ၾကားသိသမွ်

MMA ကမ္ဘာ့မစ်ဒယ်ဝိတ်ချန်ပီယံ အောင်လအန်ဆိုင်း၏ ဘဝဇတ်ကြောင်း၊ ဘယ်အောင်မြင်မှုမှ မလွယ်ကူခဲ့ပါဘူး

အခုချိန် ပြန်တွေးကြည့်တော့ အဲဒီတုန်းက ရှုံးခဲ့ရတဲ့ အကြောင်းအရာတွေက နည်းပြတွေကြောင့်ပဲလို့ ထင်ပါတယ်။ ကျနော်တို့ဆီက နည်း

ပြတွေက ဘယ်ဟာက ကိုယ့်ရဲ့ အားသာတဲ့အချက်တွေလဲ၊ အခြေအနေတွေက ဘယ္လိုလဲဆိုတာ သုံးသပ်မှု အားနည်းလွန်းကြပါတယ်။ ပြော

ရရင် မြန်မာပြည်က နည်းပြတဲ့ပုံစံနဲ့ အခြားနိုင်ငံတွေက နည်းပြတွေရဲ့ ချဉ်းကပ်တဲ့ ပုံစံတွေက အတော်ကြီးကို ကွာခြားလွန်းလှပါတယ်။ ကျ

နော့်အနာဂတ်မှာတော့ အဲဒီကွာဟနေမှုကို အကောင်းဆုံး ဆက်စပ်နိုင်ဖို့ ကြိုးစားမယ်လို့ ဆုံးဖြတ်ထားပါတယ် လို့ ထုတ်ဖော်ပြောဆိုသွားခဲ့

ပါတယ်။

အောင်လအန်ဆိုင်းဟာ အခြေခံပညာ အတန်းတွေကို ပြီးဆုံးချိန်မှာတော့ အေမရိကားမွာ ပညာဆက်လက်လေ့လာဆည်းပူးဖို့ စီစဉ်ခဲ့သလို၊

တစ်နေ့နေ့မှာတော့ မြန်မာပြည် ပြန်လည် အလုပ်အကျွေးပြုမယ်ဆိုပြီး အိပ်မက် မက္ထားခဲ့သူပါ။ 2003 ခုနှစ်မှာတော့ သူဟာ Andrews

University မွာ စိုက်ပျိုးရေးဆိုင်ရာ ပညာရပ်တွေ လေ့လာဖို့အတွက် မြန်မာပြည်ကို စွန့်ခွာခဲ့ပါတယ်။ တက္ကသိုလ်ရောက်ပြီး တစ်နှစ်အကြာ

မှာတော့ သူဟာ တက္ကသိုလ်က Gym မွာ ခြေထောက်ကန်နည်းတွေ၊ လက်သီးထိုးနည်းတွေ အပြင်းအထန် လေ့ကျင့်နေခဲ့တဲ့ ဆာမိုအန်နဲ့

တွေ့ဆုံခဲ့ပြီး၊ အဲဒီကစားနည်းမှာ စတင် စိတ်ဝင်စားလာခဲ့ပါတယ်။

ဆာမိုအန္က အင်ဒီယားနားမှာရှိတဲ့ Gracie affiliate ဆီ ကျနော့်ကို ခေါ်သွားခဲ့တာဗျ။ အဲဒီနေရာက ကျနော့်တက္ကသိုလ်ကနေ သွားရင် 45 မီး

နစ်လောက်တော့ ကြာပါတယ်။ ကျနော် ဘရာဇီး jiu-jitsu ကစားနည်းကို စျပီး လေ့ကျင့်ခဲ့တာ အဲဒီနေရာမှာ ဖြစ်သလို၊ Martial Arts

ရော၊ jiu-jitsu ကိုပါ တစ်ခါတည်းစွဲသွားခဲ့ရတာပါ လို့ အောင်လက သူ့ရဲ့ တက္ကသိုလ်ကျောင်းသားဘဝ အကြောင်းတွေကို ပြောပြသွားခဲ့

တာပါ။

2005 ခုနွစ် မေလမွာတော့ အောင်လဟာ သူ့ရဲ့ ပရိုလက်ဝွေ့ကစားသမား ပထမဆုံးပွဲကို သူ့ထက် ခန္ဓာကိုယ် အျမားကြီးပိုကြီးတဲ့ အီမာဆင်

ရွပ်ရွင်းနဲ့ စတင်ထိုးသတ်ခဲ့ပါတယ်။ ပထမ အခြီရဲ့ 2.24 စက္ကန့်မွာပဲ သူ့ရဲ့မေးရိုးတွေ ဖုရောင်လွန်းနေတာကြောင့် ဆရာဝန္က ဆက်လက်ထိုး

သတ်ခွင့်မေပးတော့ပဲ ပြဲကို အရှုံးပေးစေခဲ့ပါတယ်။ သို့သော်လဲ အောင်လကေတာ့ အဲဒီအရှုံးနဲ့ ပတ်သက်ပြီး အဲဒီပြဲကပဲ ကျေနာ့်ကို Martial

Arts လောက်ထဲကို ဆက်လြှောက်စေခဲ့တာပါ။ ထိုးသတ်ရတာ စိတ်လှုပ်ရွားဖို့ကောင်းသလို၊ ရင်ဖိုဖို့လဲ သိပ်ကိုကောင်းလွန်းခဲ့ပါတယ်။ ကျေ

နာ့် ရင်ထဲမွာ အဲဒီခံစားခကြ်တွေကို စြဲသြားခဲ့တာဗ်။ ဒါကြောင့်မို့ လေ့ကျင့်ခန်းတွေကို ဆက်ပြီး အပြီးအထန်လုပ်ခဲ့သလို၊ ပိုပြီးတော့လဲ

ကစားပုံက ကောင်းလာခဲ့ပါတယ်။ သိပ်မကြာပါဘူး သူတို့ကေနာက်တစ်ပွဲထိုးမလားလို့မေးတော့ နွစ်ခါပြန်တောင် မစဉ်းစားခဲ့ပါဘူး လို့ သူ့

ရဲ့ကစားသမားဘဝအခက်အခဲတွေကို ရွင်းပြခဲ့ပါတယ်။

အဲနောက်မွာတော့ အောင်လဟာ မစ်ဒယ်ဝိန်းတန်းကေန စတင်ပြန်လည်ထိုးသတ်ခဲ့ပြီး 5 ပွဲဆက်တိုက် နိုင်ပွဲတွေရရွိခဲ့ပါတယ်။ တပြိုင်တ

ည်းမွာပဲ သူဟာ သူ့ရဲ့တက္ကသိုလ်ပညာတွေကို၊ ကောလိပ်နားက မွေးမြူရေးခြံတစ်ခြံမွာ အလုပ်လုပ်ရင်း ဆက်လက်လေ့လာနေခဲ့ပါတယ်။

2007 ခုနွစ်မွာ အောင်လအန်ဆိုင်းဟာ ဘွဲ့ရခဲ့ပြီး၊ သူ့အစ်မနဲ့ နီးတဲ့ Columbia, Maryland ကိုပြောင်းရွွေ့ခဲ့ကာ၊ ဘွဲ့ပညာနဲ့ သက်ဆိုင်တဲ့

အလုပ်တစ်ခုရွာဖွေခဲ့ပါတယ်။ သို့သော်လဲ အလုပ်မရခင်မွာပဲ Crazy 88 MMA လို့ အမည်ရတဲ့ ကလပ္ကို တွေ့ရွိသွားခဲ့က အဲဒီမွာပဲ

ကိုယ်ခံပညာတွေကို ဆက်လက် လေ့ကျင့်နေခဲ့ပါတယ်။ နောက် 2 လ အကြာမွာတော့ သူဟာ ျပားလုပ်သား အလုပ္ကို လုပ်ကိုင်ဖို့ ဖေလာ်ရီ

ဒါကို ထပ်မံပြောင်းရွွေ့သွားခဲ့ပြန်ပါတယ်။

ပျားလုပ်ငန်းမှာ တစ်နှစ်ခွဲအကြာ ကျင်လည်ခဲ့ပြီးနောက် အလုပ်မှာ ပျော်မွေ့ခြင်းမရှိပဲဖြစ်နေတဲ့ အောင်လဟာ သူ့ဘဝရဲ့အလှည့်အပြောင်း

ဖြစ်စေမယ့် ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်ခဲ့ပါတယ်။ အဲဒါကေတာ့ ပုံမှန်ဝင်ငွေ ရရှိနေတဲ့ အလုပ္တစ္ခုကေန အပြီးအပိုင် နှုတ်ထွက်ပြီး၊ သူ

ဝါသနာပါရာ Martial Arts ပြိုင်ပွဲမှာ ကမ်ဘာ့ချန်ပီယံဖြစ်ချင်နေတဲ့ သူ့ရဲ့အိပ်မက်ကို ဆက်လက်အကောင်ထည်ဖော်ဖို့ အပြီးအပိုင်

ဆုံးဖြတ်ချက် ခ်လိုက္တာပဲ ဖြစ်ပါတယ်။

တဖြေးဖြေးနဲ့ အတွေ့အကြုံတွေ ရင့်ကျက်လာတဲ့ အောင်လအန်ဆိုင်းဟာ 2014 ခုနှစ်မှာတော့ One Championship ပြိုင်ပွဲကို စတင်

ယှဉ်ပြိုင်ခဲ့ပြီး ပထမဆုံးပြိုင်ဘက် 4 လေးယောက်ကို အနိုင်ယူပြခဲ့ပါတယ်။ 2016 ခုနှစ်၊ ရန်ကုန်မှာ ထိုးသတ်ခဲ့တဲ့ မိုဟာမက်အလီ၊ မိုက်

ကယ် ပတ်စတာနက် တို့နဲ့ပွဲစဉ်တွေမှာလဲ သူဟာ အိမ်ရှင်ပရိသတ်တွေရဲ့ အားပေးမှုကို တခဲနက် ရရွိခဲ့သလို၊ မြန်မာ ပြည်သူတွေအကြားမှာ

ထင်ရှားကြော်ကြားတဲ့သူတစ်ဦး ဖြစ်လာခဲ့ပါတယ်။

ကျနော် ဒီလိုအနေအထားတွေ လိုချင်လို့၊ ဒီလိုကျော်ကြားမှုတွေကို လိုချင်လို့ ကြိုးစားခဲ့မဟုတ်ပါဘူး။ ကျနော့် ရင်ထဲမှာကိုက ဒီကစားနည်း

ကို ချစ်မြတ်နိုးလွန်းလို့ ဒီလိုဖြစ်အောင် ကြိုးစားခဲ့တာပါ လို့ အောင်လက ရှင်းပြသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ မတ်လမှာတော့ အောင်လအန်ဆိုင်းဟာ သူ့ရဲ့ 2014 NAGA ရွှေတံဆိပ်ဆုအပါအဝင်၊ One Championship လက်မှတ်ပါဝင်တဲ့

လက်အိတ်တစ်စုံ နဲ့ အျခား ဆက်စပ်ပစ္စည်းတွေကို လေလံတင်ရောင်းချခဲ့ပြီး၊ အဲဒီကေန ရရွိလာတဲ့ ဒေါ်လာ 6000 ကို ကချင်က စစ်ဘေး

ဒုက္ခသည်တွေကို ကူညီပေးနေတဲ့ Shining N-Bat လူမှုကူညီရေး အဖွဲ့အစည်းထံ လှူဒါန်းခဲ့ပါတယ်။

ဇွန်လမှာတော့ အောင်လအန်ဆိုင်းဟာ ONE Middleweight တန်းမှာ ရှုံးပွဲလုံးဝမရှိပဲ ကမ်ဘာ့ချန်ပီယံဆု ရရွိထားတဲ့ ရှရှားနိုင်ငံသား ဗစ်ဒ

က်ရှ်ကို ရန်ကုန်ပရိသတ်တွေရဲ့ ရှေ့မှောက်မှာ မေက်ပြဲ ပြန်လည်စိန်ခေါ် ထိုးသတ်ခဲ့ပါတယ်။ အဲဒီပွဲစဉ်မှာတော့ အောင်လဟာ ပထမအချီ

မှာပဲ ပွဲသိမ်းလုနီးပါးအထိ အသားစီးထိုးသတ်နိုင်ခဲ့သော်လဲ ဗစ္ဒက္က လွယ်လွယ်နဲ့တော့ အရှုံးမပေးခဲ့ပါဘူး။ ကစားသမား နှစ်ဦးစလုံးဟာ

ကိုယ်ပိုင် ဗျူဟာတွေနဲ့ ဆက်လက်ယှဉ်ပြိုင်ခဲ့ကြပြီး၊ အောင်လရဲ့ ပြင်းထန်တဲ့ လက်သီးထိုးချက်၊ ကန်ချက်တွေနဲ့ ခနဓါကိုယ် အောက်ပိုင်း

ကြံ့ခိုင်တောင်းတင်းမှုတွေက ဒီပွဲရဲ့ အနိုင်ရလာဒ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို ဦးတည်စေခဲ့တာပါ။ နောက်ဆုံးမှာတော့ အောင်လအန်ဆိုင်းဟာ

သူမျှော်လင့်တောင့်တနေတဲ့ (အနှစ်နှစ် အလလက အိပ်မက်မက်ခဲ့တဲ့) ONE Middleweight World Champion ဆုကြီးကို ချီးမြှင့်ြ့ခင်း

ခံခဲ့ရပါတယ်။အဲဒီအခိုက်အတန့်မှာတော့ အောင်လက ဒါ တကယ်ဖြစ်နေတယ်ဆိုတာတောင် မယုံနိုင်သေးပါဘူး၊ ကျနော့်ဘဝ

တစ်လျှောက်လုံး ကြိုးစားနေခဲ့တာ ဒီအခိုက်အတန့်မျိုးတွေအတွက်ပါ။ အခုတော့ ကျနော့်ရဲ့ အိမ်ရှင်ပရိသတ်တွေရဲ့ ရှေ့မှာ စွမ်းဆောင်ပေး

နိုင်ခဲ့ပါပြီ။ အရမ်းအံ့သြဖို့ ကောင်းသလို၊ ပျော်စရာလဲ ကောင်းတယ်ဗျာ လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ဆက်လက်ပြီးသူက ကျနော့်

ကစားသမားဘဝ အစက အရမ်းရှက်ဖို့ကောင်းပါတယ်၊ မြန်မာပြည်က မြို့လေးတစ်မြို့ကနေ အခုလို ကမ်ဘာ့ချန်ပီယံ တစ်ယောက်

ဖြစ်လာတာ မယုံကြည်နိုင်လောက်အောင်ပါပဲ။ ဒီကမ်ဘာ့ချန်ပီယံဆုနဲ့အတူ ကျနော့် မြို့က၊ ကျနော့်နိုင်ငံကလူတွေကို စိတ်ဓါတ်ခွန်အား

သစ်တွေ မွေးဖွားပေးနိုင်မှာပါ။ ကိုယ့် ဖြစ်ချင်တာတစ်ခုကို စိတ်ရောကိုယ်ပါနှစ်ထားပြီး၊ ကြိုးစားအလုပ်လုပ်မယ်ဆိုရင် ထိပ်ဆုံးအဆင့်ထိ

ရောက်ရှိနိုင်တယ်ဆိုတာ သူတို့ကိုယ်တိုင် မြင်တွေ့ခွင့်ရသွားပြီလေ။ ဒါဟာ လူတိုင်းကို ခွန်အားသစ်တွေ မွေးဖွားပေးနိုင်မှာပါ လို့ ပြောဆို

သွားခဲ့ပါတယ်။

အောင်မြင်မှုတွေ ဆက်လက်ရယူနိုင်ပါစေ။

ရရှိုပြီးသား အောင်မြင်မှုတွေလဲ ဆက်လက်ထိန်းထားနိုင်ပါစေ အောင်လအန်ဆိုင်းရေ။

မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ်ပေးပါတယ်