စက်တင်ဘာစစ်ပွဲ (ခံယူချက် မဲ့နေတဲ့ စ က စ နှင့်အမိနိုင်ငံကိုကယ်တင်ဖို့ ခံယူချက်ယုံကြည်ချက်အပြည့်နဲ့တိုက်လာမယ့် PDF တို့၏ စစ်ပွဲ
အဲ့အကြောင်းကို လွန်ခဲ့တဲ့ ၃လကစက်တင်ဘာအဆုံးအဖြတ်ခေါင်းစဉ်နဲ့ ဒီပေ့ချ်မှာ ရေးခဲ့ပါတယ် မန့်တွေမှာ စက်တင်ဘာထိစောင့်ရအုံးမှာ
လားလို့ဝိုင်းရေးကြပါတယ် အခု စက်တင်ဘာရောက်လာပါပြီကမ္ဘာ့နိုင်ငံရေးဟာလဲ အလူးအလွန့်တွေအရမ်းများလာပါတယ် အာဖကန်ကို
တာလီဘန်တွေသိမ်းတာတောင်တရုတ်ပင်လယ်မှာ မငြိမ်သက်တာ မြန်မာမှာ ပြည်တွင်းစစ်အစပျိုးလာတာတွေနဲ့ လူပ်ခပ်လာပါတယ်
မြန်မာ့တော်လှန်ရေးဟာ ထင်ထားတာထက်ရှေ့ရောက်လာပြီး အောင်မြင်တယ်လို့ ပြောလို့ရပါပြီပြည်ပ သံတမန်ရေးမပါပဲ ပြည်တွင်းမှာကို
အာဏာဆုပ်ကိုင်မရတဲ့ စကစဟာ ဘက်ပေါင်းစုံမှာ အရူံးနဲ့ရင်ဆိုင်နေရသလို သူ့တပ်မပျက်အောင် မနည်းထိန်းနေရပါတယ် စစ်တို့ထုံးစံ
အတိုင်း အရူံးများလာတဲ့အခါ စိတ်ဓတ်ယိုယွင်းလာတာပါပဲ နိုင်ငံစစ်တပ်လက်နက်ကိုင်တပ်ဖွဲ့တွေကို တည်ဆောက်တဲ့အခါ နိုင်ငံရေး
လူမျိုးရေး ဘာသာရေးခံယူချက်တွေနဲ့တည်ဆောက်ရပါတယ် အဲ့တာတွေ မခိုင်မာရင် မရှိရင် တပ်ဟာပျက်တော့တာပါပဲ
အနော်ရထာ သထုံကိုတိုက်တော့ ဘာသာရေးခံယူချက်နဲ့တိုက်ခဲ့ပါတယ် အခု တာလီဘန်တွေ အာဖကန်ကိုပြန်သိမ်းတော့လဲ ဘာသာရေး
ခံယူချက်ကိုအခြေခံပါတယ် အင်္ဂလိပ်နဲ့ဂျပန်ကို ဗိုလ်ချုပ်အောင်ဆန်းတိုက်တာ နိုင်ငံရေးခံယူချက်နဲ့တိုက်တာပါဂျပန်ဟာ အာရှကိုသိမ်းနိုင်
တာ ဘာသာရေး လူမျိုးရေးအခြေခံဝါဒနဲ့ ဖြစ်သလို ဟစ်တလာ ဥရောပကိုသိမ်းနိုင်ဖို့ ဂျာမန်တွေကို ဂျူးမုန်းတီးရေး လူမျိုးကြီးဝါဒ
သိမ်းသွင်းပြီး စည်းရုံးတိုက်ခဲ့တာပါ
အခု စကစတပ်မှာ ဘာခံယူချက်ရှိလဲဆိုရင်ဘာခံယူချက်မှ မရှိတာကိုတွေ့ရပါတယ် တိုင်းရင်းသားလက်နက်ကိုင်တွေက အားမသန်လို့မာန်
သာလျှော့ထားတာ လူမျိုးရေး နိုင်ငံရေးခံယူချက်အောက်ခြေစစ်သားတွေထိ အကုန်ရှိပါတယ် အရင်ကတော့ တိုင်းရင်းသားတွေကို သွား
တိုက်ရင် အမိနိုင်ငံကာကွယ်တာဆိုတဲ့ ဂျင်းထည့်လွှတ်လိုက်တာပါအခု စကစ က G Z (PDF) တွေနဲ့ တိုင်းရင်းသားတပ်တွေကို တိုက်မှာ
ဘာအတွက်တိုက်မှာလဲ ဘယ်လိုနိုင်ငံရေးခံယူချက် လူမျိုးရေးခံယူချက် ဘာသာရေးခံယူချက် နဲ့လဲဆိုတာ ဘယ်သူတစ်ဦးတစ်ယောက်မှသိ
ကိုမသိကြပါဘူးသူတို့ဟာ အာဏာရှင်တစ်စုရဲ့အသက်အိုးအိမ်ကိုကာကွယ်ပေးဖို့တိုက်ရမှာဆိုတော့ နိုင်ငံစစ်တပ်မဟုတ်တော့ပဲ
အကြမ်းဖက်တပ်အလိုလိုဖြစ်သွားသလို စိတ္ဓတ္လဲပြိုလဲသြားပါပြီ
တကယ်တိုက်ကြပြီဟေ့ ဆိုလဲ ဘာခံယူချက်မှ မရှိတဲ့အတွက် ကျိန်းသေကျရူံးတော့မှာပါ နိုင်မှ ငါ့နိုင်ငံလွတ်မြောက်မယ်ဆိုတဲ့ PDF ,
EAOs တွေကို ဘာခံယူခ်က္မွမရွိ ျပည်သူကလက္မခံတဲ့စစ္တပ္ကဘယ်တော့မှလဲ နိုင်မှာမဟုတ်ပါဘူးသံတမန်စစ်မြေပြင်UNမှာ စက်တင်ဘာ
၁၁ရက် ၁၂ရက် မှာUNအစည်းအဝေးပွဲမှာ စကစနဲ့ NUG ဘယ်သူ့ကို အစိုးရအဖြစ်UN ကသတ်မှတ်မလဲ အဖြေထုတ်လာမယ်လို့ဆိုပါ
တယ် စကစ အားသာတာ ပထဝီစိုးမိုးမူ့နဲ့ NUGအား
သာတာ ပြည်တွင်းကပြည်သူ ပြည်ပကပြည်သူနဲ့နိုင်ငံတကာ ထောက်ခံမူ့ရတာပါပဲအဆုံးအဖြတ်က နိုင်ငံတကာက မဲပေးရမှာဖြစ်သလို
အနိုင်ရတဲ့ဘက်က UN အသိအမှတ်ပြုအစိုးရဖြစ်လာမှာပါ ဒါပေမယ့် လက်တလော ကမ္ဘာ့ဇတ်ခုံပေါ် တက်နေတာက အာဖကန်အရေးဖြစ်
နေပါတယ် မြန်မာ့အရေးကို စိတ်ဝင်စားမူ့ကနေ ကျော်တကြ်သားတာပါဒီအတွက်လဲ UN ကမြန်မာ့အရေးကို ရွေ့ဆိုင်း ဆိုင်းငံတာမျိုး
ဖြစ်လာနိုင်ပါတယ် ဒီခြားထဲလဲ လူပ်ခပ်လာနိုင်တဲ့ အခင်းအကျင်းတွေ မြန်မာကိုအာရုံလျော့အောင် ဖြစ်လာနိုင်ပါသေးတယ် ဒါကို ဇတ်
ဆရာတရုတ်ကပဲ ဖန်တီးလာမယ်ဆိုတာ မလွဲပါဘူးဘယ်လိုပဲဖြစ်ဖြစ်UNအသိအမှတ် ပြုပြုမပြုပြု စကစကဆင်းပေးမှာမဟုတ်သလို
လက်တလောအခြေအနေကို တန့်လိုက်မှာလဲမဟုတ်ပါဘူး သူကကျိန်းသေတိုက်မှာပါစစ်ပွဲအတွက်လဲ ရှိတဲ့လက်နက်တွေထုတ်ပြင်ဆင်နေ
ပါတယ် UN ကလဲရွေ့ဆိုင်းရင်သာရွေ့ဆိုင်းမယ်စကစကိုတော့ USကျော်ပြီး အသိအမှတ်မပြုရဲပါဘူးဒီတော့ ကျိန်းသေတာက အခုလ
စက်တင်ဘာဟာစကစကသူ့အာဏာမြဲဖို့ မီးကုန်ယမ်းကုန် တိုက်စစ်ဖွင့်လာမှာဖြစ်သလို EAOs နဲ့ PDF တွေကလဲ ကိုယ့်နိုင်ငံကို ကိုယ်အရ
ပြန်ယူဖို့ တိုက်ရတော့မှာဖြစ်ပါတယ်ယုံကြည်ချက် ခံယူချက်ပျက်ယွင်းနေတဲ့ စကစတပ်
ကို အမိနိုင်ငံကယ်တင်ဖို့ ခံယူချက်ယုံကြည်ချက်အပြည့်နဲ့တိုက်လာမယ့် PDF တွေနဲ့ တိုင်းရင်သားလက်နက်ကိုင်တွေ တိုက်ပွဲဟာ မကြာ
ခင် စစ်မောင်းသံတွေနဲ့ စက်တင်ဘာစစ်ပွဲအသံကြီး မြည်ဟီးလာပါတော့မယ်လို့ ပြောချင်ပါတယ်ဗျာ
မုဆိုး လက်