ၾကားသိသမွ်

KNU တပ်မဟာ (၅) နယ်မြေတွင် စစ်တပ်ဘက်မှ သေဆုံးမှု နှစ်ဆတိုးလာ

ကရင္ျပည္နယ္၊ ဖာပြန္ခရိုင္တြင္ တိုက္ပြဲမ်ားျဖစ္ပြားေနရာ ဩဂုတ္အတြင္း စစ္တပ္ဘက္မွ ေသဆုံးသူ ယခင္ထက္ ႏွစ္ဆတိုးလာေၾကာင္း ကရင္အမ်ိဳး

သားအစည္းအ႐ုံး (KNU) တပ္မဟာ (၅) က ယမန္ေန႔ (ဩဂုတ္ ၃၁) တြင္ သတင္းထုတ္ျပန္သည္။

(Zawgyi Font ျဖင့္ ဖတ္မရသူမ်ား ေအာက္တြင္ Unicode ျဖင့္ ေဖာ္ျပထားသည္)

ဩဂုတ္လအတြင္း တိုက္ပြဲေပါင္း အႀကိမ္ ၁၃၀ ျဖစ္ပြားခဲ့ရာ စစ္တပ္ဘက္မွ ၁၁၈ ဦး ေသဆုံးၿပီး တပ္ရင္းမႉးတစ္ဦးအပါအဝင္ ၆၈ ဦး ဒဏ္ရာ

ရေၾကာင္း ၊ KNLA ဘက္မွလည္း ၅ ဦး ဒဏ္ရာရေၾကာင္း တပ္မဟာ (၅) ၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

ဇူလိုင္လအတြင္း ထိုေဒသတြင္ စစ္တပ္ဘက္မွ ၆၅ ဦး က်ၿပီး တပ္ရင္းမႉးတစ္ဦးအပါအဝင္ ဒဏ္ရာရသူ ၁၀၁ ဦးရွိခဲ့သည္ဟု သိရသည္။

စစ္တပ္ဘက္မွ ေသဆုံးသူတိုးျခင္းမွာ တိုက္ပြဲအေရအတြက္ႏွင့္ မ်ားစြာ သက္ဆိုင္ျခင္းမရွိေၾကာင္း KNU ထုတ္ျပန္ခ်က္ပါ ကိန္းဂဏ

န္းမ်ားအရ သိရသည္။ ဇူလိုင္လ တိုက္ပြဲအေရအတြက္မွာ ၁၃၀ ျဖစ္ၿပီး ၾသဂုတ္တြင္ ၁၃၃ ႀကိမ္ ရွိခဲ့သည္။

စစ္တပ္ အာဏာသိမ္းၿပီးေနာက္ KNU လႈပ္ရွား၊ ထိန္းခ်ဳပ္ နယ္ေျမမ်ားအနက္ တပ္မဟာ (၅) နယ္ေၿမ တြင္ တိုက္ပြဲအမ်ားဆုံး ျဖ

စ္ေနသည္။ လက္ရွိ KNU တပ္မဟာ (၄) နယ္ေျမမွအပ က်န္နယ္ေျမအားလုံးတြင္ ထိုးစစ္ဆင္ရန္ စစ္တပ္က ႀကိဳးပမ္းေနေၾကာင္း သိရသ

ည္။…သို႔ေသာ္လည္း နယ္ေျမခံျဖစ္ေသာ KNU တပ္ဖြဲ႕ဝင္မ်ားက ေျပာက္က်ားထိုးစစ္ဆင္နိုင္ျခင္း၊ ေဒသခံမ်ား၏ ပူးေပါင္းျခ

င္းမ်ားေၾကာင့္ အသာစီးရကာ တိုက္ပြဲတြင္ ထိခိုက္က်ဆုံးမႈ နည္းပါးေနသည္။…

ထို႔ျပင္ ဖာပြန္ခရိုင္၌ စစ္တပ္က ျပည္သူမ်ား လယ္ယာလုပ္ငန္းခြင္မ်ားထဲသို႔ လက္နက္ႀကီး အလုံး ၁၂၀ ခန႔္ ပစ္ခတ္ခဲ့ေၾကာင္း၊ ေနအိမ္ ၆ လုံး

မီးေလာင္၍ ေဒသခံ ၃ ဦး ရိုက္ႏွက္ခံရၿပီး တစ္ဦး ေသဆုံးသြားခဲ့ေၾကာင္း၊ စစ္ေလယာဥ္မ်ားျဖင့္ ၅ ႀကိမ္ခန႔္ လာေရာက္က

င္း ေထာက္ေနေၾကာင္း တပ္မဟာ (၅) က သတင္းထုတ္ျပန္ထားသည္။…

ထို႔ေၾကာင့္ မတ္လအတြင္း ဗုံးက်ဲခံခဲ့ရသည့္ တပ္မဟာ (၅) နယ္ေၿမ ဖာပြန္ခရိုင္ထဲရွိ ေက်းရြာမ်ားကို ဩဂုတ္ေနာက္ဆုံးပတ္အတြင္းက

ေလေၾကာင္းအႏၲရာယ္ တပ္လွန႔္ထားသည္။…

စစ္တပ္သည္ တစ္နိုင္ငံလုံး ပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရးသေဘာတူစာခ်ဳပ္ (NCA) တြင္ လက္မွတ္ေရးထိုးထားသည့္ KNU ႏွင့္ ၂၀၁၈ ခန႔္မွစတင္

ကာ ဖာပြန္ေဒသတြင္ တိုက္ပြဲမ်ား ျပန္ျဖစ္ပြားေနသည္။အာဏာသိမ္းၿပီးေနာက္ စစ္တပ္သည္ ကရင္ျပည္နယ္အတြင္း တိုက္ပြဲအေျခအေ

နမ်ားကို သတင္းထုတ္ျပန္ျခင္း မရွိေတာ့ေပ။…

Unicode

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်တွင် တိုက်ပွဲများဖြစ်ပွားနေရာ ဩဂုတ်အတွင်း စစ်တပ်ဘက်မှ သေဆုံးသူ ယခင်ထက် နှစ်ဆတိုးလာကြောင်း

ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၅) က ယမန်နေ့ (ဩဂုတ် ၃၁) တွင် သတင်းထုတ်ပြန်သည်။

ဩဂုတ်လအတွင်း တိုက်ပွဲပေါင်း အကြိမ် ၁၃၀ ဖြစ်ပွားခဲ့ရာ စစ်တပ်ဘက်မှ ၁၁၈ ဦး သေဆုံးပြီး တပ်ရင်းမှူးတစ်ဦးအပါအဝင် ၆၈ ဦး ဒဏ်ရာ

ရကြောင်း ၊ KNLA ဘက်မှလည်း ၅ ဦး ဒဏ်ရာရကြောင်း တပ်မဟာ (၅) ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဇူလိုင်လအတွင်း ထိုဒေသတွင် စစ်တပ်ဘက်မှ ၆၅ ဦး ကျပြီး တပ်ရင်းမှူးတစ်ဦးအပါအဝင် ဒဏ်ရာရသူ ၁၀၁ ဦးရှိခဲ့သည်ဟု သိရသည်။

စစ်တပ်ဘက်မှ သေဆုံးသူတိုးခြင်းမှာ တိုက်ပွဲအရေအတွက်နှင့် များစွာ သက်ဆိုင်ခြင်းမရှိကြောင်း KNU ထုတ်ပြန်ချက်ပါ ကိန်းဂဏန်းများ

အရ သိရသည်။ ဇူလိုင်လ တိုက်ပွဲအရေအတွက်မှာ ၁၃၀ ဖြစ်ပြီး သြဂုတ်တွင် ၁၃၃ ကြိမ် ရှိခဲ့သည်။

စစ်တပ် အာဏာသိမ်းပြီးနောက် KNU လှုပ်ရှား၊ ထိန်းချုပ် နယ်မြေများအနက် တပ်မဟာ (၅) နယ်မြေ တွင် တိုက်ပွဲအများဆုံး ဖြစ်

နေသည်။ လက်ရှိ KNU တပ်မဟာ (၄) နယ်မြေမှအပ ကျန်နယ်မြေအားလုံးတွင် ထိုးစစ်ဆင်ရန် စစ်တပ်က ကြိုးပမ်းနေကြောင်း သိရ

သည်။…သို့သော်လည်း နယ်မြေခံဖြစ်သော KNU တပ်ဖွဲ့ဝင်များက ပြောက်ကျားထိုးစစ်ဆင်နိုင်ခြင်း၊ ဒေသခံများ၏ ပူးပေါင်းခြင်းများ

ကြောင့် အသာစီးရကာ တိုက်ပွဲတွင် ထိခိုက်ကျဆုံးမှု နည်းပါးနေသည်။…

ထို့ပြင် ဖာပွန်ခရိုင်၌ စစ်တပ်က ပြည်သူများ လယ်ယာလုပ်ငန်းခွင်များထဲသို့ လက်နက်ကြီး အလုံး ၁၂၀ ခန့် ပစ်ခတ်ခဲ့ကြောင်း၊ နေအိမ် ၆

လုံး မီးလောင်၍ ဒေသခံ ၃ ဦး ရိုက်နှက်ခံရပြီး တစ်ဦး သေဆုံးသွားခဲ့ကြောင်း၊ စစ်လေယာဉ်များဖြင့် ၅ ကြိမ်ခန့် လာရောက်ကင်း ထောက်နေ

ကြောင်း တပ်မဟာ (၅) က သတင်းထုတ်ပြန်ထားသည်။…

ထို့ကြောင့် မတ်လအတွင်း ဗုံးကျဲခံခဲ့ရသည့် တပ်မဟာ (၅) နယ်မြေ ဖာပွန်ခရိုင်ထဲရှိ ကျေးရွာများကို ဩဂုတ်နောက်ဆုံးပတ်အတွင်းက

လေကြောင်းအန္တရာယ် တပ်လှန့်ထားသည်။…

စစ်တပ်သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) တွင် လက်မှတ်ရေးထိုးထားသည့် KNU နှင့် ၂၀၁၈ ခန့်

မှစတင်ကာ ဖာပွန်ဒေသတွင် တိုက်ပွဲများ ပြန်ဖြစ်ပွားနေသည်။အာဏာသိမ်းပြီးနောက် စစ်တပ်သည် ကရင်ပြည်နယ်အတွင်း တိုက်ပွဲ

အခြေအနေများကို သတင်းထုတ်ပြန်ခြင်း မရှိတော့ပေ။…