ၾကားသိသမွ်
ဒီပွဲမှာ အပစ်အခတ် လေးလ သာ ရပ်လိုက်ရင် …(သာမန်ပြည်သူတယောက်တောင် ရိုးရိုးလေးတွေးမိ)
အပစ်အခတ် လေးလ ရပ်လိုက်ရင် … စိတ်ဓာတ်ပျက်ပြီးကစဥ့်ကလျားဖြစ်နေတဲ့ စကစတပ်တွေကို ပြန်စည်းရုံး၊ ပြန်စုစည်းနိုင်သွားမယ်။
EAO’s တွေနဲ့ ထိစပ်‌နယ်မြေတွေထဲက တပ်စခန်းတွေကို လူအင်အား၊ လက်နက်အင်အားနဲ့ စားနပ်ရိက္ခာတွေ ဖြည့်‌ဆ‌ီးဖို့ အချိန်ရသွား
မယ်။ EAO’s တွေနဲ့ အပစ်အခတ်ရပ်ထားတဲ့အတွက် ထီးထီးကြီးကျန်နေတဲ့ Local PDF တွေကို စိတ်တိုင်းကျ ခြေမှုန်းခွင့် ရသွားမယ်။
အုပ်ချုပ်ရေးပိုင်းကို ဖိဖိစီးစီးအသက်သွင်းဖို့ အားပိုစိုက်နိုင်သွားမယ်။
ဖမ်းဆီးမှုတွေ နှိပ်ကွပ်မှုတွေကို ဒီထက်ပို ကြပ်ကြပ်မတ်မတ် လုပ်ဖို့ အခွင့်အရေးရသွားမယ်။ တိုက်ပွဲတွေ မရှိတော့ပါဘူး၊ အေးချမ်းနေပါပြီ၊
စကစကို ပြည်သူတွေက လက်ခံသွားပါပြီဆိုပြီး ကမ္ဘာကို ကြေငြာခွင့်ရသွားမယ်။ တချို့တချို့သော ပြည်သူတွေလဲ စိတ်ဓာတ်ကျပြီး စကစ
လက်အောက်မှာ ပုံမှန်ဘဝတွေလို နေသားကျသွားမယ်။ဒါတွေက ကိုယ်လို သာမန်ပြည်သူတယောက်တောင် ရိုးရိုးလေးတွေးမိတဲ့ အချက်
တွေ။ဒီပြဲက ….ပြည်သူက ချဉ်ပေါင်၊စစ်အာဏာရှင်တွေက ဝက်သား၊ ချဉ်ပေါင်နဲ့ ဝက်သား အားပြိုင်တဲ့ပွဲ …..အာဆီယံအနေနဲ့ ချဉ်ပေါင်ကို
ကာပြန် ခြေကန်ကာရုန်းပြီး ဝက်သားဘက်စုန်းစုန်းပါသွားရင်လဲ အာဆီယံနဲ့ချိတ်ထားတဲ့လက်ကို ဖြုတ်လိုက်ရုံမှအပ …
ပြည်သူတွေမှာ ဝမ်းနည်းစရာ အကြောင်းမရှိ …….။
သက်ငြိမ်
Zawgyi
သက်ငြိမ်