ၾကားသိသမွ်

ဆရာဝန်မလေးအငြိမ်းကိုယ်တိုင်ရေးသည်၊ တောင်ပေါ်ကမီးအိမ်ရှင်မလေးရဲ့..ရင်ထဲကစကားတချို့…

ဆရာဝန်မလေးအငြိမ်းကိုယ်တိုင်ရေးသည်၊တောင်ပေါ်ကမီးအိမ်ရှင်မလေးရဲ့..ရင်ထဲကစကားတချို့…

လူတွေမှာ Dark side ရှိတယ်လို့ပြောကြတယ်

ဟုတ်မှာကျွန်တော့်မှာလည်းရှိတယ်ကျွန်တော့်ရဲ့အကြီးမားဆုံးdark side ကမနာလိုစိတ်များခြင်းနဲ့ ကိုယ့်ကိုကို မချိတင်ကဲဖြစ်ခြင်း

ဟုတ်တယ်ကျွန်တော်က ကိုယ့်ကိုကိုမယုံနိုင်လောက်အောင်မနာလိုစိတ်သိပ်များတဲ့သူ2 Nd MB ကတည်းက အလုပ်စလုပ်တယ်

ဘယ်လိုတွေခက်ခဲခဲ့တယ် ဘယ်လိုတွေကြိုးစားခဲ့ရတယ် Fbမှာရေးခဲ့ဖူးပြီးသားအကြောင်းအရာတွေတော့မရေးချင်တော့ဘူးဘာလို့ အလုပ်

လုပ်လဲလို့မေးရင်ရိုးသားစွာဖြေရရင် မနာလိုလို့ဖြေရမယ်ထင်တယ်ကျွန်တော်တို့ဆေးကျောင်းအထူးသဖြင့် ကျွန်တော်တို့batch ကလူ

ကုံထံအသိုင်းအဝိုင်းနိုင်ငံကျော်celebrity တွေသိပ်များတဲ့နှစ်ကိုး ကျွန်တော့်မိသားစုက ချမ်းသာတယ်လို့ပြောရင်လည်းရတယ်မချမ်းသာ

ဘူးလို့ပြောလည်းရတယ်ကျွန်တော်တို့အိမ်ကိုရောက်ဖူးတဲ့ရင်းနှီးတဲ့သူငယ်ချင်းတွေက နင်တို့တော်တော်ချမ်းသာတာပဲ နင့်အိမ်ကဟိုတယ်

ကျနေတာပဲ လို့ပြောကြတယ်မရင်းနှီးတဲ့သူငယ်ချင်းတွေအမြင်မှာတော့စူပါကပ်ဆိုင်ကယ်လေးတဝီဝီနဲ့ ကျောင်းလာတဲ့ကျွန်တော်က

သာမန်ပါပဲအောက်ခြေလူတန်းစားဘဝကနေနှစ်ပေါင်းများစွာရုန်းကန်ခဲ့ရတဲ့အဖေရဲ့ ငွေတန်ဖိုးကို သတ်မှတ်ချက်ကသူများတကာ

ထက်၃ဆ လောက်မြင့်ပါတယ်ယုံမလားတော့မသိဘူး ကျွန်တော်ငယ်ငယ်တုန်းကအဖေဝယ်ပေးခဲ့ဖူးတဲ့အရုပ်ဆိုလို့သေမလိုဖျားတုန်းက ရ

ဟတ်ယျာဉ်လေးတစင်းပဲရှိပါတယ်ကျွန်တော်တို့မိသားစုမှာ ဝင်ငွေ ထွက်ငွေ တယောက်စီရဲ့အသုံးစရိတ် အစရှိသဖြင့် အကုန်ထိန်းချုပ်ထား

တာအဖေကပါပဲကျောင်းတခါဖွင့်ပြီဆို ကျောင်းစရိတ် စာရင်းကျောင်းအပ် ဌာနကြေးစာရင်းတင်ရရင်

အဖေက ရယ်ပြီးပြောတတ်တယ်နင်တို့လော့ဂရမ်သမ်ကျကွဲတဲ့စရိတ်တော့မထည့်ထားဘူးမှတ်လားဆိုပြီးကျွန်တော်တို့စာရင်းပိုတင်တာသိ

တာကိုးပြီးရင်တကိုယ်ရည်အသုံးစရိတ်ဆိုပြီးတင်ရတယ်ဗျတခြားချမ်းသာတဲ့မိသားစုတွေမှာတော့သမီးမိန်းကလေးတွေဆိုရင် အမေတွေ

ကကဲ ငါ့သမီး ကျောင်းဖွင့်တော့မှာ ကြိုက်တာဝယ်စမ်း ဆိုပြီး အသုံးအဆောင်ပစည်းတွေ လိုက်ဝယ်ပေးကြတာတော့မြင်ဖူးပါရဲ့ကျွန်တော်

တို့ညီအမတွေကတော့နှစ်စဉ်တကိုယ်ရည်အသုံးစရိတ် (pad ကအစစာရင်းတင်ရတယ်)ခေါင်းအစခြေအဆုံး မှာ ကိုယ်စွမ်းဉာဏ်စွမ်းရှိ

သလောက် အပြိုင်အဆိုင်စာရင်းပိုတင်ကြတယ်

တနှစ်လုံး ဒီတခါပဲရမှာလေတလတကြိမ်က မုန့်ဖိုးပဲရတာကိုးထားပါတော့စနစ်ကြီးလှတဲ့အဖေရဲ့ ထိန်းချုပ်မူအောက်မှာ

phဆိုတာ လုံးဝသုံးလို့မရတော့မှအက်ကွဲပြီး လုံးဝ screen မှာ ဘာမှမပေါ်လာတော့မှ အသစ်ဝယ်ရမယ် ဆိုတဲ့စနစ်ကြီးအောက်မှာ

လိမ္မာတဲ့ကျွန်တော့်အမတွေက နေသားကျပေမဲ့ကျွန်တော်ကလူဆိုးမှတ်လားiph အသစ်ထွက်တိုင်း ထည်လဲကိုင်နေတဲ့

ဆေးကျောင်းက သူငယ်ချင်းတွေကြားမှာမနာလိုတော့ဖြစ်မိတာအမှန်ပဲအဖေ့ဆီကို iph ဝယ်ပေး လို့ဘယ်တော့မှ တောင်းဆိုလို့မရဘူး ဆို

တာ သိနေတော့ရွေးချယ်စရာကတလမ်းပဲရှိတော့တယ်ကျွန်တော်အလုပ်လုပ်ရတာပေါ့မိသားစုအတွက် ဘာအတွက် လို့ရေးခဲ့ဖူးတယ်

ဒါပေမဲ့ ပိုပြီးသေချာတာကကျွန်တော်က ကျွန်တော့အတွက် အလုပ်လုပ်ခဲ့တာပါ2nd Mb မှာ စခဲ့တာ 3rd MB ရောက်တော့ကျွန်တော်

လိုချင်တဲ့အနေအထားဖြစ်လာတယ်

Part 1 မှာ ကျွန်တော်က အတန်းဖော်တွေကအစအားကျရလောက်အောင်ပိုက်ဆံရှာနိုင်လာတယ်Part 2 မှာတော့စီးပွါးရေးကို ချဲ့သထက်

ချဲ့ စက်ပစည်းတွေဝယ်ဝန်ထမ်းတွနဲ့ လုပ်ငန်းစနစ်တကျလည်ပတ်နိုင်ပြီအဲ့အချိန်တုန်းက ရည်ရွယ်ချက် ရည်မှန်းချက်ကဆရာဝန်ကောင်း

တယောက်ဖြစ်လာဖို့တော့မဟူတ်ဘဲစီးပွါးရေးလုပ်ငန်းရှင်ဖြစ်လာဖို့ပဲHouse မြန်မြန်ပြီးချင်တယ်ဘွဲ့မြန်မြန်ရချင်တယ်ပြီးရင်စီးပွါးရေးမှာပဲ

ခြေစုံပစ်ဝင်တော့မယ်ဘာလို့ဆိုတော့ အဖေနဲ့အမေရဲ့ ကန့်သတ်ချက်ကရှိသေးတာလေဘွဲ့ရပြီးမှနင်ကြိုက်တာလုပ် ဘွဲ့အရင်ယူHouse ပြီး

တဲ့အချိန်မှာ ကျွန်တော့်မှာအလတ်စားစီးပွါးရေးလုပ်ငန်းတခုအသေးစားစီးပွါးရေးလုပ်ငန်း၅ခုရှိနေခဲ့ပြီတကယ်က ခင်ပွန်းသည်ရဲ့ ပံ့ပိုးမူတွေ

လည်းအများကြီးပါခဲ့ပါတယ်

သူတော်လို့သာ အဲ့နေရာထိမြန်မြန်ရောက်ခဲ့တာကျွန်တော်ကစည်းစနစ်မကျဘူးတယောက်တည်းဆို ပိုက်ဆံ

အလိမ်ခံရတာနဲ့ လည်နေတာHouse ပြီးပြီ ဘွဲ့ရပြီ ဆိုတဲ့အချိန်မှာအံ့ဩစရာကောင်းစွာပဲဆေးကျောင်းတုန်းက စာဆိုစာပဲကျက်ခဲ့တဲ့စာက

လွဲရင်ဘာမှမသိခဲ့တဲ့ သူငယ်ချငိးတွေကနေ့ချင်းညချငိး ကုမ္ပဏီပိုင်ရှင်ကြီးတွေ မန္တလေးမြိူ့ရဲ့နေရာကောင်းတွေမှာ စားသောက်ဆိုင်အကြီး

ကြီးတွေရဲ့ပိုင်ရှင်တွေ ဖြစ်သွားကြတာပါပဲ

Level တူခဲ့တဲ့ online business က မိတ်ဆွေတွေကလည်း showroom တွေ အသီးသီးဖွင့်ကြကျွန်တော်က ဆိုငိဖွင့်ဖို့ စျေးသက်သာတဲ့

မြေနေရာလေးရှာတုန်းမှတ်လားကျွန်တော့်မှာ ပူလောင်လိုက်တာလေအဲ့လိုမျိုးFb မှာတက်လာရင် ထမင်းစားလို့မရတော့ဘူးဘာမှလည်း

လုပ်လို့မရတော့ဘူးအိမ်သာထဲသွားငိုသူငယ်ချငိးတွေကိုphဆက်ဟဲ့ သူက တော့ ဟိုလိုဖြစ်သွားပြီဟိုတယောက်ကတော့ ဟိုဟာပိုင်သွားပြီ

နဲ့သူငယ်ချင်းတွေကလည်းပြန်အားပေး ကောင်မနင်အဲ့လောက်ပိုက်ဆံရှာနိုင်ရင်တော်ရောပေါ့ဟယ်ငါတို့လည်းအားနာဦးဘာညာနဲ့အဲ့

လောက်ထိကိုမနာလိုစိတ်ပြင်းခဲ့တာအခုတော့လည်း အိမ်မက်လိုပါပဲ မှန်ထဲကြည့်ရင်း သူများတွေပြောတဲ့သူတောင်းစားသာသာဆိုတဲ့

စကား အင်းဟုတ်မှာပဲလို့ပဲတွေးမိတယ်ကျွန်တော်ကလည်းစုတ်ပြတ်နေတာကိုးအရင်က ပိုက်ဆံသဲကြီးမဲကြီးရှာခဲ့တဲ့ဘဝကနေ

အခုငွေရှိလည်း ကြက်တကောင်တောင်ဝယ်လို့မရတဲ့နေရာရောက်လာတာ ထူးတော့ထူးဆန်းတယ်

ကံကြမ္မာကအံ့ဩစရာကြီးသေချာတာက ကျွန်တော်တို့ကနိုင်မှအိမ်ပြန်လို့ရမယ့်လူတွေဆိုတော့

ဒီနေရာမှာ ဒီလိုဘဝမှာကြာဦးမှာဒီနေရာမှာ ဒီလိုဘဝမှာ အိမ်ပြန်ခွင့်မရဘဲအဆုံးသတ်သွားဖို့လည်းဖြစ်နိုင်တယ်Fb သုံးရင် တချို့ဆေး

ကျောင်းကသူငယ်ချင်းတွေ နိုင်ငံရပ်ခြားရောက်ကုန်ပြီနိုင်ငံခြားမှာပညာဆက်သင်ကြပြီဓာတ်ပုံလေးတွေတင်ထားကြတယ်My day လေး

တွေတချို့မိတ်ဆွေတွေ online မှာသိခဲ့တဲ့သူတွေစီးပွါးရေးမှာနေရာတခုရလာကြပြီထူးဆန်းတာက ကျွန်တော့်မှာ မနာလိုစိတ်နဲ့ ပူလောင်

ခြင်းကင်းနေတာပါပဲအရင်လိုဆိုအဲ့လိုpost မျိုးတွေကျော်သွားမှာပြီးအိမ်သာထဲမှာ ကိုယ့်ကိုကိုမကျေနပ်စိတ်နဲ့ငိုနေပြီအခုတော့ကျွန်တော်

က love react လေးတွေပေးမိနေပြီတကူးတက ပုံလေးတွေဝင်ကြည့်ပြီးသူတို့နေရာမှာ အဌားခံစားရင်းပျော်တတ်နေပြီ

မတူတဲ့ကံကြမ္မာတွေကို နားလည်တတ်လာပြီကျွန်တော့်ရဲ့Love react မြင်တဲ့ သူငယ်ချင်းက messenger ကလာပြောတယ် နင့်ကိုအားနာ

တယ်တဲ့နင်တို့လည်းဒီအရေးမှာတတ်နိုင်သလောက်လုပ်ခဲ့ကြတာပဲငါ့ကိုအားနာဖို့မလိုပါဘူးဒါကငါရွေးချယ်ခဲ့တဲ့လမ်းပါပဲ

နင်တို့က အမြင့်ဆုံးကိုပျံဖို့ ထိုက်တန်ပါတယ်သူငယ်ချင်းတို့အမြင့်ဆုံးကိုပျံပါအထိုက်တန်ဆုံးရှင်သန်ပါရောက်တဲ့နေရာမှာ အထွန်းလင်းဆုံး

တောက်ပပါစေ
A Nyein