ၾကားသိသမွ်

ပြည်သူများအတွက်လောကီဆရာတစ်ဦးစီရင်အကြံပေးထားတဲ့”တပ်ကိုပြောင်းချင်တောင်းကိုပစ်”ကက်ကင်းအစီအရင်

ခေတ်ကိုပြောင်းချင်ရင် ခေါင်းကိုပစ် ဆိုတော့ ….

ကျွန်တော့်မှာ လောကီပညာကို လိုက်စားတဲ့သူငယ်ချင်းတယောက် ရှိတယ်။

သူက ပညာရပ် တခုအနေနဲ့ ရေဆုံးရေဖျား လိုက်စားထားတာ။ ဒါပေမယ့်အရမ်းလျို့ဝှက်တယ်။

ကျနော်က အကြောင်းတခုကြောင့် သူ့ပညာကို သိခွင့်ရခဲ့တယ်။ ကိုယ်ကလည်း သိပ်အယုံအကြည်ရှိတာတော့မဟုတ်ဘူးရယ်..

ဟိုတနေ့က မမျှော်လင့်ဘဲ သူနဲ့တွေ့ခဲ့တယ်။ ခုဖြစ်နေတဲ့ အကြောင်းတွေ ပြောကြရင်းနဲ့

ခင်ဗျားပညာနဲ့ ခုဖြစ်နေတာကို တခုခု လုပ်ပေးလို့ရရင် လုပ်ပေးပါဆိုတော့ သူက ရတာပေါ့တဲ့။

ရတာများဗျာ… နီးစပ်ရာကို ပြောပြီး လုပ်ခိုင်းလိုက်ပေါ့ဆိုတော့ ငါတို့အနေနဲ့ အဲ့ဒီလို လုပ်ခွင့်မရှိဘူး။

မေးလာမှဖြေရတယ်၊ တောင်းလာမှပေးရတယ်လို့ပြောတော့ …

ဟာဗျာ…. ဒါဆိုလဲတောင်းပြီဗျာ… လုပ်ပေးဆိုတော့…

ငါမလုပ်ပေးဘူး…,ကိုယ့်ဘာသာလုပ်ကြဆိုပြီး ပြောလာရော… ကဲပါဆရာရယ်…

ကျွန်တော့်ကို နည်းသာပြောပါ၊ ကိုယ်ပါဘာသာဘဲ လုပ်ပါ့မယ်ဆိုတော့ ခုဖြစ်နေတာ တပ်ပျက်နေတာကွ၊ ဘာပျက်သလဲသိလား…

စိတ်ဓာတ်ပျက်တယ် စနစ်ပျက်တယ် ဖွဲ့စည်းပုံပျက်နေတယ် အဲ့ဒါကို မင်းတို့က ပြောင်းပစ်ရမှာ။

တနည်းအားဖြင့် တပ်ကိုပြောင်းပစ်ရမှာ… လွယ်ပါတယ်ကွာ

“တပ်ကိုပြောင်းချင်တောင်းကိုပစ်” တဲ့

ဘယ်လို တောင်းမျိုးကို ဘယ်လို ပစ်ရမလဲ ဆက်ပြောပါဦးဆိုတော့

အခုက တိုင်းပြည်ကို မတရားသိမ်းသွားတာကွ … ပြည်ကို ပြန်တောင်းရမှာဆိုတော့

ပြည်တောင်း ကိုသုံးကြ ဘာနဲ့ပစ်ရမလဲဆိုတော့

ပြည်တောင်းဆိုတာ ကြာသပတေးစနေ အတွဲ အဲ့ဒီတော့…

ဖိနပ်ဆိုတဲ့ ကြာသပတေးစနေ အတွဲနဲ့ ပစ်ကွ ဒီအတိုင်း မပစ်နဲ့

အကြမ်းဖက်ခေါင်းဆောင်ရဲ့ပုံကို ပြည်တောင်းမှာ ဇောက်ထိုးကပ်ပြီး ပစ်ကွ

စွမ်းတယ် မစွမ်းဘူး မင်းမကြာခင် သိရစေမယ်တဲ့ …

တခါမှ ဆရာ မခေါ်ဘူးတဲ့ သူငယ်ချင်းကို ဆရာခေါ်ခဲ့ရတယ်။ ယုံကြည်သူ၊ မယုံကြည်သူ သူငယ်ချင်းအပေါင်း

စိတ်ခွန်အားဖြစ်စေမယ့်အစီအရင်တခုအဖြစ် လုပ်ကြည့်ကြပါလို့ တိုက်တွန်းချင်ပါတယ်။

တပ်ကိုပြောင်းရင် တောင်းကိုပစ်ပါ တဲ့!

နယူတန်ရဲ့နိယာမ မြန်မာ့ ကက်ကင်းပညာ

စမ်းသပ်ကြည့်ကြမလား

Credit; Original Uploader

Zawgyi

ေခတ္ကိုေျပာင္းခ်င္ရင္ ေခါင္းကိုပစ္ ဆိုေတာ့ ….

ကၽြန္ေတာ့္မွာ ေလာကီပညာကို လိုက္စားတဲ့သူငယ္ခ်င္းတေယာက္ ရွိတယ္။

သူက ပညာရပ္ တခုအေနနဲ႔ ေရဆုံးေရဖ်ား လိုက္စားထားတာ။ ဒါေပမယ့္အရမ္းလ်ိဳ႕ဝွက္တယ္။

က်ေနာ္က အေၾကာင္းတခုေၾကာင့္ သူ႔ပညာကို သိခြင့္ရခဲ့တယ္။ ကိုယ္ကလည္း သိပ္အယုံအၾကည္ရွိတာေတာ့မဟုတ္ဘူးရယ္..

ဟိုတေန႔က မေမၽွာ္လင့္ဘဲ သူနဲ႔ေတြ႕ခဲ့တယ္။ ခုျဖစ္ေနတဲ့ အေၾကာင္းေတြ ေျပာၾကရင္းနဲ႔

ခင္ဗ်ားပညာနဲ႔ ခုျဖစ္ေနတာကို တခုခု လုပ္ေပးလို႔ရရင္ လုပ္ေပးပါဆိုေတာ့ သူက ရတာေပါ့တဲ့။

ရတာမ်ားဗ်ာ… နီးစပ္ရာကို ေျပာၿပီး လုပ္ခိုင္းလိုက္ေပါ့ဆိုေတာ့ ငါတို႔အေနနဲ႔ အဲ့ဒီလို လုပ္ခြင့္မရွိဘူး။

ေမးလာမွေျဖရတယ္၊ ေတာင္းလာမွေပးရတယ္လို႔ေျပာေတာ့ …

ဟာဗ်ာ…. ဒါဆိုလဲေတာင္းၿပီဗ်ာ… လုပ္ေပးဆိုေတာ့…

ငါမလုပ္ေပးဘူး…,ကိုယ့္ဘာသာလုပ္ၾကဆိုၿပီး ေျပာလာေရာ… ကဲပါဆရာရယ္…

ကၽြန္ေတာ့္ကို နည္းသာေျပာပါ၊ ကိုယ္ပါဘာသာဘဲ လုပ္ပါ့မယ္ဆိုေတာ့ ခုျဖစ္ေနတာ တပ္ပ်က္ေနတာကြ၊ ဘာပ်က္သလဲသိလား…

စိတ္ဓာတ္ပ်က္တယ္ စနစ္ပ်က္တယ္ ဖြဲ႕စည္းပုံပ်က္ေနတယ္ အဲ့ဒါကို မင္းတို႔က ေျပာင္းပစ္ရမွာ။

တနည္းအားျဖင့္ တပ္ကိုေျပာင္းပစ္ရမွာ… လြယ္ပါတယ္ကြာ

“တပ္ကိုေျပာင္းခ်င္ေတာင္းကိုပစ္” တဲ့

ဘယ္လို ေတာင္းမ်ိဳးကို ဘယ္လို ပစ္ရမလဲ ဆက္ေျပာပါဦးဆိုေတာ့

အခုက တိုင္းျပည္ကို မတရားသိမ္းသြားတာကြ … ျပည္ကို ျပန္ေတာင္းရမွာဆိုေတာ့

ျပည္ေတာင္း ကိုသုံးၾက ဘာနဲ႔ပစ္ရမလဲဆိုေတာ့

ျပည္ေတာင္းဆိုတာ ၾကာသပေတးစေန အတြဲ အဲ့ဒီေတာ့…

ဖိနပ္ဆိုတဲ့ ၾကာသပေတးစေန အတြဲနဲ႔ ပစ္ကြ ဒီအတိုင္း မပစ္နဲ႔

အၾကမ္းဖက္ေခါင္းေဆာင္ရဲ့ပုံကို ျပည္ေတာင္းမွာ ေဇာက္ထိုးကပ္ၿပီး ပစ္ကြ

စြမ္းတယ္ မစြမ္းဘူး မင္းမၾကာခင္ သိရေစမယ္တဲ့ …

တခါမွ ဆရာ မေခၚဘူးတဲ့ သူငယ္ခ်င္းကို ဆရာေခၚခဲ့ရတယ္။ ယုံၾကည္သူ၊ မယုံၾကည္သူ သူငယ္ခ်င္းအေပါင္း

စိတ္ခြန္အားျဖစ္ေစမယ့္အစီအရင္တခုအျဖစ္ လုပ္ၾကည့္ၾကပါလို႔ တိုက္တြန္းခ်င္ပါတယ္။

တပ္ကိုေျပာင္းရင္ ေတာင္းကိုပစ္ပါ တဲ့!

နယူတန္ရဲ့နိယာမ ျမန္မာ့ ကက္ကင္းပညာ

စမ္းသပ္ၾကည့္ၾကမလား

Credit; Original Uploader