မြန်မာဖီးနစ်ငှက်တို့ရဲ့ ခရီးကြမ်း
အမေရိကန်စစ်တပ်မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဗိုလ်မူးကြီး မီးမီဝင်းဘက်က
PDFတွေရဲ့စွမ်းဆောင်မူ့ စနစ်ကျမူ့တွေကို သူအရမ်းအံသြရပါတယ်တဲ့ အချိန်တိုအတွင်း စစ်ပညာသင် ရရာလက်နက်ကို ကိုယ်ပိုင်တီထွင်
ဆန်းသစ်ပြီး စစ်တပ်ကို ရင်ဆိုင်အံတုနိုင်တာ နည်းတဲ့စွမ်းဆောင်ရည်မဟုတ်ဘူးမြန်မာတွေဟာသူတို့ဖြစ်ချင်လာပြီဟေ့ဆို မဖြစ်ဖြစ်အောင်
လုပ်ဖို့ စိတ်ဓတ်တွေတအားပြင်းထန်ကြလို့ အခုအရေးတော်ပုံကြီးက အောင်ကိုအောင်မှာပါလို့ VOAနဲ့အင်တာဗျူးမှာ ပြောသွားပါတယ်
အမှန်တကယ်တော့ ဒေါ်မီမီဝင်းဘက်ပြောသွားတာထက်ကို pdf တွေက စိတ်ဓတ်စွမ်းဆောင်ရည်တွေအများကြီးသာတာတွေ့ရပါတယ်
စစ်ရေးအတွေ့အကြုံဘာမှမရှိပဲ ငါတို့စစ်အာဏာရှင်လက်အောက်ကလွတ်မြောက်ဖို့ အဆင်းရဲခံ ဒုက္ခတွေခံပြီး အိုးပစ်အိမ်ပစ်မိသားစုပစ်ပြီး
ရရာလက်နက်နဲ့ အသက်စ တေးပြီး တိုက်နေတာ ကမ္ဘာကြီးကတောင် အံသြယူရသည်အထိပါပဲပြည်တွင်း ပြည်ပက မြန်မာတိုင်းရင်းသား
တွေကလဲမစားရရင်နေပစေ PDF တွေကို ပံပိုးပေးကြတာအံသြစရာကောင်းပါတယ် တော်လှန်ရေးမှာ ဘာမှလဲမလုပ် မသိသလိုကိုယ်
လွတ်ရူန်းပြီး မပံပိုးပဲ အောင်ပွဲရမှ ဖျာဝင်ခင်းမယ့်သူ တစ်ချို့လဲ တွေ့နေရပါတယ် ဆင်ခြင်ဖို့ကောင်းပါပြီ ထိုသူတွေ လိပ်ပြာလုံရဲ့လား ရှက်
တတ်ရဲ့လား မေးရပါမယ်အခုတော်လှန်ရေးဟာ အနီအစိမ်းပြဿနာမဟုတ်ပါဘူး တိုင်းပြည်အရေးပြဿနာပါ လုပ်နိုင်တဲ့ဘက်
ကလုပ်ကြရင် ပိုခရီးရောက်မှာပါ လက်ခုပ်ထိုင်တီး ဘေးကင်းပါစေဆိုတာနဲ့ တော်လှန်ရေးဟာ အောင်စရာအကြောင်းကို မရှိပါဘူး
စကစဘက်ကတော့ သူ့တပ်ထဲတောင် ဂျင်းမျိုးစုံထည့်ပြီး စည်းရုံးနေရပါတယ် ရှေ့တန်းမှာလဲ သေကြတာမနည်းတော့ အမိန့်ဖိဆန်မူ့တွေ
ဖြစ်လာသလိုတပ်တွင်းမညီမျှမူ့တွေက မကြာခင်ပေါက်ကွဲထွက်လာပါတော့မယ် အခုတောင်အပ်ကြောင်းရာက လိုက်လာပါပြီ တင်းတင်း
ကျပ်ကျပ် ထိန်းချုပ်ထားတဲ့ကြားက တစ်ရက်တစ်ရက် တပ်ပြေးတွေကလဲ မနည်းပါဘူး တကယ်တိုက်ကြပြီဆိုရင် သေနတ်ပြောင်းဟာ
ပြောင်းပြန်လှည့်သွားမှာပါစကစဟာ တိုင်းရင်းသားဒေသတွေကို မဲပါတယ်ရှိစုမဲ့စုတပ်တွေကိုပို့ ပိတ်ဆို့ထားပြန်တယ် PDFတွေ နဲ့ EAOs
တွေပေါင်းတက်လာမှာ စိုးပုံရတယ် တကယ်တော့ PDF အင်အားစုတွေက မြို့ထဲကို ရောက်နေတာစကစ မသိလိုက်ဘူး သူကသူ့ခံစစ်စည်း
ကို တိုင်းရင်းသားဒေသတွေမှာ စုခံထားပေမယ့် မြို့ထဲထိပေါက်နေတော့ သူဘယ်လိုမှမထိန်းနိုင်တာတွေ့ရပြန်ပါတယ်
NUG ဘက်ကတော့ 9/14 မတိုင်ခင် လူပ်ရှားမှာမဟုတ်ပါဘူး သံတမန်ရေးခိုင်မာအောင်နဲ့ NUGအစိုးရကို အသိအမှတ်ပြုရေး UN မှာ
ကြိုးစားမှာပါ မပြုခဲ့ရင်လဲ PDFကို လက်နက်တပ်ဆင်ပြီး လက်ရှိအားနဲ့တိုက်မှာဖြစ်သလို ပြုခဲ့ရင်လဲ နိုင်ငံတကာအကူအညီတောင်းပြီး
တိုက်မှာပါပြိုစပြုနေတဲ့ စကစကတော့ အခုထဲကပြေးဖို့ နေရာရှာနေပါပြီ အောက်ခြေကစစ်သားကလဲ စကစရဲ့မိသားစုအတွက်အသေခံ
တိုက်ပေးမှာလား သေပေးမှာလားဆိုတာ မေးခွန်းထုတ်စရာဖြစ်လာပါတယ်မြို့တွေမှာ စည်းကျပ်မူ့လျော့နည်းလာပါတယ်
စကစဘက်ကရပ်တည်နေသူတွေ အကုန်စိတ်ဓတ်ကျလာသလို အခုထက်အခြေအနေဆိုးလာရင် သေနတ်ပြောင်း နောက်ပြန်လှည့်တော့
မှာပါမင်းအောင်လိူင်လိုအာဏာရူးအတွက် စစ်တိုက်မှာလားဆိုတဲ့ စကားဟာ အလွန်မှကို တာသွားမယ့်စကား ဖြစ်လာပါပြီ စစ်မှန်ပြီး
တပ်မတော်ဆိုတဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းချင်တဲ့စစ်သားစစ်စစ်တွေ ပြည်သူနဲ့အမြန်ပူးပေါင်းကြပါ အမှန်ကိုမြင်တတ်ကြပါ ပြည်သူ
ကတောင် ရရာလက်နက်နဲ့တိုက်နေတာ သေရဲလို့စစ်ထဲဝင်တဲ့ စစ်သားတွေက ပြည်သူဘက်ကဘာလို့ မရပ်တည်ချင်တာလဲ သိက္ခာရှိရှိ
သေကြစမ်းပါဗျာစကစနဲ့အခု စစ်အာဏာရှင်ဟောင်းတွေ ခရိုနီတွေညှိလာကြပါပြီ ချောင်မလားလို့အာဏာသိမ်းတာကို
ပံပိုးပေးလိုက်ကြတာ အရည်အချင်းမရှိတဲ့ မအလကြောင့် သူတို့တွေလဲ လွတ်လမ်းရှာလာကြပါပြီသူတို့တင်မဟုတ်ပါဘူး တရုတ်ကပါ အခု
ဆို ညှိနိူင်းဖို့ ဖိအားပေးလာပါပြီ အပြစ်အားလုံး မင်းအောင်လိူင်နဲ့စကစအပေါ်ပုံပြီ ကျန်အဟောင်းတွေက ထွက်ပေါက်ရှာချင်ပုံ ရပါတယ်
အာစီယမ်သံတမန် အာရီယူဆွတ်ကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆံဖို့ စကစကိုတောင်းဆိုထားသလို မြန်မာပြည်မှာ ၄လကြာအ
ပစ်ရပ်ဖို့တောင်းဆိုတာကို စကစကလက်ခံပါတယ်လို့ဆိုပါတယ် ဒါရီစရာဖြစ်နေပြန်တယ် အဲ့လေးလအတွင်းစကစက ပြည်သူကိုမဖမ်းဘူး
မသတ်ဘူး လို့ အာရီယူဆွတ်တာဝန်ယူမှာလား စကစအုပ်ချုပ်ရေးတည်မရတာကို တည်ရဖို့ အာရီယူဆွတ်က တရုတ်ဖိအားနဲ့လုပ်ပေးနေ
တာလားလို့ မေးရပါမယ်တော်လှန်ရေးခါးဆက်ပြတ်အောင် ယူဆွတ်တို့ကစကစနဲ့ပေါင်း ဂျင်းထည့်ဖို့လုပ်လာထဲဆိုထဲက ရူံး
နေတာကို ပြသတာပါပဲအားလုံးဟာ လက်လွန်သွားပါပြီPDFရော ပြည်သူကရော EAOs တွေကပါ အဆုံးထိတိုက်ပြီး အမိူက်လှဲမှာပါ အမေ
စုဟာ စစ်တပ်အတွက်ထွက်ပေါက်ကို အကြိမ်ကြိမ်ဖွင့်ပေးခဲ့ပေမယ့် အမေကျော် ပေါက်ဖော်လွမ်းခဲ့တဲ့ ဇတ်သိမ်းလေးမှာ မျက်ရည်မကျ
ကြေးပါအာဏာရူးတွေ ရက်စက်ယုတ်မာမူ့တွေအတွက်အားအင်အပြည့် ယုံကြည်ချက်အပြည့်နဲ့ အမိနိုင်ငံအတွက် ပွဲထွက်လာမယ့် ဒေါင်း
စစ်သည်တို့ရဲ့ အားမာန်နဲ့ မီးလျှံကြားက မြန်မာဖီးနစ်ငှက်တွေ ခရီးကြမ်းမှာ ဘာတွေစွမ်းမလဲဆိုတာမကြာခင်မြင်တွေ့ရပါတော့မယ်လို့
ပြောချင်ပါတယ်ဗျာ
မုဆိုး လက်