ်ချေမှုန်းရန်၊ မိမိဒေသကာကွယ်ရန်နှင့် ဒီမိုကရေစီအခြေခံဖြစ်သော လွတ်လပ်
ခြင်း၊ တရားမျှတခြင်းနှင့် တန်းတူအာမခံချက်ရှိသော ဖက်ဒရယ်ဒီမိုကရေစီလမ်းကြောင်းဖြင့် ပြည်သူ့အစိုးရပေါ်ပေါက်လာသည်အထိ
အာဏာသိမ်းစစ်အုပ်စု၏ မည်သို့သော လုပ်ငန်းနှင့် စီမံကိန်းမျိုးမဆို ဆန့်ကျင်တိုက်ခိုက်ရန် ပြည်သူများအနေဖြင့် တာဝန်ရှိသည်ဟု ခံယူ
ကြောင်း ထုတ်ပြန်ထားသည်။
ယခု ထုတ်ပြန်ချက်ကို လိုက်နာခြင်းမပြုသော ကုမ္ပဏီအဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ်များအား အကြမ်းဖက်အဖွဲ့နှင့် ပူးပေါင်းသူများအဖြစ်
သတ်မှတ်မည်ဖြစ်ပြီး ပိုင်ဆိုင်သောပစ္စည်းများကို ပြည်သူပိုင်အဖြစ် သိမ်းဆည်းခြင်း သို့မဟုတ် တိုက်ခိုက်အရေးယူခံရမည်ဖြစ်ကြောင်း
CDF မှ သတိပေးထုတ်ပြန်ထားသည်။
Zawgyi
အၾကမ္းဖက္စစ္ေကာင္စီသည္ ျပည္သူ႔ဝန္ေဆာင္မႈ၊ ေဒသတြင္းဖြံ့ၿဖိဳးေရးစေသာ အတု အေယာင္ စီမံကိန္းမ်ားျဖင့္ ေဒသ
တြင္း နယ္ေျမစိုးမိုးေရးႏွင့္ ေတာ္လွန္ေရးအင္အားစုမ်ား၏ လႈပ္ရွားမႈမ်ားအေပၚစုံစမ္းေထာက္လွမ္းေနေၾကာင္းႏွင့္ ယ
င္းစီမံကိန္းအေကာင္အထည္ေဖာ္ခြင့္မ်ားအား ပိတ္ပင္တားျမစ္ေၾကာင္း Chin land Defense Force က ယေန႔ ထုတ္ျပန္လိုက္သည္။
ခ်င္းကာကြယ္ေရးတပ္ဖြဲ႕အေနျဖင့္ တည္ဆဲဘတ္ဂ်က္၏ တင္ဒါလုပ္ငန္းမ်ားကို ၂၀၂၁ ခုႏွစ္ စက္တင္ဘာလကုန္အထိသာ လုပ္ပိုင္ခြင့္ေပးမည္ျဖ
စ္ၿပီး တရားဝင္အစိုးရတစ္ရပ္ေပၚေပါက္လာသည္အထိ အတုအေယာင္စီမံကိန္းမ်ားအား လုပ္ကိုင္အေကာင္အထည္ေဖာ္ခြင့္ ပိတ္ပင္ထားမည္ဟု ဆိုသည္။
မတရားအာဏာသိမ္းအၾကမ္းဖက္စစ္ေကာင္စီကို အျမစ္ျပတ္ေခ်မႈန္းရန္၊ မိမိေဒသကာကြယ္ရန္ႏွင့္ ဒီမိုကေရစီအေျခခံျဖ
စ္ေသာ လြတ္လပ္ျခင္း၊ တရားမၽွတျခင္းႏွင့္ တန္းတူအာမခံခ်က္ရွိေသာ ဖက္ဒရယ္ဒီမိုကေရစီလမ္းေၾကာင္းျဖင့္ ျပည္
သူ႔အစိုးရေပၚေပါက္လာသည္အထိ အာဏာသိမ္းစစ္အုပ္စု၏ မည္သို႔ေသာ လုပ္ငန္းႏွင့္ စီမံကိန္းမ်ိဳးမဆို ဆန႔္က်င္တိုက္ခိုက္ရန္ ျပည္သူမ်ားအေနျဖ
င့္ တာဝန္ရွိသည္ဟု ခံယူေၾကာင္း ထုတ္ျပန္ထားသည္။
ယခု ထုတ္ျပန္ခ်က္ကို လိုက္နာျခင္းမျပဳေသာ ကုမၸဏီအဖြဲ႕အစည္းႏွင့္ လူပုဂၢိဳလ္မ်ားအား အၾကမ္းဖက္အဖြဲ႕ႏွင့္ ပူးေပါင္းသူ
မ်ားအျဖစ္သတ္မွတ္မည္ျဖစ္ၿပီး ပိုင္ဆိုင္ေသာပစၥည္းမ်ားကို ျပည္သူပိုင္အျဖစ္ သိမ္းဆည္းျခင္း သို႔မဟုတ္ တိုက္ခိုက္အေရးယူခံရမည္ျဖ
စ္ေၾကာင္း CDF မွ သတိေပးထုတ္ျပန္ထားသည္။