“အာမီရမ်သူခိုး ကျော်ဇေယျ” ဟု မိုးယံဇွန်၏အဖေ၊ PPPပါတီဝင် ”ကျော်ဇေယျ”အား စစ်သားဟောင်းတဦးမှ ပြော
“”ကျုပ်စစ်ခွေးဘဝ လွန်ခဲ့တဲ့ နှစ် ၂၀ ကျော် က ကျုပ်တပ်ရင်းက သထုံက။ ခမရ [၁၁၈] တပ်ရင်းမှူးက အခု PPP ပါတီက မအေ-ိုးကျော်
ဇေယျ။ ကျုပ်က တပ်ခွဲရုံး မှာ နေရတာ များပါတယ်။…
တစ်နေ့ တပ်ရင်းရုံးက ဗိုလ်ကြီးလုပ်တဲ့ကောင်က ကျုပ်ကို ရဲဘော် မနက်ဖြန် အာမီရမ် သွားထုတ်ဖို့မင်း လိုက်ခဲ့ ရမယ် တဲ့။ ကိုယ်လဲ လိုက်
သွားတာ ပေါ့။ရောက်ပါပြီ တပ်မတော်အရက်ချက်စက်ရုံ။…
စက်ရုံ အဝ မှာထဲ ကကျုပ်တို့တပ်ရင်းက အရာခံဗိုလ်နဲ့ ဗိုလ်ကြီး ကစက်ရုံ တာဝန်ရှိသူတွေကို အာမီရမ် အစစ် ၁၀ လုံး ပဲပေး။ကျန်တာ အာ
မီရမ် အတု တွေပဲ ပေးပါ ဆိုပြီး ပြောဆိုနေတာ ကိုယ်လဲ ကြောင်နေတာ ပေါ့။…
အာ့နဲ့ အာမီရမ် အတုတွေ ကားပေါ်တင်ပြီး ပြန် လာ ကြတယ် ဆိုပါတော့ကိုယ်လဲ ဗိုလ်ကြီးတော့ မမေးရဲပေမယ့် အရာခံဗိုလ် ဆရာကြီးကို
အပြန် ထမင်းဆိုင်မှာ ထမင်းစားတော့ကပ်မေး ကြည့် တာ ပေါ့။…
ဆရာကြီး အာမီရမ် က ဘာလို့အတုတွေယူလာတာလဲ လို့ မေးတော့အဲဒီ့ ဆရာကြီး ဖြေတာက တပ်မတော်အရက်ချက်စက်ရုံထဲ မှာကို
စက်ရုံမှူးတွေက အာမီရမ်အတု လုပ်ပြီးကိုယ်ကျိုးရှာနေကြတာတဲ့။…
အာမီရမ် လာထုတ်တဲ့ တပ်ရင်းတွေကတပ်ရင်းမှူးတွေကလဲ စက်ရုံမှူးနဲ့ ပေါင်းပြီး အတုတွေ ပဲ ယူကြတာ တဲ့။အဲ့ အာမီရမ်အတု တွေ
စစ်သားတွေကို ထုတ်ပေး။ အထက်ကို ကျတော့ အစစ်တွေ ထုတ်ပေးတယ် တင်ပြ။…
အဲ့ အစစ် တွေ ကို အပြင် မှာ ရောင်းစား။ ရောင်းစားလို့ ရတဲ့ ငွေကိုစက်ရုံမှူး နဲ့ မအေ-ိုး ကျော်ဇေယျလိုတပ် ရင်းမှူး တွေ က အချိုးကျ ခွဲဝေ
ယူကြ။အဲ့လို ပဲ လုပ်နေကြတာ ရိုးနေပြီတဲ့။အာ့နဲ့ ကိုယ်လဲ ဆက်မေးကြည့်တယ်။ ခုယူလာတဲ့ ထဲ မှာ အာမီရမ် အစစ် ၁၀ လုံး ကရော ဆို
တော့ အဲ့ဒါ တပ်ရင်းမှူး အတွက်တဲ့။…
သူ့အတွက် အစစ် ၁၀ လုံး ယူခဲ့လို့ မှာလိုက်သတဲ့။ကျုပ်လားသူ့အတွက် အစစ် ၁၀ လုံး ယူခဲ့ခိုင်း ပြီးကျန်တဲ့ တပ်ရင်း တစ်ရင်းလုံး ကို အာမီ
ရမ်အတု သောက်ခိုင်းတဲ့ အခု PPP ပါတီက ကျော်ဇေယျ ကို ကျုပ်က အဲ့ချိန် ထဲက လူမသိအောင်ဆဲလာတာ။ မအေ-ိုး တပ် ရင်းမှူး အာမီ
ရမ်သူခိုး ကျော်ဇေယျ လို့။…
စစ်တပ်ရဲ့ခွဲတမ်းအရ စစ်သားတစ်ယောက်ကို တစ်လ ကို အာမီရမ် တစ်လုံး ခွဲတမ်း ရပါ တယ်။ဒါပေမယ့် ကျော်ဇေယျ တပ်ရင်းမှူးလုပ်တဲ့
နှစ်နှစ် လောက် အတွ င်း အာမီရမ် အတု သုံးလုံး ပဲ ခွဲတမ်းရဖူးပါတယ်။စစ်သားတစ်ယောက်ကို တစ်နှစ်ကို အာမီရမ် ၁၂ လုံး။၂ နှစ် ဆိုတော့
၂၄ လုံး။…သုံးလုံးပဲ ပေးတယ် ဆိုတော့ စစ်သားတစ်ယောက်ဆီတိုင်း စီက အာမီရမ် ၂၁ လုံး ကျော်ဇေယျ ခိုးခဲ့ပါတယ်။တပ်ရင်းမှာ စစ်သား
၁၅၀ လောက်ရှိတော့ ၁၅၀ ×၂၁ = ၃၁၅၀ ဆိုတော့ အာမီရမ်အစစ် ၃၁၅၀ လုံး မအေ-ိုး. ကျော်ဇေယျ ခိုးခဲ့ပါတယ်။…
အဲ့ဒီ ပေးခဲ့တဲ့ ၃ လုံး တောင် အကုန် အတု ဆိုတော့ အာ့မအေ-ိုး.တပ်ရင်းမှူး ဘယ်လောက်ခိုးလဲ တွက်သာ ကြည့်တော့။ ကြားသိရသ
လောက် ကတော့ မြန်မာတစ်နိုင်ငံလုံးက စစ်တပ် တိုင်းက တပ်ရင်းမှူး တိုင်း က အောက်ခြေ စစ်သား တွေကို အာမီရမ် အတု ပဲ တိုက်ပါ
သတဲ့ ။…အာမီရမ် အစစ် တွေကစစ်သားတွေဆီ မရောက်ပဲ အပြင်ဈေးကွက်မှာ နာမည်ကြီးပြီး အရက်ချက် စက်ရုံမှူး တွေနဲ့ တပ်ရင်း မှူး
တွေ ခိုးစား စရာ ဂွင်တစ်ခု အဖြ စ် ယနေ့ ထိ ဖြစ်နေတယ် ဟု သိရှိရပါတယ် “”ဟု ဆိုကာ ပြောသွားခဲ့ခြင်း ဖြစ်ပါတယ်။…
PPPပါတီ မှ “ကျော်ဇေယျ” ဆိုသည်မှာ အဆိုတော် ခိုင်ဝါ ယောကျ်ား၊သရုပ်ဆောင် မိုးယံဇွန် ရဲ့ အဖေ ၊နိုင်ငံရေးလောကတွင် သုံးပါတီ
ပြောင်းခဲ့သူတဦး ဖြစ်သလို PPPပါတီ ဥက္ကဌ ဒေါ်သက်သက်ခိုင် လိုပင် အမျိုးသား ဒီမိုကရေစီအစိုးရ NLD ပါတီ မှ ထုတ်ပယ်ခြင်း ခံထားရ
သူ တစ်ယောက်ပင် ဖြစ်ပါသည်။…