တစ်အချိုး နှစ် ( 1 : 2)
ဘိုင်တန် အာဖကန်ကဆုတ်ပြီးထဲကငြိမ်နေတယ် တရုတ်ကိုကုန်းတွင်း လမ်းကြောင်းဖွင့်ပေးပြီးအာဖကန်မှာလက်နက်တွေချန်ထားခဲ့တယ်
တရုတ်နဲ့ရုရှကတော့ အာဖကန်ကို အတော်ထိန်းရမယ် တရုတ်နဲ့အာဖကန် နယ်မြေဆက်နေတဲ့ ရှန်ကျန်းကတော့ လူပ်လာမှာသေချာတယ်
ပူတင်က ဘိုင်တန်ကို အာဖကန်အရူံးသမားလို့ လှမ်းစကားနာထိုးတာတောင် ဘိုင်တန်ငြိမ်နေတယ် ဒါတစ်ဖက်ကတွေးရင် ကြောက်စရာ
ကောင်းပါတယ်အမေရိကန်ရာဇဝင်မှာ သူ မလိုချင်ရင်ပစ်ချတတ်ပေမယ့် သူ့ပါဝါတော့ချက်ချင်းပြန်တင်တတ်ပါတယ်တရုတ်ရဲ့ ရေလမ်း
သမုဒ္ဒရာနှစ်စင်းထွက်ပေါက်အထွက် ပိတ်ဖို့အမေရိကန်တို့ လုပ်လာဖို့ရှိပါတယ်ဒီအတွက် တရုတ်ကလဲ ပိတ်ဆို့မခံရအောင် နည်းအမျိုးမျိုး
သုံးလာမှာပါ နေပြည်တော်ကို ဆွန်ကော့ရှန်တစ်ပတ်ကြာလာတာ တရုတ်ဟာ သူ့အကျိုးအတွက် စကစကိုလာနားချတာလဲဖြစ်မယ် စကစ
ဘက်ကလဲ လုပ်လာတာတွေက လက်လွန်နေပြီနောက်ပြန်လှည့်လို့ကလဲ မရတော့ဘူး ဒီတော့သူကအဆုံးထိဆက်မိုက်ဖို့ပဲ ရှိပါတော့တယ်
ဒီအတွက်လဲ ရုရှကိုပြေးကပ်တာတွေ့နေရတယ်တော်လှန်ရေးအင်အားစုတွေခြားက ရပ်တည်နေနိုင်တဲ့ ဆီရီးယားကအာဆက်ကို အားကျ
နေလို့လားတော့မသိပါဘူး အခုက တစ်နိုင်ငံလုံးစစ်မျက်နှာဖြစ်နေတာ စကစအတွက်ထိုင်ခုံက ခါရမ်းလို့နေပါတယ်မြန်မာပြည်မှာ ဒေသ
အလိုက် လက်နက်ကိုင်ကြတဲ့PDFတွေနဲ့ တိုင်းရင်းသားဒေသတွေကPDFဆိုပြီးရှိပါတယ် အဲ့ကမှ ဒေသအလိုက် PDF တွေက အားကောင်း
လာပါတယ် အဲ့ဒေသတွေကို ကြည့်လိုက်ရင်ရန်ကုန် မန္တလေးကလွဲရင် ဒေသအလိုက် PDFတွေဟာ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့
ဒေသတွေနဲ့ဆက်စပ်နေပါတယ်အဲ့ဒေသတွေကို စကစ စခတပ်တွေမစိုးမိုးနိုင်ပါဘူး
တိုင်းရင်သားလက်နက်ကိုင်ဒေသတွေနဲ့ အလှမ်းဝေးတဲ့ ဧရာဝတီတိုင်းနဲ့ ပဲခူးရိုးမနောက်ခြမ်းမှာတော့မြို့ခံPDF အင်အားနည်းတာလား စခ
တပ်တွေ ဖိထားတာ များလို့လားတော့မသိပါဘူး လူပ်ရှားမူ့နည်းပါတယ်စစ်ကိုင်း ချင်း ကယား ကချင် ကရင် ရန်ကုန် မန္တလေးမှာတော့
နေ့စဉ်လိုလို ဗုံးသံ သေနတ်သံတွေဆူညံနေပါတယ် စခတပ်တွေကလဲ မြို့ပေါ်တွေကိုရက်ရက်စက်စက် နှိပ်ကွပ်လာပါတယ် အာဏာသိမ်း
ပြီး ရလကျော်သည်ထိ ဘယ်လိုမှအုပ်ချုပ်လို့လဲမရပါဘူးတကယ်တော့ မြန်မာပြည်အရေးဟာ ကမ္ဘာ့အရေးနဲ့ဆက်စပ်နေတယ်လို့ထင်ပါ
တယ် တရုတ်နဲ့အမေရိကန် အားပြိုင်မူ့ကြားက Proxy Warပုံစံဖြစ်လာပါ
တယ် နှစ်ဖက်ကတော့ အငှားဗိုက်နဲ့ ဓားထိုးနေတယ်ပဲထင်ပါတယ် မင်းအောင်လိူင်ကတော့ ပြည်တွင်းမှာ ပြည်သူတွေဘယ်လောက်သေ
သေ သူ့ စခတွေဘယ်လောက်သေသေ ဂရုမစိုက်ပါဘူး သူကြောက်တာပြည်ပကဝင်လာမှာကိုပါဒါကြောင့်လဲ ပင်လယ်ဝမှာ စစ်ရေးသွား
လေ့ကျင့်တာတွေလုပ်နေပါတယ် တရုတ်ကတော့မြန်မာပြည်ကို နိုင်ငံခြားတပ်တွေဝင်လာမှာ ကြောက်ပါတယ်ဝင်လာခဲ့ရင် မန္တလေးထိသူ
ဆင်းကာလာနိုင်ပါတယ်အနာဂတ်တရုတ်မြေပုံဆိုပြီး ဆွဲထားတဲ့ထဲကလိုနဲ့ရေနံပိုက်လိုင်းဖြတ်ထားပုံအရဆို မြန်မာပြည်ဟာတောင်
မြောက် ကွဲသွားနိုင်ပါတယ်တရုတ်နဲ့ဆက်စပ်နေတဲ့ မြန်မာမြောက်ခြမ်းမှာ သံယံဇာတလဲများစွာထွက်သလို တရုတ်စီမံကိန်းတွေ
အကျိုးစီးပွားတွေအများကြီးရှိပါတယ် တိုင်းရင်းသားလက်နက်ကိုင်တွေဟာလဲ တရုတ်လက်ဝေခံတွေချည်းပါပဲ အလုပ်မလုပ်ပဲ ထွက်သမျှ
သဲ့ယူချင်တဲ့ စစ်အာဏာရှင်တွေအတွက်တော့ မြောက်ခြမ်းဟာ သွားရည်ကျစရာပါပဲသတိထားမိတဲ့နောက်တစ်ချက်က အခု မြို့ခံတွေထိ
ထိရောက်ရောက်အင်နဲ့အားနဲ့တိုက်နေတာလဲ မြောက်ခြမ်းဖြစ်နေပြန်တယ် စကစအတွက်တော့သိပ်မလွယ်လောက်ပါဘူး တောင် မြောက်
ဖြစ်လာနိုင်လားလို့ ဆိုတာ လက်လွတ်စပယ်ပြောတာတော့မဟုတ်ပါဘူးဒုတိယကမ္ဘာစစ်ပြီးတော့ စစ်ရူံးတဲ့ဂျာမနီတို့လဲတောင်မြောက် အခွဲ
ခံခဲ့ရတာပါပဲ ကိုရီးယား ဗီယက်နမ်တို့လဲထိုနည်းလည်းကောင်းပါပဲ ဂျပန်ကကျွန်းနိုင်ငံသက်သက်မို့ အခွဲမခံရပဲ ကံကောင်းသွားတယ်လို့
ပြောရပါမယ်ဘယ်လိုနည်းနဲ့မှ မြန်မာကိုလက်လွတ်မခံနိုင်တဲ့တရုတ်နဲ့ တရုတ်ထွက်ပေါက်ကိုပိတ်ဖို့နဲ့ အာစီယံနိုင်ငံတွေအပေါ် ပါဝါပြန်တင်
မယ့် အမေရိကန်တို့အားပြိုင်မူ့ခြားမှာ မြန်မာပြည်အတွက်တော့ ရင်လေးစရာကောင်းပါတယ် ဒါကြောင့် 1 : 2 ဆိုသလိုဖြစ်သွားမလား ဆို
တာ……ဒီလိုမဖြစ်ဖို့ လုပ်နိုင်သူတစ်ဦးပဲရှိတယ် သူကတော့တရုတ်နဲ့အမေရိကန်ကို ကောင်းကောင်းထိန်းပြီးနိုင်ငံရေးကစားကွက်ကို
ကျေညက်တဲ့ အမေဒေါ်အောင်ဆန်းစုကြည် ပါပဲ စကစအနေနဲ့ ထုတ်သင့်ပြီထင်ပါတယ် အခုတောင်နောက်ကျနေပါပြီ ဒါမိမိတစ်ဦးထဲအယူ
အဆသာဖြစ်ပါတယ် သဘောမတူလို့လဲရပါတယ် NUGကတော့ စက်တင်ဘာ၁၁ရက်ကို စောင့်နေပုံရပါတယ် ဒီနောက်ပိုင်း စကစရော
NUGပါ အဆုံးအဖြတ်ပွဲတွေကစားလာမှာပါစကစအတွက် ထွက်ပေါက်က တော်လှန်ရေးတွေ
ငြိမ်သက်ဖို့ နှိပ်ကွပ်မှာပါ NUGကတော့ PDFကိုပံပိုးမူ့နဲ့ နိုင်ငံတကာကကူညီရေး နယ်မြေသိမ်းနိုင်ရေးတို့ကိုလုပ်လာဖွယ်ရှိပါတယ်
ရှေ့လာမယ့်ရက်တွေဟာ မြန်မာပြည်ကြီး မီးဟုန်းဟုန်းတောက်ပြီး တိုက်ပွဲသံတွေဆူညံလာပါတော့မယ်လို့ သတိပေးချင်ပါတယ်ဗျာ
မုဆိုး လက်