ၾကားသိသမွ်

ဘရာဇီးလ်မြွေပွေးနဲ့ ကိုဗစ်တိုက်ဖျက်မှုမှာလက်နက်အဖြစ်ဘယ်လိုအသုံးချသလဲ

ဘရာဇီးလ်မြွေပွေးနဲ့ ကိုဗစ်တိုက်ဖျက်မှုမှာလက်နက်အဖြစ်ဘယ်လိုအသုံးချသလဲ

ဘရာဇီးလ်သိပ္ပံပညာရှင်တွေဟာ မြွေပွေးရဲ့အဆိပ်တွင်းပါဝင်တဲ့ မော်လီကျူးတစ်ခုက ကိုဗစ်ကိုတိုက်ဖျက်ရာမှာ

အရေးပါတဲ့လက်နက်တစ်ခုဖြစ်လာနိုင်တယ်ဆိုတဲ့နည်းလမ်းကို Reuters သတင်းဌာနရဲ့ဖော်ပြချက်အရ တွေ့ရှိခဲ့ကြတယ်လို့ သိရပါတယ်။

ဒါဟာ ကိုဗစ်ကိုတိုက်ဖျက်ဖို့အတွက် ဆေးဝါးရရှိဖို့ အားထုတ်မှုမှာ ပထမခြေလှမ်းကိုလှမ်းနိုင်ခဲ့ပါတယ်။

မျောက်တွေနဲ့ စမ်းသပ်မှုတွေပြုလုပ်ခဲ့ရာမှာ မြွေဆိပ်မော်လီကျူးဟာ မျောက်တွေရဲ့ဆဲလ်အတွင်း ကိုဗစ်မျိုးပွားမှုကို

ဟန့်တားနိုင်ကြောင်း တွေ့ရှိခဲ့တာလည်းဖြစ်ပါတယ်။ ဗိုင်းရပ်စ်ကို ၇၅% အထိ ဟန့်တားနိုင်ခဲ့တယ်လို့ ပါရှိခဲ့ပါတယ်။

“မြွေအဆိပ်ရဲ့ ဒီအစိတ်အပိုင်းက ဗိုင်းရပ်စ်ရဲ့အရမ်းအရေးကြီးတဲ့ ပရိုတိန်းဓာတ်ကို ဟန့်တားနိုင်ခဲ့တယ်ဆိုတာ ကျွန်တော်တို့ ပြနိုင်ခဲ့ပါပြီ”

လို့ ဆော်ပေါ်လိုတက္ကသိုလ်က ပါမောက္ခဖြစ်သူ Rafael Guido က ပြောဆိုခဲပါတယ်။ တွားသွားသတ္တဝါတွေကိုလေ့လာပြီး ဇီဝစုစည်းမှုတွေ

ပြုလုပ်နေသူ Giuseppe Puorto ကတော့“ဘရာဇီးလ်နိုင်ငံတဝှမ်းမှာ Jararacussu ကို လိုက်ဖမ်းဆီးမယ့်လူတွေကို ကျွန်တော်တို့

သတိထားစောင့်ကြည့်နေပါတယ်၊ သူတို့ကတော့ ကမ္ဘာကြီးကို ငါတို့ကယ် တင်နေတယ်လို့တွေးနေမှာပါ၊

အဲဒါမဟုတ်ပါဘူး၊ မြွေဆိပ်သက်သက်ကြီးနဲ့ ကိုဗစ်ကို ကုသလို့မရပါဘူး”လို့ မြွေတွေကို အလွန်အကျွံဖမး်ဆီးမယ့်အပေါ် စိုးရိမ်ကြောင်း

ပြောခဲ့ပါတယ်။အခုအခါမှာတော့ ကိုဗစ်အတွက် အသုံးဝင်တဲ့ လက် နက်ကိရိယာတစ်ခုဖြစ်လာဖို့ နီးစပ်နေပြီဖြစ်ပါတယ်။

Ref The River News

Zawgyi

ဘရာဇီးလ္ေႁမြေပြးနဲ႔ ကိုဗစ္တိုက္ဖ်က္မႈမွာလက္နက္အျဖစ္ဘယ္လိုအသုံးခ်သလဲ

ဘရာဇီးလ္သိပၸံပညာရွင္ေတြဟာ ေႁမြေပြးရဲ့အဆိပ္တြင္းပါဝင္တဲ့ ေမာ္လီက်ဴးတစ္ခုက ကိုဗစ္ကိုတိုက္ဖ်က္ရာမွာ

အေရးပါတဲ့လက္နက္တစ္ခုျဖစ္လာနိုင္တယ္ဆိုတဲ့နည္းလမ္းကို Reuters သတင္းဌာနရဲ့ေဖာ္ျပခ်က္အရ ေတြ႕ရွိခဲ့ၾကတယ္လို႔ သိရပါတယ္။

ဒါဟာ ကိုဗစ္ကိုတိုက္ဖ်က္ဖို႔အတြက္ ေဆးဝါးရရွိဖို႔ အားထုတ္မႈမွာ ပထမေျခလွမ္းကိုလွမ္းနိုင္ခဲ့ပါတယ္။

ေမ်ာက္ေတြနဲ႔ စမ္းသပ္မႈေတြျပဳလုပ္ခဲ့ရာမွာ ေႁမြဆိပ္ေမာ္လီက်ဴးဟာ ေမ်ာက္ေတြရဲ့ဆဲလ္အတြင္း ကိုဗစ္မ်ိဳးပြားမႈကို

ဟန႔္တားနိုင္ေၾကာင္း ေတြ႕ရွိခဲ့တာလည္းျဖစ္ပါတယ္။ ဗိုင္းရပ္စ္ကို ၇၅% အထိ ဟန႔္တားနိုင္ခဲ့တယ္လို႔ ပါရွိခဲ့ပါတယ္။

“ေႁမြအဆိပ္ရဲ့ ဒီအစိတ္အပိုင္းက ဗိုင္းရပ္စ္ရဲ့အရမ္းအေရးႀကီးတဲ့ ပရိုတိန္းဓာတ္ကို ဟန႔္တားနိုင္ခဲ့တယ္ဆိုတာ ကၽြန္ေတာ္တို႔ ျပနိုင္ခဲ့ပါၿ

ပီ”လို႔ ေဆာ္ေပၚလိုတကၠသိုလ္က ပါေမာကၡျဖစ္သူ Rafael Guido က ေျပာဆိုခဲပါတယ္။ တြားသြားသတၱဝါေတြကိုေလ့လာၿ

ပီး ဇီဝစုစည္းမႈေတြျပဳလုပ္ေနသူ Giuseppe Puorto ကေတာ့“ဘရာဇီးလ္နိုင္ငံတဝွမ္းမွာ Jararacussu ကို လိုက္ဖမ္းဆီးမယ့္

လူေတြကို ကၽြန္ေတာ္တို႔ သတိထားေစာင့္ၾကည့္ေနပါတယ္၊ သူတို႔ကေတာ့ ကမၻာႀကီးကို ငါတို႔ကယ္ တင္ေနတယ္

လို႔ေတြးေနမွာပါ၊အဲဒါမဟုတ္ပါဘူး၊ ေႁမြဆိပ္သက္သက္ႀကီးနဲ႔ ကိုဗစ္ကို ကုသလို႔မရပါဘူး”လို႔ ေႁမြေတြကို အလြန္အကၽြံဖမး္ဆီးမယ့္

အေပၚ စိုးရိမ္ေၾကာင္း ေျပာခဲ့ပါတယ္။

အခုအခါမွာေတာ့ ကိုဗစ္အတြက္ အသုံးဝင္တဲ့ လက္ နက္ကိရိယာတစ္ခုျဖစ္လာဖို႔ နီးစပ္ေနၿပီျဖစ္ပါတယ္။

Ref The River News