လက်ဘနွန်ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ M1 အမ်ဝမ်းအုပ်စုက လာမယ့် သုံးနှစ်အတွင်း မြန်မာနိုင်ငံမှာ တယ်လီကွန်းဆက်သွယ်ရေးလုပ်ငန်းတိုး
ချဲ့လုပ်ကိုင်ဖို့ ဒေါ်လာ သန်း ၃၃၀ ကို သုံးစွဲမယ်လို့ ကတိပေးလိုက်တဲ့အကြောင်း ဒေသတွင်းမီဒီယာတွေနဲ့ Bloomberg တို့မှာ ဖော်ပြထား
ပါတယ်။ဒီငွေတွေကို ဆက်သွယ်ရေးကွန်ရက်တွေ တိုးချဲ့တာတွေ၊ မြန်နှုန်းမြင့် အင်တာနက်ဆက်သွယ်ရေး အခြေခံအဆောက်အဦတွေနဲ့
ဝန်ဆောင်မှုလုပ်ငန်းတွေမှာ သုံးမယ်လို့ အမ်ဝမ်းအုပ်စုရဲ့ အမှုဆောင်အရာရှိချုပ် အက်ဇမီ တီ မီကာတီက ပြောပါတယ်။
အမ်ဝမ်းဟာ ဒီလုပ်ငန်းကို မြန်မာနိုင်ငံ စစ်အာဏာသိမ်းပြီးနောက် ဇူလိုင်လမှာ နော်ဝေကုမ္ပဏီ တယ်လီနောဆီကနေ လွှဲပြောင်းဝယ်ယူခဲ့
တာ ဖြစ်ပါတယ်။အမ်ဝမ်း ကုမ္ပဏီဟာ ၂၀၁၉ ခုနှစ်က အဂတိလိုက်စားမှု စွဲချက်တွေနဲ့ အပြစ်ရှိကြောင်း တွေ့ရှိခဲ့တဲ့ လက်ဘနွန်ဝန်ကြီးချုပ်
ဟောင်း နာဂျစ် မီကာတီ ပါဝင် ပူးတွဲတည်ထောင်ထားတာ ဖြစ်ပါတယ်။
M1 Group ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီဟာ မြန်မာစစ်တပ် ချုပ်ကိုင်ထားတဲ့ Mytel ကုမ္ပဏီနဲ့ စီးပွားရေး ဆက်စပ်လုပ်ဆောင်ခဲ့တဲ့ Irrawaddy
Green Towers တာဝါတိုင် ကုမ္ပဏီရဲ့ အဓိက ရှယ်ရာဝင်လည်း ဖြစ်ပါတယ်။
တယ်လီနောဆီကနေ ဒေါ်လာ ၁၀၅ သန်းနဲ့ ဝယ်ယူခဲ့ပြီးနောက်မှာ လက်ဘနွန်အခြေစိုက် ဒီလုပ်ငန်းဟာ မြန်မာ ပြည်တွင်း အဓိက ဆက်
သွယ်ရေး ကုမ္ပဏီကြီးလေးခုအနက် သုံးစွဲသူ ၁၉ သန်း ရှိတဲ့ ဆက်သွယ်ရေးကုမ္ပဏီကြီး တစ်ခု ဖြစ်လာမှာပါ။
အခက်အခဲတွေကို ရှောင်လွှဲမယ့်အစား နိုင်ငံရေးအခြေအနေတွေ ဘယ်လိုပဲရှိရှိ သုံးစွဲသူတွေကို ကမ္ဘာ့အဆင့် ဝန်ဆောင်မှုတွေ ထောက်ပံ့
ပေးဖို့ ကြိုးစားမယ်လို့ မီကာတီက ပြောပါတယ်။
တယ်လီကွန်းဆက်သွယ်ရေးဟာ အထူးသဖြင့် စိန်ခေါ်မှုတွေ ရှိနေတဲ့ အခြေအနေတွေမှာ မရှိမဖြစ် ဝန်ဆောင်မှုပဲလို့လည်း သူက ပြောပါ
တယ်။လက်ဘနွန်ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ M1 အမ်ဝမ်းအုပ်စုက လာမယ့် သုံးနှစ်အတွင်း မြန်မာနိုင်ငံမှာ တယ်လီကွန်းဆက်သွယ်ရေး
လုပ်ငန်းတိုးချဲ့လုပ်ကိုင်ဖို့ ဒေါ်လာ သန်း ၃၃၀ ကို သုံးစွဲမယ်လို့ ကတိပေးလိုက်တဲ့အကြောင်း ဒေသတွင်းမီဒီယာတွေနဲ့ Bloomberg တို့မှာ
ဖော်ပြထားပါတယ်။
ဒီငွေတွေကို ဆက်သွယ်ရေးကွန်ရက်တွေ တိုးချဲ့တာတွေ၊ မြန်နှုန်းမြင့် အင်တာနက်ဆက်သွယ်ရေး အခြေခံအဆောက်အဦတွေနဲ့
ဝန်ဆောင်မှုလုပ်ငန်းတွေမှာ သုံးမယ်လို့ အမ်ဝမ်းအုပ်စုရဲ့ အမှုဆောင်အရာရှိချုပ် အက်ဇမီ တီ မီကာတီက ပြောပါတယ်။
အမ်ဝမ်းဟာ ဒီလုပ်ငန်းကို မြန်မာနိုင်ငံ စစ်အာဏာသိမ်းပြီးနောက် ဇူလိုင်လမှာ နော်ဝေကုမ္ပဏီ တယ်လီနောဆီကနေ လွှဲပြောင်းဝယ်ယူခဲ့
တာ ဖြစ်ပါတယ်။
အမ်ဝမ်း ကုမ္ပဏီဟာ ၂၀၁၉ ခုနှစ်က အဂတိလိုက်စားမှု စွဲချက်တွေနဲ့ အပြစ်ရှိကြောင်း တွေ့ရှိခဲ့တဲ့ လက်ဘနွန်ဝန်ကြီးချုပ်ဟောင်း နာဂျစ် မီ
ကာတီ ပါဝင် ပူးတွဲတည်ထောင်ထားတာ ဖြစ်ပါတယ်။
M1 Group ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီဟာ မြန်မာစစ်တပ် ချုပ်ကိုင်ထားတဲ့ Mytel ကုမ္ပဏီနဲ့ စီးပွားရေး ဆက်စပ်လုပ်ဆောင်ခဲ့တဲ့ Irrawaddy
Green Towers တာဝါတိုင် ကုမ္ပဏီရဲ့ အဓိက ရှယ်ရာဝင်လည်း ဖြစ်ပါတယ်။
တယ်လီနောဆီကနေ ဒေါ်လာ ၁၀၅ သန်းနဲ့ ဝယ်ယူခဲ့ပြီးနောက်မှာ လက်ဘနွန်အခြေစိုက် ဒီလုပ်ငန်းဟာ မြန်မာ ပြည်တွင်း အဓိက ဆက်
သွယ်ရေး ကုမ္ပဏီကြီးလေးခုအနက် သုံးစွဲသူ ၁၉ သန်း ရှိတဲ့ ဆက်သွယ်ရေးကုမ္ပဏီကြီး တစ်ခု ဖြစ်လာမှာပါ။
အခက်အခဲတွေကို ရှောင်လွှဲမယ့်အစား နိုင်ငံရေးအခြေအနေတွေ ဘယ်လိုပဲရှိရှိ သုံးစွဲသူတွေကို ကမ္ဘာ့အဆင့် ဝန်ဆောင်မှုတွေ ထောက်ပံ့
ပေးဖို့ ကြိုးစားမယ်လို့ မီကာတီက ပြောပါတယ်။
တယ်လီကွန်းဆက်သွယ်ရေးဟာ အထူးသဖြင့် စိန်ခေါ်မှုတွေ ရှိနေတဲ့ အခြေအနေတွေမှာ မရှိမဖြစ် ဝန်ဆောင်မှုပဲလို့လည်း သူက ပြောပါ
တယ်။
Credit Myat