ၾကားသိသမွ်

အာဏာသိမ်းမှု ကိုဆန့်ကျင်သည့် မည်သည့်အဖွဲ့အစည်းနှင့်မဆို လက်တွဲပြီး တော်လှန်သွားမည်ဟု ကေအန်ယူ ကြေညာ

အာဏာသိမ်းတာ ကိုဆန့်ကျင်တဲ့ ဘယ်အဖွဲ့အစည်းနဲ့မဆို လက်တွဲပြီး အာဏာရှင်စနစ်အားလုံးကို ဆန့်ကျင်တော်လှန်သွားမယ်လို့ ကရင်

အမျိုးသားအစည်းအရုံး (ကေအန်ယူ)က ကြေညာပါတယ်။…

ကေအန်ယူဟာ ဖက်ဒရယ်နဲ့ ဒီမိုကရေစီစနစ်ကို မြှင့်တင်ဖို့ ခိုင်မာတဲ့ ကတိကဝတ်နဲ့ လိုက်နာဆောင်ရွက်တာကို ဆက်လက်ထိန်းသိမ်းထား

တယ်လို့ စက်တင်ဘာ ၃ ရက် နေ့စွဲနဲ့ ထုတ်ပြန်တာပါ။…

ကေအန်ယူအနေနဲ့ မြန်မာစစ်တပ်ရဲ့ ရက်စက်ကြမ်း ကြုတ်မှုတွေကနေ အကာအကွယ်ရယူလိုတဲ့ ဘယ်သူ့ကိုမဆို တတ်နိုင်တဲ့ဘက်က

ကူညီပံ့ပိုးပေးတယ်လို့လည်း ဆိုပါတယ်။ ပြီးတော့ နှစ်ရှည်ဖြစ်ပွားခဲ့တဲ့ ပြည်တွင်းစစ်ရဲ့ မူလဇာစ်မြစ်ကို ဖြေရှင်းဖို့နဲ့စစ်မှန်တဲ့ ငြိမ်းချမ်းရေးနဲ့

တိုင်းပြည် တည်ငြိမ်အေးချမ်းတာကို ဆောင်ကြဉ်းဖို့ နောက်ထပ် ဖြေရှင်းရေးနည်းလမ်းသစ်တွေကိုလည်း ဆက်လက်ရှာဖွေလုပ်ဆောင်

သွားမယ်လို့ ဆိုပါတယ်။…

ပြည်သူတွေအနေနဲ့ လွတ်လပ်မှုနဲ့ တရားမျှတမှုအတွက် ကိုယ်တတ်နိုင်တဲ့ဘက်က နည်းလမ်းမှန်နဲ့ ကူညီထောက် ပံ့တာကို ထုတ်ဖော်ပြသ

ပေးဖို့လည်း ကေအန်ယူက တိုက်တွန်း ထုတ်ပြန်ထားပါတယ်။…ကေအန်ယူဟာ အစိုးရရဲ့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး

သဘောတူစာချုပ် (အန်စီအေ)မှာ လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့ဖြစ်ပေမဲ့ အာဏာသိမ်းစစ်ကောင်စီတပ်တွေက ကေအန်ယူနယ်မြေထဲ

ကျူးကျော်ဝင်ရောက်လာတဲ့အတွက် နှစ်ဘက်တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။ …

Zawgyi

အာဏာသိမ္းတာ ကိုဆန႔္က်င္တဲ့ ဘယ္အဖြဲ႕အစည္းနဲ႔မဆို လက္တြဲၿပီး အာဏာရွင္စနစ္အားလုံးကို ဆန႔္က်င္ေတာ္လွန္သြားမယ္လို႔ ကရင္အမ်ိဳးသားအစ

ည္းအ႐ုံး (ေကအန္ယူ)က ေၾကညာပါတယ္။…

ေကအန္ယူဟာ ဖက္ဒရယ္နဲ႔ ဒီမိုကေရစီစနစ္ကို ျမႇင့္တင္ဖို႔ ခိုင္မာတဲ့ ကတိကဝတ္နဲ႔ လိုက္နာေဆာင္ရြက္တာကို ဆက္လက္ထိန္းသိမ္းထားတယ္လို႔ စ

က္တင္ဘာ ၃ ရက္ ေန႔စြဲနဲ႔ ထုတ္ျပန္တာပါ။…

ေကအန္ယူအေနနဲ႔ ျမန္မာစစ္တပ္ရဲ့ ရက္စက္ၾကမ္း ၾကဳတ္မႈေတြကေန အကာအကြယ္ရယူလိုတဲ့ ဘယ္သူ႔ကိုမဆို တတ္နိုင္တဲ့ဘက္က ကူညီပံ့

ပိုးေပးတယ္လို႔လည္း ဆိုပါတယ္။ ၿပီးေတာ့ ႏွစ္ရွည္ျဖစ္ပြားခဲ့တဲ့ ျပည္တြင္းစစ္ရဲ့ မူလဇာစ္ျမစ္ကို ေျဖရွင္းဖို႔နဲ႔စစ္မွန္တဲ့ ၿငိမ္းခ်

မ္းေရးနဲ႔ တိုင္းျပည္ တည္ၿငိမ္ေအးခ်မ္းတာကို ေဆာင္ၾကဥ္းဖို႔ ေနာက္ထပ္ ေျဖရွင္းေရးနည္းလမ္းသစ္ေတြကို

လည္း ဆက္လက္ရွာေဖြလုပ္ေဆာင္သြားမယ္လို႔ ဆိုပါတယ္။…

ျပည္သူေတြအေနနဲ႔ လြတ္လပ္မႈနဲ႔ တရားမၽွတမႈအတြက္ ကိုယ္တတ္နိုင္တဲ့ဘက္က နည္းလမ္းမွန္နဲ႔ ကူညီေထာက္ ပံ့တာကို ထုတ္ေဖာ္ျ

ပသေပးဖို႔လည္း ေကအန္ယူက တိုက္တြန္း ထုတ္ျပန္ထားပါတယ္။…ေကအန္ယူဟာ အစိုးရရဲ့ တနိုင္ငံလုံး ပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရး သေဘာ

တူစာခ်ဳပ္ (အန္စီေအ)မွာ လက္မွတ္ေရးထိုးထားတဲ့ အဖြဲ႕ျဖစ္ေပမဲ့ အာဏာသိမ္းစစ္ေကာင္စီတပ္ေတြက ေကအန္ယူနယ္ေျမထဲ

က်ဴးေက်ာ္ဝင္ေရာက္လာတဲ့အတြက္ ႏွစ္ဘက္တိုက္ပြဲေတြ ျဖစ္ပြားခဲ့ပါတယ္။ …