ၾကားသိသမွ်

ကိုဗစ်ကြောင့်သေဆုံးခဲ့လို့ နာရေးပြုလုပ်ပြီးခါမှ အသက်ရှင်လျက်အိမ်ပြန်ရောက်လာတဲ့ အိန္ဒိယအဖွားအို

ကိုဗစ်ကြောင့်သေဆုံးခဲ့လို့ နာရေးပြုလုပ်ပြီးခါမှ အသက်ရှင်လျက်အိမ်ပြန်ရောက်လာတဲ့ အိန္ဒိယအဖွားအို

ကိုဗစ်ကူးစက်ခံရပြီးနောက် သေဆုံးသွားခဲ့ပြီလို့ ယုံ ကြည်ခဲ့ရတဲ့ အိန္ဒိယအဖွားအိုတစ်ဦးဟာ သူမရဲ့နာရေး နဲ့ သဂြိုလ်မှုတွေပြုလုပ်ပြီး ၂

ပတ်အကြာမှာတော့ အသက်ရှင်လျက်နဲ့ နေအိမ်ကို ပြန်လည်ရောက်ရှိလာခဲ့မှု အိန္ဒိယမှာ ဖြစ်ပွားခဲ့ပါတယ်။အသက် ၇၀ အရွယ် ရှိပြီဖြစ်တဲ့

Muktyala Girijamma ဆိုတဲ့ အဖွားအိုဟာ မေလ ၁၅ ရက်နေ့မှာ ကိုဗစ်ကြောင့် ကွယ်လွန်ခဲ့တယ်လို့ မှားယွင်းယူဆခံခဲ့ရပါတယ်။….

Andhra Pradesh ပြည်နယ်အတွင်းက Krishna ခရိုင်မှာဖြစ်ပွားခဲ့တာဖြစ်ပြီး Jaggaiyapet မြို့ ဆေးရုံမှာ သူမနဲ့နာမည်တူ အခြား

အမျိုးသမီးတစ်ဦးလည်း ရှိနေခဲ့တဲ့နောက် အခုလိုရောထွေးမှုတွေဖြစ်ပွားခဲ့တာလို့ သိရပါတယ်။ မေလအတွင်းက ဖြစ်ပွားခဲ့တာဖြစ်ပြီး သူမ

သေဆုံးကြောင်း အကြောင်းကြားမှုကိုရရှိတဲ့နောက် မိသားစုဝင်တွေဟာ ကိုဗစ်စည်းမျဉ်းအရ ရုပ်အ လော င်းကို အဝေးကနေသာ ကြည့်ရှုခဲ့

ရလို့လည်း အခြေ အနေတွေက ရှုပ်ထွေးခဲ့တာဖြစ်ပါတယ်။….

ကိုဗစ်ကူးစက်ခံရမှုကြောင့် သူမကို မေလ ၁၂ ရက်နေ့မှာ ဆေးရုံတင်ကုသခဲ့ရပြီး ၁၅ ရက်နေ့မှာ သေဆုံးခဲ့တယ်လို့ မှားယွင်း

အကြောင်းကြားမိခဲ့တာဖြစ်ပါတယ်။တကယ်တမ်းသေဆုံးခဲ့တာကတော့ သူမနဲ့နာမည်တူအခြားအမျိုးသမီးဖြစ်ပြီး ခင်ပွန်းဖြစ်သူ Gadayya

က ဆေးရုံကိုလိုက်လာပြီး သူမအခြေအနေကို ကြည့်ရှုခဲ့ချိန်မှာ ဆေးရုံကုတင်ပေါ်မှာမတွေ့ရဘဲ ဝန်ထမ်းတစ်ဦးက နေရာပြောင်းရွှေ့ခဲ့တယ်

လို့ ပြောဆိုခဲ့ပါတယ်။…

အခြားနေရာတွေမှာ လိုက်လံစုံစမ်းခဲ့ပေမယ့်လည်း မတွေ့ရှိတာကြောင့် လက်လျှော့ခဲ့ရပြီး သေဆုံးကြောင်း အကြောင်းကြားချိန်မှာတော့

အမှန်တကယ်ဖြစ်တယ်လို့ မိသားစုက လက်ခံခဲ့ရပါတယ်။ နာရေးအခမ်းအနားကိုလည်း ပြုလုပ်ပေးခဲ့ပြီး မေလ ၂၃ ရက်နေ့မှာတော့ အဖွား

အိုရဲ့ သားဖြစ်သူက ကိုဗစ်ကြောင့် အမှန်တကယ်သေဆုံးခဲ့ရတယ်လို့လည်း Daily Mail က ဆိုပါတယ်။…

အဲဒီအချိန်မှာပဲ ဆေးရုံမှာ နေပြန်ကောင်းလာပြီဖြစ်တဲ့ အဖွားအိုကတော့ သူ့ကို မိသားစုတွေက လာပြန်မခေါ်လို့ အံ့အားသင့်နေခဲ့ရပါတယ်။

ဒီနောက် ကိုဗစ်ကူးစက်ခံရမှုကနေ ပြန်လည်သက်သာလာသူတိုင်းကို အစိုးရထောက်ပံ့ပေးတဲ့ ရူပီး ၃၀၀၀ ကို အသုံးပြုပြီး နေအိမ်ကိုပြန်ခဲ့

ချိန်မှာတော့ အားလုံးအံ့အားသင့်ခဲ့ရပြီး အဖြစ်မှန်ကို သိရှိခဲ့ကြပါတော့တယ်။…

အိမ်နီးနားချင်းအများအပြားလည်း ရောက်ရှိလာခဲ့ကြကာ နေအိမ်က လူစည်ကားနေခဲ့ပါတယ်။ ဒါပေမယ့်လည်း ဝမ်းနည်းစရာကတော့

သူမရဲ့သားဖြစ်သူက သေဆုံးခဲ့ရတာဖြစ်ပြီး သူမပြန်လာတာကို သားဖြစ်သူ မြင်စေချင်တယ်လို့ အဖွားအိုက ပြောဆိုခဲ့ပါတယ်။…

TRNs

Zawgyi

ကိုဗစ္ေၾကာင့္ေသဆုံးခဲ့လို႔ နာေရးျပဳလုပ္ၿပီးခါမွ အသက္ရွင္လ်က္အိမ္ျပန္ေရာက္လာတဲ့ အိႏၵိယအဖြားအို

ကိုဗစ္ကူးစက္ခံရၿပီးေနာက္ ေသဆုံးသြားခဲ့ၿပီလို႔ ယုံ ၾကည္ခဲ့ရတဲ့ အိႏၵိယအဖြားအိုတစ္ဦးဟာ သူမရဲ့နာေရး နဲ႔ သၿဂိဳလ္မႈေတြျပဳ

လုပ္ၿပီး ၂ ပတ္အၾကာမွာေတာ့ အသက္ရွင္လ်က္နဲ႔ ေနအိမ္ကို ျပန္လည္ေရာက္ရွိလာခဲ့မႈ အိႏၵိယမွာ ျဖစ္ပြားခဲ့ပါတယ္။အသက္ ၇၀ အရြယ္ ရွိၿ

ပီျဖစ္တဲ့ Muktyala Girijamma ဆိုတဲ့ အဖြားအိုဟာ ေမလ ၁၅ ရက္ေန႔မွာ ကိုဗစ္ေၾကာင့္ ကြယ္လြန္ခဲ့တယ္လို႔ မွားယြင္းယူဆခံခဲ့ရ

ပါတယ္။….

Andhra Pradesh ျပည္နယ္အတြင္းက Krishna ခရိုင္မွာျဖစ္ပြားခဲ့တာျဖစ္ၿပီး Jaggaiyapet ၿမိဳ႕ ေဆး႐ုံမွာ သူမနဲ႔နာမည္တူ အျခားအ

မ်ိဳးသမီးတစ္ဦးလည္း ရွိေနခဲ့တဲ့ေနာက္ အခုလိုေရာေထြးမႈေတြျဖစ္ပြားခဲ့တာလို႔ သိရပါတယ္။ ေမလအတြင္းက ျဖစ္ပြားခဲ့

တာျဖစ္ၿပီး သူမေသဆုံးေၾကာင္း အေၾကာင္းၾကားမႈကိုရရွိတဲ့ေနာက္ မိသားစုဝင္ေတြဟာ ကိုဗစ္စည္းမ်ဥ္းအရ ႐ုပ္အ ေ

လာ င္းကို အေဝးကေနသာ ၾကည့္ရႈခဲ့ရလို႔လည္း အေၿခ အေနေတြက ရႈပ္ေထြးခဲ့တာျဖစ္ပါတယ္။….

ကိုဗစ္ကူးစက္ခံရမႈေၾကာင့္ သူမကို ေမလ ၁၂ ရက္ေန႔မွာ ေဆး႐ုံတင္ကုသခဲ့ရၿပီး ၁၅ ရက္ေန႔မွာ ေသဆုံးခဲ့တယ္လို႔ မွားယြင္း

အေၾကာင္းၾကားမိခဲ့တာျဖစ္ပါတယ္။တကယ္တမ္းေသဆုံးခဲ့တာကေတာ့ သူမနဲ႔နာမည္တူအျခားအမ်ိဳးသမီးျဖစ္ၿပီး ခင္ပြန္းျဖစ္သူ

Gadayya က ေဆး႐ုံကိုလိုက္လာၿပီး သူမအေျခအေနကို ၾကည့္ရႈခဲ့ခ်ိန္မွာ ေဆး႐ုံကုတင္ေပၚမွာမေတြ႕ရဘဲ ဝန္ထမ္းတစ္ဦးက ေန

ရာေျပာင္းေရႊ႕ခဲ့တယ္လို႔ ေျပာဆိုခဲ့ပါတယ္။…

အျခားေနရာေတြမွာ လိုက္လံစုံစမ္းခဲ့ေပမယ့္လည္း မေတြ႕ရွိတာေၾကာင့္ လက္ေလၽွာ့ခဲ့ရၿပီး ေသဆုံးေၾကာင္း အေၾ

ကာင္းၾကားခ်ိန္မွာေတာ့ အမွန္တကယ္ျဖစ္တယ္လို႔ မိသားစုက လက္ခံခဲ့ရပါတယ္။ နာေရးအခမ္းအနားကိုလည္း ျပဳလုပ္ေပးခဲ့ၿပီး ေ

မလ ၂၃ ရက္ေန႔မွာေတာ့ အဖြားအိုရဲ့ သားျဖစ္သူက ကိုဗစ္ေၾကာင့္ အမွန္တကယ္ေသဆုံးခဲ့ရတယ္လို႔လည္း Daily Mail က ဆိုပါ

တယ္။…

အဲဒီအခ်ိန္မွာပဲ ေဆး႐ုံမွာ ေနျပန္ေကာင္းလာၿပီျဖစ္တဲ့ အဖြားအိုကေတာ့ သူ႔ကို မိသားစုေတြက လာျပန္မေခၚလို႔ အံ့အားသင့္ေ

နခဲ့ရပါတယ္။ ဒီေနာက္ ကိုဗစ္ကူးစက္ခံရမႈကေန ျပန္လည္သက္သာလာသူတိုင္းကို အစိုးရေထာက္ပံ့ေပးတဲ့ ႐ူပီး ၃၀၀၀ ကို အသုံးျပဳၿပီး ေန

အိမ္ကိုျပန္ခဲ့ခ်ိန္မွာေတာ့ အားလုံးအံ့အားသင့္ခဲ့ရၿပီး အျဖစ္မွန္ကို သိရွိခဲ့ၾကပါေတာ့တယ္။…

အိမ္နီးနားခ်င္းအမ်ားအျပားလည္း ေရာက္ရွိလာခဲ့ၾကကာ ေနအိမ္က လူစည္ကားေနခဲ့ပါတယ္။ ဒါေပမယ့္လည္း ဝမ္းနည္းစရာကေ

တာ့ သူမရဲ့သားျဖစ္သူက ေသဆုံးခဲ့ရတာျဖစ္ၿပီး သူမျပန္လာတာကို သားျဖစ္သူ ျမင္ေစခ်င္တယ္လို႔ အဖြားအိုက ေျပာဆိုခဲ့ပါတယ္။…

TRNs