ၾကားသိသမွ်

ရှိတဲ့လက်နက်တွေထုတ်လာ ဆိုဒ်ဝါးနဲ့ဖောရိူးတွေသာများပြီး လက်တွေ့မှာ ဘာမှအလုပ်မဖြစ်နိုင်တော့တဲ့ မအလ

အခုလက်ရှိအနေအထားအရ စကစရဲ့အုပ်ချုပ်ရေးယန္တရားဟာ လုံးဝကို ပျက်စီးသွားပါပြီ အစထဲက မခိုင်မာတဲ့ အုပ်ချုပ်ရေးဟာ အခုဆို

ဖရိုဖရဲကို ဖြစ်နေတာတွေ့ရပါတယ်ဒါကို တွေ့ရာလူဖမ်း သတ်ရင် ငြိမ်သွားမှာပဲဆိုတဲ့အတွေး စကစ ခေါင်းဆောင်တွေမှာရှိတယ် ပြည်သူက

လဲ မငြိမ်ပါဘူး တစ်ယောက်ကျ နှစ်ယောက်တက်စနစ်သုံးပြီး ရသလိုကိုတော်လှန်နေပါတယ် D Day ကဘယ်နေ့မှန်းမသိသေးပေမယ့်

တိုင်းပြည်တစ်ခုလုံးဟာ နေပြည်တော်ကလွဲပြီး စစ်မြေပြင်ဖြစ်နေပါပြီEAOsတွေကလဲ သူတို့ဒေသတွေဘက်မှာလဲ စကစတပ်တွေကို

တိုက်တာ အတုန်းအရူန်းကိုသေနေကြပြန်တယ် မြို့ခံ PDFတွေကလဲ မိုင်းဆွဲ ကြားဖြတ်တိုက်တာ သေလိုက်တဲ့ စခတွေအလောင်းတောင်

မကောက်နိုင်ဘူးဖြစ်နေပြန်တယ် တပ်ထဲလဲယုံကြည်မူ့ပျက် ဗရမ်းဗတာဖြစ်နေတယ်ဆိုတာ မတူပီဖြစ်စဉ်ကိုကြည့်ရင် သိသာပါတယ်စခန်း

အပြင်ထွက်တာနဲ့ သေဖို့များနေတော့ အမိန့်ကိုဖိဆန်တာငြင်းဆန်တာတွေများလာပါတယ် တပ်ကပြေး CDM လုပ်လာတဲ့တပ်သားဦးရေ

ကလဲမနည်းပါဘူး အများစုက မတတ်သာလို့သာ မပြေးကြသေးပေမယ့် ဖြစ်လာရင် ပြေးမယ်ဆိုတဲ့ သူတွေများလာပါတယ်မင်းအောင်လိူင်

တို့အုပ်စုကတော့ ရှိတဲ့လက်နက်တွေထုတ်လာပြီး ခြိမ်းခြောက်နေပါတယ် တစ်ကယ်ဖြစ်လာတဲ့အခါ အသုံးတည့်မတည့်တော့စောင့်ကြည့်

ရပါမယ် ဆိုဒ်ဝါးနဲ့ဖောရိူးတွေသာများပြီး လက်တွေ့မှာ ဘာမှအလုပ်မဖြစ်တာ ကချင်နဲ့ကရင် ကစစ်ပွဲတွေကိုကြည့်ရင်သိသာပါတယ်EAOs

တွေနဲ့ PDF တွေထွက်လာတဲ့အခါ တစ်လုံးထိုး တူမီးတွေနဲ့ထွက်လာမှာ မဟုတ်တာသေခြာပါတယ် NUG အနေနဲ့လဲ အစစအရာရာ

ပြင်ဆင်ပြီးမှပွဲထုတ်လာဖွယ်ရှိပါတယ်တကယ်တော့ စကစ စခတပ်တွေဟာ EAOsတွေကိုငယ်ကြောက်ပါ သူတို့ဒဲ့ ဒဲ့ချင်းဆိုမနိုင်ပါဘူး

အင်အားအဆမတန်သုံး လေယာဉ်တွေ အမြှောက်တွေနဲ့ ရမ်းသမ်းပစ်မှသာ နိုင်တာပါအာဖကန်မှာ အာဖကန်စစ်တပ်ဟာ စကစတပ်ထက်

လက်နက်အင်အား အဆမတန်သာပါတယ် ဒါပေမယ့်သူတို့တပ်လဲ စကစတပ်လိုပဲ ခေါင်ဆောင်တစ်စုအကျင့်ပျက်ခြစား ချမ်းသာနေပြီး

အောက်ချေကစုတ်ပြတ်သတ် အသေခံနေရတော့ ယုံကြည်မူ့တွေခံယူချက်တွေပျောက်ပြီး တာလီဘန်ကို ငယ်ကြောက်လိုဖြစ်ပြီး ရူံးတာပါ

ပဲအဓိကကစစ္တိုက္တာ ဘာလို့တိုက္တာလဲ သိဖို့လိုပါတယ် အခုစကစ စခတပ်ဟာ အာဏာရှင်တစ်စုကိုကာကွယ်ဖို့ ပြည်သူကို တိုက်နေတာလို့

သိလာတဲ့အခါ ကျိန်းသေရူံးမှာပါ တော်လှန်ရေးမှန်သမျှ အာဏာရှင်တွေ နိုင်ရိုးမရှိပါဘူး အခုပွဲက အရူံးအနိုင်အတွက် တိုက်မယ့်ပွဲမဟုတ်ပါ

ဘူးအနိုင်အတွက် နိုင်အောင်တိုက်မယ့်ပွဲ လို့ပဲ ပြောချင်တယ်ဗျာ

NWN

မုဆိုးလက်