ၾကားသိသမွ်

CDMမလုပ်သည့်ရဲဝန်ထမ်းများအတွက်ဗိဿနိုးကာကွယ်ရေးအဖွဲ့ထုတ်ပြန်ချက်

ရဲဝန်ထမ်းအိမ်ယာကိုဗုံးဖြင့်တိုက်ခိုက်ခဲ့ပြီးနောက် CDMမလုပ်သည့်ရဲဝန်ထမ်းတွေကိုတာဝန်မယူဟုဗိဿနိုးကာကွယ်ရေးအဖွဲ့ထုတ်ပြန်

CDM မလုပ်ဆောင်ဘဲ စစ်ကောင်စီအလိုကျ အလုပ်လုပ်နေတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို သတိပေးတဲ့အနေနဲ့ မကွေးတိုင်းအတွင်း ရဲဝန်ထမ်းအိမ်

ယာတစ်ခုကို ဗိဿနိုးနယ်မြေပြည်သူ့ကာကွယ်ရေးတပ်က (စက်တင်ဘာလ ၅ရက်)မနက်မှာ ဗုံးခွဲတိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

မကွေးတိုင်းဒေသကြီး ၊မြို့သစ်မြို့နယ်၊ ရွှေလရောင်ကွက်သစ်ရပ်ကွက်က ဒေသအခေါ် မြောက်ရဲစခန်း ရဲဝန်ထမ်းအိမ်ယာကို ဒီကနေ့မနက်

အစောပိုင်းက ဗုံးနဲ့တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေးတပ်မတော်အနေနဲ့ ပြည်သူလူထုနဲ့မပူးပေါင်းဘဲ အကြမ်းဖက်စစ်ကောင်စီအလိုကျ တာဝန်ထမ်း

ဆောင်နေတဲ့ ရဲတပ်ဖွဲ့ဝင်တွေနဲ့မိသားစုဝင်တွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို တာဝန်ယူမှာမဟုတ်ဘူးလို့လဲသတိပေးထားပါတယ်။

ဗိဿနိုးနယ်မြေပြည်သူ့ကာကွယ်ရေးတပ်မတော်က PDFတွေနဲ့ပူးပေါင်းပြီး အာဏာသိမ်းစစ်ကောင်စီပြုတ်ကျသည်အထိ တိုက်ပွဲဝင်သွား

ဖို့ရှိတယ်လို့လည်း သူတို့ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

Zawgyi

ရဲဝန္ထမ္းအိမ္ယာကိုဗုံးျဖင့္တိုက္ခိုက္ခဲ့ၿပီးေနာက္ CDMမလုပ္သည့္ရဲဝန္ထမ္းေတြကိုတာဝန္မယူဟုဗိႆနိုးကာကြယ္ေရးအဖြဲ႕ထုတ္ျပန္

CDM မလုပ္ေဆာင္ဘဲ စစ္ေကာင္စီအလိုက် အလုပ္လုပ္ေနတဲ့ ရဲတပ္ဖြဲ႕ဝင္ေတြကို သတိေပးတဲ့အေနနဲ႔ မေကြးတိုင္းအတြင္း ရဲဝန္ထ

မ္းအိမ္ယာတစ္ခုကို ဗိႆနိုးနယ္ေျမျပည္သူ႔ကာကြယ္ေရးတပ္က (စက္တင္ဘာလ ၅ရက္)မနက္မွာ ဗုံးခြဲတိုက္ခိုက္ခဲ့တယ္လို႔ ထုတ္ျပန္ပါတယ္။

မေကြးတိုင္းေဒသႀကီး ၊ၿမိဳ႕သစ္ၿမိဳ႕နယ္၊ ေရႊလေရာင္ကြက္သစ္ရပ္ကြက္က ေဒသအေခၚ ေျမာက္ရဲစခန္း ရဲဝန္ထမ္းအိမ္ယာကို ဒီကေန႔မ

နက္အေစာပိုင္းက ဗုံးနဲ႔တိုက္ခိုက္ခဲ့တာလို႔ ဆိုပါတယ္။

ဗိႆနိုးနယ္ေၿမ ျပည္သူ႔ကာကြယ္ေရးတပ္မေတာ္အေနနဲ႔ ျပည္သူလူထုနဲ႔မပူးေပါင္းဘဲ အၾကမ္းဖက္စစ္ေကာင္စီအလိုက် တာဝန္ထ

မ္းေဆာင္ေနတဲ့ ရဲတပ္ဖြဲ႕ဝင္ေတြနဲ႔မိသားစုဝင္ေတြရဲ့ အသက္အိုးအိမ္စည္းစိမ္ကို တာဝန္ယူမွာမဟုတ္ဘူးလို႔လဲသတိေပးထားပါတယ္။

ဗိႆနိုးနယ္ေျမျပည္သူ႔ကာကြယ္ေရးတပ္မေတာ္က PDFေတြနဲ႔ပူးေပါင္းၿပီး အာဏာသိမ္းစစ္ေကာင္စီျပဳတ္က်သည္အထိ တိုက္ပြဲဝင္သြား

ဖို႔ရွိတယ္လို႔လည္း သူတို႔ရဲ့ထုတ္ျပန္ခ်က္မွာေဖာ္ျပထားပါတယ္။