ၾကားသိသမွ်

ကရင်အမျိုးသားအစည်းအရုံးKNU တပ်မဟာ ၅ နယ်မြေ ရှေ့တန်းစခန်းမှ တပ်ခွဲမှူးတစ်ဦးနှင့် ဆက် သွယ်မေးမြန်းချက်

“ကျနော်တို့ရှိနေသရွေ့ PDF တွေကို စစ်ကောင်စီက ဘာမှ လုပ်လို့မရပါဘူး၊ PDF တွေ တိုက်ခိုက်ရည်စွမ်းရည်ပြည့်လာပြီဆိုရင် ကျနော်

တို့နဲ့အတူတူ ပွဲထုတ်လာမှာပါ” ( ကရင်အမျိုးသားအစည်းအရုံးKNU တပ်မဟာ ၅ နယ်မြေ ရှေ့တန်းစခန်းမှ တပ်ခွဲမှူးတစ်ဦးနှင့် ဆက်

သွယ်မေးမြန်းချက်)

“ကျနော်တို့ရှိနေသရွေ့ PDF တွေကို စစ်ကောင်စီက ဘာမှ လုပ်လို့မရပါဘူး၊ PDF တွေ တိုက်ခိုက်ရည်စွမ်းရည်ပြည့်လာပြီဆိုရင် ကျနော်

တို့နဲ့အတူတူ ပွဲထုတ်လာမှာပါ” ( ကရင်အမျိုးသားအစည်းအရုံးKNU တပ်မဟာ ၅ နယ်မြေ ရှေ့တန်းစခန်းမှ တပ်ခွဲမှူးတစ်ဦးနှင့် ဆက်

သွယ်မေးမြန်းချက်)

အကြမ်းဖက်စစ်ကောင်စီသည် ကရင်ပြည်နယ်ရှိ ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်နယ်မြေများကို အင်အားအလုံးအရင်းဖြင့်

ပိတ်ဆို့ပြီး ထိုးစစ်ဆင်ရန် ပြင်ဆင်နေရာ ယင်းအခြေအနေများနှင့်ပတ်သက်ပြီး KNU တပ်မဟာ ၅ နယ်မြေမှ တပ်ခွဲမှူးတစ်ဦးကို ရန်ကုန်

ခေတ်သစ်သတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။ မေး။ ။ တပ်ခွဲမှူးတို့က ရှေ့တန်းမှာဆိုတော့ စစ်ကောင်စီနဲ့ရင်ဆိုင်နေရတဲ့

နောက်ဆုံးအခြေအနေလေး ပြောပေးပါ ခင်ဗျ။ ဖြေ။ ။ အခုလက်ရှိအနေအထားမှာ သူတို့က စစ်မျက်နှာဖွင့်လာပြီလေ၊ ထိတွေ့မှုတွေဟာ

ဆက်တိုက်ဖြစ်လာဖို့အတွက် ရာခိုင်နှုန်းတအားများတယ်လို့ ပြောလို့ရတယ်၊ သူတို့်ဘက်က ဒီနေရာကို ပြန်လိုချင်တယ်၊ သီးမူထစခန်းက

အဓိကနေရာဖြစ်တဲ့အတွက် သူတို့ကို ပြန်ပေးဖို့တောင်းတယ်။ ကျနော်တို့က ပြန်မပေးတော့ သူတို့ဘက်က BGF ရော စစ်ကောင်စီရော

အလုံးအရင်းနဲ့ ထိုးစစ်ဆင်နေတာ။ စစ်ကြောင်းထိုးလာတဲ့အနေအထားအရ ကျနော်တို့လည်း ပြင်ဆင်ထားပါတယ်၊ တိုက်ပွဲက အခုရက်ပိုင်း

မှာများတယ်၊ နှစ်ဖက်အခြေအနေက တင်းမာနေတယ်လေ။

မေး။ ။ စစ်ကောင်စီတပ်တွေ က BGF တွေနဲ့ အတူ ပါလာတော့ KNU အနေနဲ့ BGF တို့ နှစ်ဖက်အခြေအနေရော ဘယ်လိုရှိလဲ၊ ညှိနှိုင်းမှု

တွေ ရှိလား။ ဖြေ။ ။ ရှိပါတယ်၊ အကောင်းဆုံးဖြစ်အောင် ကျနော်တို့ ညှိနှိုင်းနေတယ်၊ ညှိလို့မရရင်တော့ ကျနော်တို့ မတတ်နိုင်ဘူး၊ လောလာ

ဆယ်တော့ သူတို့ တာဝန်ရှိသူနဲ့ ကျနော်တို့ဆီက တာဝန်ရှိသူတွေ ညှိနှိုင်းဆောင်ရွက်နေတဲ့ အပိုင်းတွေတော့ ရှိပါတယ်။

မေး။ ။ BGF အောက်ခြေတပ်သားတွေကရော ဘယ်လို သဘောထားရှိလဲ၊ တပ်ခွဲမှူးတို့နဲ့ သီးခြားဆက်သွယ်မှုတွေရှိလား။ ဖြေ။ ။ အမှန်

အတိုင်းပြောရရင် သူတို့ဘက်က ပူးပေါင်းမယ့်သူတွေလည်း ရှိတယ်၊ အရင်တခါက ပူးပေါင်းမယ်လို့ သူတို့ပြောထားတာရှိတယ်၊ အခုလည်း

သူတို့လာပူးပေါင်းမယ်လို့ ကျနော်တို့ မျှော်လင့်တယ်ပေါ့၊ တကယ်လို့ သူတို့က မိခင်အဖွဲ့အစည်းနဲ့ ပူးပေါင်းမှုမရှိရင်တော့ မြေပြင်ထိတွေ့မှု

တွေမှာတော့ သူတို့လည်း ပါသွားမယ်ပေါ့၊

မေး။ ။ စစ်ကောင်စီဘက်က စစ်ကြောင်းထိုးတဲ့ပုံစံ ပြောပြပါဦး။ မြေပြင်တိုက်ပွဲက အခြေအနေပေါ့။ ဖြေ။ ။ လက်နက်ကြီးတွေနဲ့ ပစ်တယ်၊ ဒ

ရုန်းနဲ့ ထောက်လှမ်းတာရှိတယ်၊ မြေပြင်တိုက်ပွဲတွေက အနည်းဆုံးတော့ ကိုက် ၄၀၀ အကွာလောက်ပဲရှိမယ်၊ ဒီနေ့ စက်တင်ဘာ ၁ ရက်မှာ

ထိတွေ့မှုဆိုရင်တော့ အနီးဆုံးထိတွေ့မှုဖြစ်တယ်လို့ ပြောလို့ရတယ်။ ဒါပေမယ့် နှစ်ဖက်ကျဆုံးမှုတော့ မရှိဘူး။ သူတို့လည်း မရှိဘူး၊ ဒီဘက်

မှာလည်း မရှိဘူးပေါ့နော်။ အဆိုးဆုံးက ဒရုန်းနဲ့လာ ထောက်လှမ်းပြီး လေယာဉ်နဲ့ လာတိုက်တာတွေပေါ့၊ ရွာသားတွေဆိုရင်လည်း ဘေး

လွတ်ရာကို ရှောင်ကြရတယ်။

မေး။ ။ စစ်ကောင်စီဘက် စစ်ကြောင်းတစ်ကြောင်းမှာ သူတို့ဘက်က အင်အား ဘယ်လောက်လောက် သုံးလဲဗျ။ ဖြေ။ ။ မနေ့က တပ်မဟာ

၅ မှာ စစ်ကြောင်းတွေထိုးလာတာ စုစုပေါင်း အင်အား ၄၀၀ လောက်ရှိတယ်၊ စစ်ကြောင်းအကုန်လုံးပေါ့၊ ကျနော်တို့ မြေပြင်သတင်း

အတိအကျရတာပေါ့။ ကျနော်က ၂၂ ရက်နေ့တိုက်ပွဲမှာ လက်မှာ ဒဏ်ရာရခဲ့တာဆိုတော့ မြေပြင်ကို မရောက်နိုင်ဘူး၊ အင်တာနက်ကလည်း

အခက်အခဲရှိတယ်ဆိုတော့ မြေပြင်က ရှေ့တန်းက ကလေးတွေက ဓါတ်ပုံတွေ ဗီဒီယိုတွေ ပို့လာဖို့ ခက်နေတယ်။

မေး။ ။ မြေပြင်က ကလေးတွေဆိုတာ PDF တွေကို ပြောတာလား။ ဖြေ။ ။ ကျနော်တို့ KNLA က ရှေ့တန်းနယ်မြေရှင်းလင်းရေး အဖွဲ့တွေ

ကို ပြောတာ။ မေး။ ။ အဲဒီ တပ်မဟာ ၅ ဘက်မှာရော PDF လူငယ်တွေ တိုက်ပွဲတွေမှာ ပါဝင်နေပြီလား၊ ဘယ်လိုရှိလဲ။ ဖြေ။ ။ သူတို့က ဒီ

တိုက်ပွဲမှာတော့ မပါဝင်သေးဘူးဗျ၊ သူတို့မှာ လိုအပ်ချက်တွေရှိသေးတယ်၊ စစ်ရေးစွမ်းရည် မပြည့်သေးတာတွေရော၊ သင်တန်းမပြီး

သေးတာတွေရောဆိုတော့ ကျနော်တို့ဆီရောက်နေတဲ့ PDF ကလေးတွေကို ရှေ့တန်းမှာ သုံးတာ မရှိသေးပါဘူး။

မေး။ ။ PDF လူငယ်တွေနဲ့ ပတ်သက်လို့ တပ်မဟာ ၅ ရဲ့ သဘောထား သိချင်ပါတယ်။ ဖြေ။ ။ ကျနော်တို့သဘောထားကတော့ အခုဆိုရင်

တမြေတည်းနေ တရေတည်းသောက်ဆိုတော့ ကျနော်တို့ ရှိနေသရွေ့ စစ်ကောင်စီက PDF တွေကို ဘာမှ လာလုပ်လို့မရပါဘူး၊ ကျနော်တို့

အစွမ်းရှိသမျှ အားအင်ရှိသမျှ တတ်နိုင်သလောက် ကာကွယ်ပေးမှာ ဖြစ်တယ်။ စစ်ကောင်စီဘက်က PDF ကလေးတွေကို ထုတ်ပေးဖို့

တောင်းဆိုတာတွေရှိတယ်၊ ဒါပေမယ့် အခုချိန်ထိတော့ ကလေးတွေကို ကျနော်တို့ ကာကွယ်ပေးထားပါတယ်။

မေး။ ။ အခု တပ်ခွဲမှူးတို့ဆီရောက်နေတဲ့ PDF ကလေးတွေရဲ့ စိတ်သဘောထားကို သုံးသပ်မယ်ဆိုရင် ဘယ်လိုမြင်လဲဗျ။ ဖြေ။ ။ သူတို့ရဲ့

စိတ်သဘောထားက ဘယ်လိုလဲဆိုတော့ သူတို့ ဖိနှိပ်ခံရတယ်ဆိုတော့ သူတို့ လွတ်မြောက်ချင်တယ်လေ၊ သူတို့ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့တဲ့

အချိန်မှာ စစ်ကောင်စီက လက်နက်နဲ့ ဖြေရှင်းခဲ့တာဆိုတော့ လက်နက်ကိုင်တဲ့လမ်းစဉ်ကို သူတို့ရွေးတယ်လို့ ကျနော် မြင်တယ်ဗျ။ အခု

လောလောဆယ်အထိတော့ သူတို့မှာ လိုအပ်ချက်တွေ အများကြီး ရှိနေသေးတယ်၊ ဒါကြောင့်မို့ သူတို့ကို ကျနော်တို့ ရှေ့တန်းလည်း မပေး

သွားပါဘူး။

မေး။ ။ လက်ရှိရောက်နေတဲ့ PDF လူငယ်တွေထဲမှာရော ဘယ်လို တွေ့ရလဲ။ ဖြေ။ ။ အိမ်ပြန်ချင်လားဆိုတော့ တချို့ကတော့ ပြန်ချင်ကြ

တာရှိတယ်၊ တချို့ကျတော့လည်း ပညာတတ်တွေ ဘွဲ့ရတွေ ဆရာဝန်တွေ၊ အင်ဂျင်နီယာတွေပါတယ်ဆိုတော့ တောတောင်ထဲမှာ နေရ

ထိုင်ရတာမှာ သူတို့အတွက် အခက်အခဲ အများကြီးရှိတယ်လေ၊ သူတို့နေရာပြန်ရင်ကျတော့ လုံခြုံမှုမရှိဘူးလေ၊ သူတို့ အောင့်အီးပြီးနေမယ်

လို့ မျှော်လင့်တယ်ပေါ့နော်။ အခုလက်ရှိထိတော့ ကျနော်တို့ဆီမှာ ပြန်မယ်ဆိုပြီး လာပြောတဲ့သူ မရှိသေးပါဘူး၊ ပူးပေါင်းပြီး တိုက်မယ်လို့ပဲ

ပြောပါတယ်။

မေး။ ။ တကယ်လို့ NUG အစိုးရက ပြောနေတဲ့ D-Day ဆိုတာ ရောက်လာပြီဆိုရင် အခြေအနေဘယ်လိုရှိလဲ၊ PDF တွေဘက်ကရော

အဆင်သင့်ဖြစ်ပြီလား။ ဖြေ။ ။ တကယ်လို့ ကျနော်တို့ ဦးဆောင်ပြီးတိုက်မယ်ဆိုရင် အဆင်ပြေတယ်၊ ဒီနေ့စတိုက်ရင် ဒီနေ့ရတာပေါ့၊ NUG

အနေနဲ့ ဦးဆောင်မယ်ဆိုရင်တော့ လိုပါသေးတယ်ပေါ့။ ဘာပဲဖြစ်ဖြစ်ပေါ့ ကျနော်တို့ စစ်မျက်နှာ ဖွင့်ပြီဆိုရင်လည်း PDF လူငယ်တွေကို

ရှေ့ကနေ လွှတ်ဖို့ ဆုံးဖြတ်ထားတာ မရှိသေးပါဘူး၊ ကျနော်တို့ အနောက်မှာ လိုသလောက် ထားဖို့ ဆုံးဖြတ်ထားတယ်။

သူတို့ကို ရှေ့တန်းကနေ တိုက်ခိုင်းဖို့တော့ ကျနော်တို့ ခေါင်းဆောင်ပိုင်းတွေရော အရာရှိပိုင်းတွေရော စဉ်းစားဆုံးဖြတ်ထားတာ မရှိသေးပါ

ဘူး။ အဲဒါက လောလောဆယ် အနေအထားပေါ့၊တိုက်ခိုက်မှုစွမ်းရည် အပြည့်အဝ ရှိပြီဆိုရင်တော့ ကျနော်တို့နဲ့တူတူ ပွဲထုတ်လာမှာပါ။ —

crd-ရန်ကုန်ခေတ်သစ်