ကလေးမြို့ ဒေသ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်မှ စစ်သား ၂၀ ခန့် လက်နက် အပြည့်အစုံနှင့် စွန့်ခွာနေမှု စစ်ကောင်စီက အပူတပြင်းရှာဖွေ
နေ ရန်ကုန်၊ စက်တင်ဘာ ၁
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်ရှိ ဒေသ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်မှ စစ်သား ၂၀ ခန့် သည် လက်နက်အပြည့်အစုံဖြင့် ယခုရက်ပိုင်း
အတွင်း စွန့်ခွာသွားရာ အကြမ်းဖက် စစ်ကောင်စီ တပ်က ရဟတ်ယာဉ်သုံး၍ ကလေးတောင်ပိုင်းတခွင် အပူတပြင်းလိုက်လံရှာဖွေလျက်ရှိ
ကြောင်း သိရသည်။
“သတင်းက သေချာတယ်။ ကလေး PDF ကလည်း အတည်ပြုထားတယ်။ ပထမ PDF တွေကို လိုက်ရှာတယ်ထင်နေတာ။ နောက်ကျမှ သူ
တို့လူ သူတို့ အတင်းလိုက်ရှာနေတာ။ စစ်သား ၂၀ လုံး လွတ်မြောက်နယ်မြေတခုကို ရောက်သွားပြီလို့ သိရတယ်”ဟု ကလေးဒေသခံတဦး
က ပြောသည်။အကြမ်းဖက် စစ်ကောင်စီကမူ စစ်သားများ ထွက်ပြေးသည့် ဖြစ်စဉ်တိုင်းကို ငြင်းပယ်လေ့ ရှိပြီး ထားဝယ်၊ ပြည်နှင့် အခြား
ဒေသများမှ စစ်သားများလည်း CDM ပြုလုပ် စွန့်ခွာခြင်းများ ရှိခဲ့ဖူးသည်။
“မနေ့က ကလေးတောင်ပိုင်းမှာ စစ်ရဟတ်ယာဉ်က အကြာကြီး ဝဲနေတာ။ စစ်ကားတွေလည်း လမ်းတလျှောက် ပတ်နေတာ တွေ့တယ်။
သူတို့ စစ်သားတွေ ပျောက်လို့ လိုက်ရှာတယ်ဆိုတာ ကျနော်တို့က နောက်ပိုင်းမှ သိရတာ”ဟု တခြား ကလေးဒေသခံတဦးကလည်း
ပြောသည်။အကြမ်းဖက် စစ်ကောင်စီထံမှ စွန့်ခွာပြီး ပြည်သူ့ ရင်ခွင်သို့ ခိုလှုံလာသည့် စစ်သား ၂၀၀၀ ခန့် ရှိနေပြီ ဖြစ်ကြောင်း CMD
စစ်သားများထံမှ သိရှိရသည်။
Source; Khit Thit Media
Zawgyi
ကေလးၿမိဳ႕ ေဒသ စစ္ဆင္ေရး ကြပ္ကဲမႈ ဌာနခ်ဳပ္မွ စစ္သား ၂၀ ခန႔္ လက္နက္ အျပည့္အစုံႏွင့္ စြန႔္ခြာေနမႈ စစ္ေကာင္စီက အပူတျပင္း
ရွာေဖြေန ရန္ကုန္၊ စက္တင္ဘာ ၁
စစ္ကိုင္းတိုင္း၊ ကေလးၿမိဳ႕နယ္ရွိ ေဒသ စစ္ဆင္ေရး ကြပ္ကဲမႈ ဌာနခ်ဳပ္မွ စစ္သား ၂၀ ခန႔္ သည္ လက္နက္အျပည့္အစုံျဖင့္ ယခုရက္ပိုင္းအတြင္း
စြန႔္ခြာသြားရာ အၾကမ္းဖက္ စစ္ေကာင္စီ တပ္က ရဟတ္ယာဥ္သုံး၍ ကေလးေတာင္ပိုင္းတခြင္ အပူတျပင္းလိုက္လံရွာေဖြလ်က္ရွိေၾကာ
င္း သိရသည္။”သတင္းက ေသခ်ာတယ္။ ကေလး PDF ကလည္း အတည္ျပဳထားတယ္။ ပထမ PDF ေတြကို လိုက္ရွာတယ္ထင္ေန
တာ။ ေနာက္က်မွ သူတို႔လူ သူတို႔ အတင္းလိုက္ရွာေနတာ။ စစ္သား ၂၀ လုံး လြတ္ေျမာက္နယ္ေျမတခုကို ေရာက္သြားၿပီလို႔ သိရတ
ယ္”ဟု ကေလးေဒသခံတဦးက ေျပာသည္။အၾကမ္းဖက္ စစ္ေကာင္စီကမူ စစ္သားမ်ား ထြက္ေျပးသည့္ ျဖစ္စဥ္တိုင္းကို ျငင္းပ
ယ္ေလ့ ရွိၿပီး ထားဝယ္၊ ျပည္ႏွင့္ အျခားေဒသမ်ားမွ စစ္သားမ်ားလည္း CDM ျပဳလုပ္ စြန႔္ခြာျခင္းမ်ား ရွိခဲ့ဖူးသည္။
“မေန႔က ကေလးေတာင္ပိုင္းမွာ စစ္ရဟတ္ယာဥ္က အၾကာႀကီး ဝဲေနတာ။ စစ္ကားေတြလည္း လမ္းတေလၽွာက္ ပတ္ေနတာ ေ
တြ႕တယ္။ သူတို႔ စစ္သားေတြ ေပ်ာက္လို႔ လိုက္ရွာတယ္ဆိုတာ က်ေနာ္တို႔က ေနာက္ပိုင္းမွ သိရတာ”ဟု တျခား ကေလးေဒသခံတဦးက
လည္း ေျပာသည္။
အၾကမ္းဖက္ စစ္ေကာင္စီထံမွ စြန႔္ခြာၿပီး ျပည္သူ႔ ရင္ခြင္သို႔ ခိုလႈံလာသည့္ စစ္သား ၂၀၀၀ ခန႔္ ရွိေနၿပီ ျဖစ္ေၾကာင္း CMD
စစ္သားမ်ားထံမွ သိရွိရသည္။Source; Khit Thit Media