လူခြေတိတ်ချိန် ည(၁၀)နာရီဝန်းကျင်မှာ ရန်ကုန်မြို့ ဆင်ခြေဖုံး ရပ်ကွက်တစ်ခုရဲ့ (၆)ပေ ပတ်လည် ထပ်ခိုးတခုမှာ မသော်တာ (အမည်
လွှဲ) တယောက် ဖုန်းတစ်လုံးနှင့် အလုပ်များ နေပါတယ်။…
စစ်တပ်မှ အာဏာသိမ်းပြီးနောက် ရန်ကုန်မှာ ညမထွက်ရအမိန့် ထုတ်ပြန်ထားတာကြောင့် ညအချိန်တွေမှာ လမ်းတွေက လူသူသွားလာမှု
ငြိမ်သက်နေပြီး တခါတရံ မသော်တာနေတဲ့ အိမ်အနားမှာ ခွေးဟောင်သံမှ အပ အရာအားလုံးက တိတ်ဆိတ်နေပါတယ်။…
အိမ်အောက်ထပ်က မိဘနှစ်ပါးအပါအဝင် အတူနေ မိသားစုဝင် (၆)ဦး မသိအောင် ထပ်ခိုးမှာ တိတ် တဆိတ် လုပ်နေရလို့ မသော်တာရဲ့
ရင်ခုန်သံတွေဟာ မိုးခြိမ်းသံပမာ ကျယ်ကျယ်လောင်လောင် ခုန်မြည်နေပါတယ်။မသော်တာရဲ့ ဖုန်းထဲကို ဝင်လာတဲ့ message တွေဆီ “
chat only ၊ vc ၅၀၀၀ ၊ wave kbz ၊ ဆယ္မိနစ္” ဆိုတဲ့ စာတိုလေးတွေကို ပြန်ပို့ပေးနေရင်း customer တစ်ဦးကို ဝန်ဆောင်မှုပေးဖို့ သူမ
ပြင်ဆင်နေတာပါ။…
အရပ်မြင့်မြင့် အသားဖြူဖြူနှင့် မြန်မာဆန်ဆန်အသွင် အပြင်ရှိတဲ့ အသက်(၂၄)နှစ် အရွယ် မသော်တာဟာ အွန်လိုင်းလိင်ဖျော်ဖြေရေး
ဝန်ဆောင်မှုကို လျှို့ဝှက်စွာ လုပ်ကိုင်နေသူ ဖြစ်ပါတယ်။ကိုဗစ်-၁၉ ကပ်ရောဂါနှင့်အတူ စစ်တပ် အာဏာသိမ်းလိုက်တဲ့ မြန်မာ့စီးပွားရေး
အကြပ်အတည်းမှာ လုံခြုံစိတ်ချရတဲ့ အွန်လိုင်းပေါ်က လိင်ဖျော်ဖြေရေးဝန်ဆောင်မှု လုပ်ငန်းဟာ တွင်ကျယ်လာပြီး ငွေကြေး အဆင်မပြေ
တဲ့ အမျိုးသမီးတွေအကြားမှာ ငွေရလမ်းတစ်ခုအဖြစ် ရေပန်းစားနေခဲ့ပါတယ်။…
ယခင်ကတော့ အိမ်နီးခြင်း ထိုင်းနဲ့ အိန္ဒိယနိုင်ငံတွေမှာ တွင်ကျယ်ပြီးသား အွန်လိုင်း လိင်ဖျော်ဖြေရေး လုပ် ငန်းဟာ ခုချိန်မှာတော့
မြန်မာနိုင်ငံမှာလည်း တွင်ကျယ်လာခဲ့ပါတယ်။တစ်လဝင်ငွေ အနည်းဆုံး ကျပ်(၁၀) သိန်းဝန်းကျင်ကနေ အများဆုံး ကျပ် သိန်း(၃၀)နီးပါး
ထိ ရတဲ့အတွက် ငွေကြေးအခက်အခဲရှိတဲ့ အမျိူးသမီးတွေက အခုလို လိင်ဝန်ဆောင်မှုပေးတာကို စမ်းသပ် လုပ်ကိုင်လာကြပါတယ်လို့
မေးမြန်းမှုတွေအရ သိရပါတယ်။…
ဒီအွန်လိုင်းလိပ်ဖျော်ဖြေရေးလုပ်ငန်းဟာ အွန်လိုင်း (လူမှုကွန်ရက်တွေဖြစ်တဲ့ Facebook, Viber) ပေါ်ကနေ ဆက်သွယ်လာတဲ့ အမျိုးသား
တွေကို လိင်စိတ် သာယာမှု ရရှိစေဖို့အတွက် အခကြေးငွေယူပြီး ဖျော် ဖြေပေး ရတာပါ။ ဝန်ဆောင်မှုရယူတဲ့ အမျိုးသား စိတ်အာသာပြေဖို့
အတွက် အသံနှင့်အတူ ခန္ဓာကိုယ်ရဲ့ လိင်အင်္ဂါ တွေကို ဖော်ပြပြီး ရမ္မက်ထကြွအောင် အမျိုး သမီးက ဖျော်ဖြေပေးရတာမျိုး ဖြစ်ပါတယ်။…
ရန်ကုန် အဝေးသင် တက္ကသိုလ် ပထမနှစ်ကို တက်ရောက်နေတဲ့ မသော်တာကတော့ ဒီလုပ်ငန်းကို ၂၀၂၁ ခုနှစ် ဇန်နဝါရီလမှာ စတင်
လုပ်ကိုင်ခဲ့တာလို့ ပြောပြပါတယ်။အသည်းမကောင်းလို့ ခွဲစိတ်ရမယ့် အမေနှင့် လေးဘက်နာ ဖြစ်နေတဲ့ အဖေတို့အတွက် ဆေးကုသစရိတ်
လိုအပ်လို့ ဒီလုပ်ငန်းကို လုပ်ကိုင်ဖြစ်ခဲ့တာလို့ သူမက ဆိုပါတယ်။…
“ မြန်မာနိုင်ငံမှာက တစ်နေကုန်လုပ်မှ ငါးထောင် တစ်သောင်းပဲရတယ်။ ညီမ ရိုးရိုးသားသား ကြိုးစားပြီး အကုန် လုပ်ခဲ့ဖူးတယ်၊ တစ်နေ့ ငါး
ထောင် တစ်သောင်းပဲ ကျန်တယ်။ အဖေအမေတို့ ကျန်းမာရေး မကောင်းချိန်မှာ မလုံလောက်တော့ဘူး။ ဒါကြောင့် လုပ်ဖြစ်ခဲ့တာပါ” လို့ မ
သော်တာက ပြောပါတယ်။…
သူမဟာ ဒီလုပ်ငန်းမတိုင်ခင်မှာ အရောင်းစာရေးအဖြစ် တစ်မျိုး၊ မုန့်ဟင်းခါးလေးရောင်းတာက တစ်ဖုံ နှစ်နဲ့ချီ အမျိုးမျိုး လုပ်ကိုင်ခဲ့ဖူးတယ်
လို့ ဆိုပါတယ်။အခုတော့ မိသားစုဝင်တွေ အိပ်ယာဝင်ချိန်ဖြစ်တဲ့ ညကိုးနာရီနော က်ပိုင်းကစပြီး အပေါ်ထပ် ထပ်ခိုးလေးမှာ တိုးတိုး တိတ်
တိတ်နှင့် မနက် မိုးလင်းသည်အထိ အွန်လိုင်းကနေ သူမက လိင်ဝန်ဆောင်မှု ပေးတာကို လုပ်ကိုင်နေပါတယ်။….
“ လုံချည် ဝတ်တဲ့အခါ ခြေသလုံးပေါ်ရင်တောင် အဖေက မကြိုက်ဘူး။ ဒီအလုပ် လုပ်နေမယ်ဆိုတာကို ယောင်လို့တောင် တွေးမိမှာ မဟုတ်
ဘူး။ ညီမက အွန်လိုင်းမှာ ဈေးရောင်းနေတယ်လို့ဘဲ ပြော ထားတယ်။ သူတို့အိပ်ချိန်ဆို ထပ်ခိုးလေးမှာ အလုပ် လုပ်တယ်။ ညဘက်မှာ မီး
ရောင်တွေနဲ့ အလုပ်လုပ်ရတော့ မျက်လုံး တောင် မကောင်းတော့ဘူး” လို့ သူမက ပြောပါတယ်။…
နောက်တနေ့ မိုးလင်းရင်တော့ အိပ်ရေးမဝလို့ ငိုက်မြည်းရင်းပဲ အိမ်အလုပ်တွေကို သိမ်းကြုံးလုပ်ပြီးတော့မှ တရေးတမောအိပ်ကာ
အနားယူရပါတယ်။အထက်အညာသားဒေသကလာပြီး အရှက်အကြောက်ကြီးတဲ့ မိခင်နှင့်ဖခင်တို့ရဲ့ အုပ်ထိန်းမှုအောက်မှာ ကြီးပြင်းခဲ့ရတဲ့
မသော်တာဟာ အခုလို လုပ်ကိုင်ရလိမ့်မယ်လို့ ဘဝမှာ စိတ်တောင် မကူးခဲ့ပါဘူး။ဝန်ဆောင်မှုပေးနေချိန်မှာ မိသားစုဝင်တွေ ရုတ်တရက် မ
ရောက်လာစေဖို့အတွက် အိမ်သားတွေကို ခပ်မာမာဆက်ဆံပြီး ရင်းနှီးမှုနည်းအောင်နေထိုင်ရတယ်လို့ ပြောပြပါတယ်။…
“ မောင်နှမတွေကိုလည်း ရင်းရင်းနှီးနှီး မနေဘူး။ ရုတ်တရက် ဝင်လာခဲ့မှာစိုးလို့ ။ ခြေသံကြားရင်တော့ ဆင်းလာမယ် ခနနေအုံးဆိုပြီး
အသံပေးလိုက်တယ်။ ညီမ ဒီလို လုပ်နေတာကို ဘယ်သူ့ကိုမှ မသိစေချင်ဘူး”…
ဖက်ရှင်ကို စိတ်ဝင်စားတဲ့ သူမဟာ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတစ်ခု တည်ထောင်ပြီး ဒီဇိုင်နာ အတတ် ပညာကို လေ့လာဖို့ စိတ်ကူး
အိမ်မက်ရှိသူ တစ်ဦးဖြစ်ပါတယ်။ဒါပေမယ့် တနေကုန် ပင်ပင်ပန်းပန်းလုပ်မှ ကျပ်လေးငါးထောင်သာရတဲ့ သူမအဖို့ အခုလို အွန်လိုင်းကနေ
လိင်ဝန်ဆောင်မှုပေးပြီး အိမ်စားရိတ်နှင့် မိသားစုစားဝတ်နေရေးကို ထောက်ပံ့ပေးနိုင်နေလို့ ပိုက်ဆံရှာတာကို မချစ်သော်လည်း အောင့်ကာ
နမ်းနေရပါတယ်လို့ ဆိုပါတယ်။…
“ ဒီအလုပ်က ဘယ်လိုမှ မျက်နှာပန်း မလှဘူး။ ဝမ်းသာတာတစ်ခုက ဒီကရတဲ့ ဝင်ငွေနဲ့ ကိုယ့်မိဘတွေကို ထောက်ပံ့ပေးနိုင်တယ် ” လို့ပြော
ပြပါတယ်။မသော်တာနည်းတူ အမျိုးသမီး (၁၀၀) နီးပါးကလည်း အွန်လိုင်း လိင်ဖျော်ဖြေရေး ဝန်ဆောင်မှုကို လုပ်ကိုင်နေတယ်လို့ဆိုပါ
တယ်။ သို့သော်လည်း တိကျတဲ့အရေအတွက်ကို သိရဖို့ မလွယ်ကူခဲ့ပါဘူး။အခုလို အကြပ်အတည်းကာလမှာ ငွေကြေးအဆင်မပြေတဲ့
မိန်းကလေးတွေအပြင် အိမ်ထောင်သည် အမျိုးသမီးတွေပါ ဒီလုပ်ငန်းကို လုပ်ကိုင်လာကြတယ်လို့ မသော် တာပြောပြပါတယ်။….
ဒီလို လုပ်ကိုင်သူအများစုက မျက်နှာကို ကွယ်ဝှက်ပြီးတော့ ကိုယ်အင်္ဂါအစိတ်အပိုင်းဖော်ပြပြီး လိင်ဝန် ဆောင်မှု ပေးနေတာ ဖြစ်ပါတယ်။
ငွေကြေးရများတယ်ဆိုပေမယ့် ဒီလုပ်ငန်းဟာ စင်းလုံးချော အဆင်ပြေနေတာတော့ မဟုတ်ပါဘူး။တခါတလေ ဝန်ဆောင်မှုပေးရတဲ့
ဖောက်သည်တွေက ပိုက်ဆံပေးထားတယ်ဆိုပြီး မောက်မောက်မာမာ ဆက်ဆံသလို အကြပ်ကိုင် ခြိမ်းခြောက်တာတွေကိုလည်း ဒီလောက
မှာ လုပ်ကိုင်နေသူတွေက ကြုံရပါတယ်။…
“ အဲ့တုန်းကဆို ဘာဆက်လုပ်ရမယ်မှန်းတောင် မသိဘူး။ ပိုက်ဆံပေးထားတယ်ဆိုပြီး ဆဲတယ် စကားပြောတာ အရမ်းရိုင်းတယ်။ မဟုတ်
တာတွေကို လုပ်ပြခိုင်းတယ်။ အချို့ မိန်းကလေးတွေဆို အယုံလွယ်ပြီး ပုံပြမိတဲ့အခါ အကြပ်ကိုင်ခံရတာတွေလည်း ရှိတယ်” လို့ မ
သော်တာက ကြုံဖူးတဲ့ အဖြစ်အပျက်ကို ပြန်ပြောင်း ပြောပါတယ်။…
အခုလို လုပ်ကိုင်နေသူတွေအများစုကတော့ ဒီလုပ်ငန်းကို လုပ်ကိုင်လိုခြင်း မရှိဘဲ ငွေကြေးလိုအပ်ချက်အရ မလွှဲမရှောင်သာလို့သာ
လုပ်ကိုင်နေရပြီး မိသားစုနဲ့ ပတ်ဝန်းကျင်သိမှာကိုလည်း အမြဲတမ်းစိုးရိမ်နေရတယ်လို့ ပြောကြပါတယ်။ “ညီမလည်း မတွေးထားဘူး။ ဆူခံ
ထိမယ် အိမ်ပေါ်ကတောင် ဆင်းရနိုင်တယ်”…
သူမကတော့ ဒီလုပ်ငန်းကို အမြန်ဆုံး ရပ်တန့်ပစ်ချင်နေပြီး အရင်းအနှီးတစ်ခုရရင်တော့ ကုန်စုံဆိုင်လေးဖွင့်ပြီး အေးအေးချမ်းချမ်း
ဖြတ်သန်းတော့မယ်လို့ စိတ်ကူးထားပါတယ်။ဒါပေမယ့် အခြေခံပြည်သူတွေအတွက် အလုပ်အကိုင် အခွင့်အလမ်း ရှားပါးပြီး စီးပွားရေး
ကြပ်တည်းမှုတွေကြောင့် ကာလတစ်ခုထိတော့ မသော်တာဟာ သူမရဲ့ (၆)ပေ ပတ်လည် ထပ်ခိုးလေးမှာ အွန်လိုင်းကနေ လိင်ဖျော်ဖြေရေး
ဝန်ဆောင်မှုပေးပြီး ငွေကြေး ရှာဖွေနေရအုံးမှာ ဖြစ်ပါတယ်။…
နောင်ခန့်(Thanlwintimes)