ပြည်သူပိုင်မြေယာဖျက်ကာ စစ်တပ် နှင့် လေယာဉ်ကွင်း ဆက်သွယ်သော လမ်းဖောက်ရန် စစ်ကောင်စီ စီစဉ်နေ
ပူတာအိုမြို့ အခြေစိုက် ခလရ ၄၆ တပ်ရင်းနှင့် လေယာဉ်ကွင်းကို တိုက်ရိုက်ဆက်သွယ်သော လမ်းဖောက်လုပ်ရန် စစ်ကောင်စီက ဒေသခံ
များ၏ လယ်ယာမြေကို ခွင့်ပြုချက်မရဘဲ လုပ်ဆောင်ရန် စီစဉ်နေကြောင်း သိရသည်။
လက်ရှိ စစ်တပ်နှင့် လေယာဉ်ကွင်းကို သွားသောလမ်းသည် စစ်ရေးအရ လှုပ်ရှားရန် ခက်ခဲနေသောကြောင့် လေယာဉ်ကွင်းရပ်ကွက်နှင့် ပါ
အင်ရပ်ကွက်ကြားရှိ ဟိုဖိုင်မြောက်ပိုင်း လယ်ကွင်းပေါ် တွင် ၁ မိုင်ခန့်အရှည်လျားသော လမ်းဖောက်လုပ်ရန် အလံနီ လိုက်လံ သတ်မှတ်
ထားပြီဟု ဒေသခံ တစ်ဦးက KNG ကို ပြောသည်။
“အခုဖောက်မယ့်လမ်းက စစ်တပ်နဲ့ လေယာဉ်ကွင်းပိုနီးဖို့ပေါ့။ လက်ရှိကတော့ ကောင်ကထောင်ဘက်က ကွေ့ဝင်ရတော့ သူတို့ ချောင်းပစ်
ခံရတဲ့အချိန်ဆို မြန်မြန် လှုပ်ရှားလို့မရ၊ ဆိုတော့ အခု သူတို့က ၂ လမ်းသွားနိုင်ဖို့ လုပ်နေတာ။ အရင်တစ်ခေါက်ကဆို သူတို့ ရှော့တိုက် ဒုံးနဲ့
ပစ်ခံရတာ” ဟု ပြောသည်။အဆိုပါစီမံကိန်းအတွက် လေယာဉ်ကွင်း အုပ်ချုပ်ရေးမှူး ဦးဒခွမ်ရင်နှင့် ဦးဖေရမ်ဖုန်ဆန်းတို့အပါအဝင်
မြေစာရင်းရုံးဝန်ထမ်းများက လယ်ယာမြေများပေါ်တွင် အလံနီလိုက်လံသတ်မှတ်ခဲ့ကြသည်ဟု ဆိုသည်။
ဒေသခံများ၏ သဘောတူညီမှုကို ရယူခြင်းမရှိဘဲ ၎င်းတို့မြေယာပေါ် လမ်းဖောက်လုပ်ရန်စီစဉ်နေမှုကို ကန့်ကွက်ကြောင်း လယ်ပိုင်ရှင်
အချို့က ပြည်နယ်စစ်ကောင်စီ ဥက္ကဋ္ဌ နှင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ထံသို့ ဩဂုတ် ၃၁ ရက်နေ့က စာပို့ထားသည်ဟု သိရသည်။
“အခု ခက်ထိန်နန်နဲ့ မြောက်ပိုင်းတိုင်းအဖွဲ့ကိုလည်း ကန့်ကွက်စာ တင်ထားတယ်တဲ့ ၃၁ ရက်နေ့က။ ဒေသခံ လူဦးရေ ဘယ်လောက် တင်
ထားသလဲဆိုတာကတော့ မသိသေးဘူး။ တချို့ကတော့ အဲဒီလယ်တစ်ကွက်ကိုပဲ မှီခိုပြီး လုပ်ကိုင်စားသောက်နေတာဖြစ်တဲ့အတွက် အဲဒါမ
ရှိရင် ရှင်သန်ဖို့ အရမ်းခက်လာမယ်လို့ ပြောတယ်။” ဟု ဆိုသည်။
လယ်မြေ ဧကပေါင်း ၃၀၀ ကျော် ကျယ်ဝန်းသော ဟိုဖိုင်မြောက်ပိုင်း လယ်ကွင်း ဗဟိုအလယ်တည့်တည့်ဖြတ်ကာ ဧက ၁၀ ပတ်လည်
ကျယ်ဝန်းသော လမ်းဆောက်လုပ်ဖြစ်ပြီး လယ်ယာမြေ ဧကမည်မျှ ပျက်စီးသွားမည်ကို မသိရသေးကြောင်း ဆိုသည်။
“ချောင်းကိုလည်း တံတားထိုးမယ်ထင်တယ်။ နွေရာသီဆိုရင်တော့ ချောင်းကနေလည်း ကားဖြတ်လို့ရတယ်။ ဒါပေမယ့်သူတို့ကတော့ နွေ၊
မိုး၊ ဆောင်း အဆင်ပြေဖို့ တံတားလုပ်လိမ့်မယ်။ အမှန်တိုင်းပြောရင် ဒီလမ်းက ဒေသခံတွေ သွားလာလို့ရမယ့် လမ်းလည်းမဟုတ်ဘူး။” ဟု
အထက်ပါ ဒေသခံက ထပ်မံ ပြောဆိုသည်။ဟိုဖိုင်မြောက်ပိုင်းလယ်ကွင်းတွင် ပူတာအိုမြို့ပေါ်ရပ်ကွက်၊ လေယာဉ်ကွင်း၊ ကောင်ကထောင်၊
ပါအင်နှင့် လုံးစွတ် စသောရပ်ကွက်များမှ ဒေသခံများ လုပ်ကိုင်စားသောက်သော မြေယာဖြစ်သည်ဟု သိရသည်။
Source; K N G
Zawgyi
ျပည္သူပိုင္ေျမယာဖ်က္ကာ စစ္တပ္ ႏွင့္ ေလယာဥ္ကြင္း ဆက္သြယ္ေသာ လမ္းေဖာက္ရန္ စစ္ေကာင္စီ စီစဥ္ေန
ပူတာအိုၿမိဳ႕ အေျခစိုက္ ခလရ ၄၆ တပ္ရင္းႏွင့္ ေလယာဥ္ကြင္းကို တိုက္ရိုက္ဆက္သြယ္ေသာ လမ္းေဖာက္လုပ္ရန္ စစ္ေကာင္စီက ေဒသ
ခံမ်ား၏ လယ္ယာေျမကို ခြင့္ျပဳခ်က္မရဘဲ လုပ္ေဆာင္ရန္ စီစဥ္ေနေၾကာင္း သိရသည္။
လက္ရွိ စစ္တပ္ႏွင့္ ေလယာဥ္ကြင္းကို သြားေသာလမ္းသည္ စစ္ေရးအရ လႈပ္ရွားရန္ ခက္ခဲေနေသာေၾကာင့္ ေလယာဥ္ကြင္းရပ္ကြ
က္ႏွင့္ ပါအင္ရပ္ကြက္ၾကားရွိ ဟိုဖိုင္ေျမာက္ပိုင္း လယ္ကြင္းေပၚ တြင္ ၁ မိုင္ခန႔္အရွည္လ်ားေသာ လမ္းေဖာက္လုပ္ရန္ အလံနီ လိုက္လံ သ
တ္မွတ္ထားၿပီဟု ေဒသခံ တစ္ဦးက KNG ကို ေျပာသည္။
“အခုေဖာက္မယ့္လမ္းက စစ္တပ္နဲ႔ ေလယာဥ္ကြင္းပိုနီးဖို႔ေပါ့။ လက္ရွိကေတာ့ ေကာင္ကေထာင္ဘက္က ေကြ႕ဝင္ရေတာ့ သူတို႔ ေခ်ာင္းပစ္ခံရ
တဲ့အခ်ိန္ဆို ျမန္ျမန္ လႈပ္ရွားလို႔မရ၊ ဆိုေတာ့ အခု သူတို႔က ၂ လမ္းသြားနိုင္ဖို႔ လုပ္ေနတာ။ အရင္တစ္ေခါက္ကဆို သူတို႔ ေရွာ့တိုက္
ဒုံးနဲ႔ ပစ္ခံရတာ” ဟု ေျပာသည္။
အဆိုပါစီမံကိန္းအတြက္ ေလယာဥ္ကြင္း အုပ္ခ်ဳပ္ေရးမႉး ဦးဒခြမ္ရင္ႏွင့္ ဦးေဖရမ္ဖုန္ဆန္းတို႔အပါအဝင္ ေျမစာရင္း႐ုံးဝန္ထမ္းမ်ား
က လယ္ယာေျမမ်ားေပၚတြင္ အလံနီလိုက္လံသတ္မွတ္ခဲ့ၾကသည္ဟု ဆိုသည္။
ေဒသခံမ်ား၏ သေဘာတူညီမႈကို ရယူျခင္းမရွိဘဲ ၎တို႔ေျမယာေပၚ လမ္းေဖာက္လုပ္ရန္စီစဥ္ေနမႈကို ကန႔္ကြက္ေၾကာင္း
လယ္ပိုင္ရွင္အခ်ိဳ႕က ျပည္နယ္စစ္ေကာင္စီ ဥကၠ႒ ႏွင့္ ေျမာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ထံသို႔ ဩဂုတ္ ၃၁ ရက္ေန႔က စာပို႔ထားသည္ဟု သိရသ
ည္။“အခု ခက္ထိန္နန္နဲ႔ ေျမာက္ပိုင္းတိုင္းအဖြဲ႕ကိုလည္း ကန႔္ကြက္စာ တင္ထားတယ္တဲ့ ၃၁ ရက္ေန႔က။ ေဒသခံ လူဦးေရ ဘယ္ေ
လာက္ တင္ထားသလဲဆိုတာကေတာ့ မသိေသးဘူး။ တခ်ိဳ႕ကေတာ့ အဲဒီလယ္တစ္ကြက္ကိုပဲ မွီခိုၿပီး လုပ္ကိုင္စားေသာက္ေနတာျဖစ္တဲ့အတြက္ အဲ
ဒါမရွိရင္ ရွင္သန္ဖို႔ အရမ္းခက္လာမယ္လို႔ ေျပာတယ္။” ဟု ဆိုသည္။
လယ္ေၿမ ဧကေပါင္း ၃၀၀ ေက်ာ္ က်ယ္ဝန္းေသာ ဟိုဖိုင္ေျမာက္ပိုင္း လယ္ကြင္း ဗဟိုအလယ္တည့္တည့္ျဖတ္ကာ ဧက ၁၀ ပတ္လ
ည္က်ယ္ဝန္းေသာ လမ္းေဆာက္လုပ္ျဖစ္ၿပီး လယ္ယာေၿမ ဧကမည္မၽွ ပ်က္စီးသြားမည္ကို မသိရေသးေၾကာင္း ဆိုသည္။
“ေခ်ာင္းကိုလည္း တံတားထိုးမယ္ထင္တယ္။ ေႏြရာသီဆိုရင္ေတာ့ ေခ်ာင္းကေနလည္း ကားျဖတ္လို႔ရတယ္။ ဒါေပမယ့္သူ
တို႔ကေတာ့ ေႏြ၊ မိုး၊ ေဆာင္း အဆင္ေျပဖို႔ တံတားလုပ္လိမ့္မယ္။ အမွန္တိုင္းေျပာရင္ ဒီလမ္းက ေဒသခံေတြ သြားလာ
လို႔ရမယ့္ လမ္းလည္းမဟုတ္ဘူး။” ဟု အထက္ပါ ေဒသခံက ထပ္မံ ေျပာဆိုသည္။
ဟိုဖိုင္ေျမာက္ပိုင္းလယ္ကြင္းတြင္ ပူတာအိုၿမိဳ႕ေပၚရပ္ကြက္၊ ေလယာဥ္ကြင္း၊ ေကာင္ကေထာင္၊ ပါအင္ႏွင့္ လုံးစြတ္ စေသာရပ္ကြက္မ်ား
မွ ေဒသခံမ်ား လုပ္ကိုင္စားေသာက္ေသာ ေျမယာျဖစ္သည္ဟု သိရသည္။
Source; K N G