ၾကားသိသမွ်

စစ်ကောင်စီလေတပ်မှ လေ့ကျင့်ပြင်ဆင်ရန် အရေးပေါ် ဗုံးလိုအပ်ချက် ဖြည့်ဆည်းနေ

စစ်ကောင်စီလေတပ်မှ လေ့ကျင့်ပြင်ဆင်ရန် အရေးပေါ် ဗုံးလိုအပ်ချက် ဖြည့်ဆည်းနေ
အာဏာသိမ်းစစ်တပ်၏ လေတပ်အတွက် လေ့ကျင့်ပြင်ဆင်ရန် လိုအပ်နေသော ဗုံးများကို အလျင်အမြန်ထုတ်လုပ်နိုင်ရန် ကာကွယ်ရေးပစ္စည်းစက်ရုံသို့ တိုက်ရိုက်အမှာစာပို့ ထုတ်လုပ်မှုလုပ်ဆောင်နေကြာင်း ပြည်သူ့စစ်သားအဖွဲ့ အပြောအရသိရသည်။
မိတ္ထီလာ လေအကြောင်းအတတ်သင် လေတပ်စခန်းဌာနချုပ်မှ 50 Kg aircraft ဗုံးအလုံး ၁၀၀ ကို ကပစမှ ယမန်နေ့က တိုက်ရိုက်ထုတ်ယူသွားခဲ့သည်ဟု ပြည်သူ့စစ်သားအဖွဲ့ဝင် အကြမ်းမဖက် အာဏာဖီဆန်မှု CDM လုပ်ကာ လူထုဘက်ပူးပေါင်းလာခဲ့သော ဗိုလ်ကြီးညီသုတကပြောသည်။
စစ်လက်နက်ပစ္စည်းများ ထုတ်လုပ်တောင်းခံမှုအဆင့်များတွင် ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) ၏ ခိုင်းစေမှုဖြင့် ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ) မှထုတ်လုပ်ပြီးသောလက်နက်များကို ကကနက် ခေါ် စစ်လက်နက်ပစ္စည်း ညွှန်ကြားရေးမှူးရုံးသို့ စာရင်းနှင့်အပ်နှံရသည်။ ထို့နောက်ထုတ်ယူ လိုသောတပ်က သိုလှောင်ရေးတပ်တွင် သွားရောက်ထုတ်ယူရသည်။
” လေယာဉ်ကြဲဗုံးတွေရာချီပြီးထုတ်နေတာ အနာဂတ်စစ်ဆင်ရေးအတွက် ကြိုတင်ပြင်ဆင်နေတယ်လို့ ယူဆရပါတယ်။ ကိုယ့်ပြည်သူကို ပြန်သတ်ဖို့ ပြင်ဆင်နေတာပါ။ လေယာဉ်မှူးတွေလည်း စဉ်းစားဖို့ သင့်တယ််။ စစ်ပညာတွေသင်ထားတာ ပြည်သူတွေဆီ ဗုံးကြဲချဖို့မဟုတ်ဘူး ” ဟု ဗိုလ်ကြီးညီသုတက ပြောသည်။
50KG Aircraft Bomb ၏ ပေါက်ကွဲအားသည် မီတာ ၂၀၀ ဝန်းကျင်ထိ သက်ရောက်မှုရှိပြီး အစုလိုက်ကြဲချတိုက်ခိုက်ခြင်းမျိုးရှိကာ မီတာ ၁၀၀၀ ကျော်ထိ ထိရောက်နိုင်ကြောင်း သိရသည်။

Source; Mizzma

Zawgyi

စစ္ေကာင္စီေလတပ္မွ ေလ့က်င့္ျပင္ဆင္ရန္ အေရးေပၚ ဗုံးလိုအပ္ခ်က္ ျဖည့္ဆည္းေန

အာဏာသိမ္းစစ္တပ္၏ ေလတပ္အတြက္ ေလ့က်င့္ျပင္ဆင္ရန္ လိုအပ္ေနေသာ ဗုံးမ်ားကို အလ်င္အျမန္ထုတ္လုပ္နိုင္ရန္ ကာကြယ္ေရးပစၥည္းစ

က္႐ုံသို႔ တိုက္ရိုက္အမွာစာပို႔ ထုတ္လုပ္မႈလုပ္ေဆာင္ေနၾကာင္း ျပည္သူ႔စစ္သားအဖြဲ႕ အေျပာအရသိရသည္။

မိတၳီလာ ေလအေၾကာင္းအတတ္သင္ ေလတပ္စခန္းဌာနခ်ဳပ္မွ 50 Kg aircraft ဗုံးအလုံး ၁၀၀ ကို ကပစမွ ယမန္ေန႔က တိုက္ရိုက္ထုတ္ယူ

သြားခဲ့သည္ဟု ျပည္သူ႔စစ္သားအဖြဲ႕ဝင္ အၾကမ္းမဖက္ အာဏာဖီဆန္မႈ CDM လုပ္ကာ လူထုဘက္ပူးေပါင္းလာခဲ့ေသာ ဗိုလ္ႀကီးညီသု

တကေျပာသည္။စစ္လက္နက္ပစၥည္းမ်ား ထုတ္လုပ္ေတာင္းခံမႈအဆင့္မ်ားတြင္ ကာကြယ္ေရး ဦးစီးခ်ဳပ္႐ုံး (ၾကည္း) ၏ ခိုင္းေစမႈျ

ဖင့္ ကာကြယ္ေရးပစၥည္းစက္႐ုံ (ကပစ) မွထုတ္လုပ္ၿပီးေသာလက္နက္မ်ားကို ကကနက္ ေခၚ စစ္လက္နက္ပစၥည္း ညႊန္ၾကားေရး

မႉး႐ုံးသို႔ စာရင္းႏွင့္အပ္ႏွံရသည္။ ထို႔ေနာက္ထုတ္ယူ လိုေသာတပ္က သိုေလွာင္ေရးတပ္တြင္ သြားေရာက္ထုတ္ယူရသည္။

” ေလယာဥ္ၾကဲဗုံးေတြရာခ်ီၿပီးထုတ္ေနတာ အနာဂတ္စစ္ဆင္ေရးအတြက္ ႀကိဳတင္ျပင္ဆင္ေနတယ္လို႔ ယူဆရပါတယ္။ ကိုယ့္ျပ

ည္သူကို ျပန္သတ္ဖို႔ ျပင္ဆင္ေနတာပါ။ ေလယာဥ္မႉးေတြလည္း စဥ္းစားဖို႔ သင့္တယ္္။ စစ္ပညာေတြသင္ထားတာ ျပည္သူေတြဆီ ဗုံးၾ

ကဲခ်ဖို႔မဟုတ္ဘူး ” ဟု ဗိုလ္ႀကီးညီသုတက ေျပာသည္။

50KG Aircraft Bomb ၏ ေပါက္ကြဲအားသည္ မီတာ ၂၀၀ ဝန္းက်င္ထိ သက္ေရာက္မႈရွိၿပီး အစုလိုက္ၾကဲခ်တိုက္ခိုက္ျခင္းမ်ိဳးရွိကာ

မီတာ ၁၀၀၀ ေက်ာ္ထိ ထိေရာက္နိုင္ေၾကာင္း သိရသည္။

Source; Mizzma