ၾကားသိသမွ်

မင်းအောင်လှိုင်စကားကြောင့် ဝန်ကြီးဌာနတွေ တစ်သျှူးငှက်ပျောပင်များ စစိုက်ကြပြီ

မင်းအောင်လှိုင်စကားကြောင့် ဝန်ကြီးဌာနတွေ တစ်သျှူးငှက်ပျောပင်များ စစိုက်ကြပြီ

ရန်ကုန်၊ စက်တင်ဘာ ၁

အကြမ်းဖက် လူသတ် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ညွှန်ကြားချက်အရ ဝန်ကြီးဌာနများတွင် ငှက်ပျောပင်များ စတင်စိုက်ပျိုးနေရပြီ

ဖြစ်ကြောင်း သိရှိရသည်။ ရန်ကုန်ခေတ်သစ်က သီးခြား လက်ခံရရှိပြီး လူမှုကွန်ရက်တွင်လည်း မျှဝေထားသော လျှပ်စစ်နှင့်စွမ်းအင်

ဝန်ကြီးဌာန၏ ဩဂုတ်လ ၃၁ ရက်နေ့ ညွှန်ကြားစာတွင် စက်တင်ဘာလ ၁ ရက်နေ့ နောက်ဆုံးထား၍ ငှက်ပျောစိုက်မည့် အပင်

အရေအတွက် ၊ စိုက်ပျိုးမည့်မြေနေရာများ ပေးပို့ တင်ပြရန် ညွှန်ကြားထားသည်။

မင်းအောင်လှိုင်၏ ငှက်ပျောပင်စိုက်ပျိုးရေး ညွှန်ကြားချက်ကို ဝန်ကြီးဌာနများအားလုံးသို့ ညွှန်ကြားခြင်းဖြစ်ကြောင်း သိရှိရသည်။

အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်က တိုင်းပြည်အကျိုးရှိနိုင်သည်ဆိုသော တစ်သျှူးနည်းဖြင့် ဖီးကြမ်းနှင့် သီးမွှေး ငှက်ပျောများ

စိုက် ပျိုးနိုင်ရန် သင့်တော်သော နှုန်းထားဖြင့် စစ်ကောင်စီက ဖြန့်ဖြူးပေးမည်ဟု ဇွန်လ ၁၇ ရက်နေ့ နေပြည်တော် စစ်ကောင်စီ စီမံခန့်ခွဲရေး

အစည်း အဝေးတွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။

ငှက်ပျော စိုက်ပျိုးခြင်းဖြင့် တိုင်းပြည် အတွက် အကျိုးများစွာ ရရှိမည်ဖြစ် ကြောင်း၊ ငှက်ပျောသီးသည် ကျန်းမာရေးအထောက်အကူပြုပြီး

အာဟာရ ပြည့်၀စွာ ရရှိကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် တိုင်းဒေသကြီး၊ပြည်နယ်၊ ခရိုင်၊ မြို့နယ် ဌာနဆိုင်ရာများတွင် စိုက်ပျိုးလိုပါက

သင့်လျော်သည့်နှုန်းထားဖြင့် ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း မင်းအောင်လှိုင်က ဆိုသည်။

ကချင်ပြည်နယ်တွင် တရုတ်တစ်သျှူးငှက်ပျောစိုက်ခင်းများကြောင့် သဘာ၀ပတ်ဝန်းကျင်နှင့် မြေဩဇာ ထိခိုက်ပျက်စီးမှုများရှိနေကြောင်း

ဒေသဆိုင်ရာ သတင်းများတွင် မကြာခဏ ဖော်ပြခဲ့ကြသည်။

Zawgyi

မင္းေအာင္လွိုင္စကားေၾကာင့္ ဝန္ႀကီးဌာနေတြ တစ္သၽွဴးငွက္ေပ်ာပင္မ်ား စစိုက္ၾကၿပီ

ရန္ကုန္၊ စက္တင္ဘာ ၁

အၾကမ္းဖက္ လူသတ္ စစ္ေခါင္းေဆာင္ မင္းေအာင္လွိုင္၏ ညႊန္ၾကားခ်က္အရ ဝန္ႀကီးဌာနမ်ားတြင္ ငွက္ေပ်ာပင္မ်ား စတင္စိုက္

ပ်ိဳးေနရၿပီျဖစ္ေၾကာင္း သိရွိရသည္။ ရန္ကုန္ေခတ္သစ္က သီးျခား လက္ခံရရွိၿပီး လူမႈကြန္ရက္တြင္လည္း မၽွေဝထားေသာ လၽွပ္စစ္ႏွ

င့္စြမ္းအင္ ဝန္ႀကီးဌာန၏ ဩဂုတ္လ ၃၁ ရက္ေန႔ ညႊန္ၾကားစာတြင္ စက္တင္ဘာလ ၁ ရက္ေန႔ ေနာက္ဆုံးထား၍ ငွက္ေပ်ာစိုက္မည့္

အပင္အေရအတြက္ ၊ စိုက္ပ်ိဳးမည့္ေျမေနရာမ်ား ေပးပို႔ တင္ျပရန္ ညႊန္ၾကားထားသည္။

မင္းေအာင္လွိုင္၏ ငွက္ေပ်ာပင္စိုက္ပ်ိဳးေရး ညႊန္ၾကားခ်က္ကို ဝန္ႀကီးဌာနမ်ားအားလုံးသို႔ ညႊန္ၾကားျခင္းျဖစ္ေၾကာင္း သိရွိ

ရသည္။အၾကမ္းဖက္ေခါင္းေဆာင္ မင္းေအာင္လွိုင္က တိုင္းျပည္အက်ိဳးရွိနိုင္သည္ဆိုေသာ တစ္သၽွဴးနည္းျဖင့္ ဖီးၾကမ္းႏွင့္

သီးေမႊး ငွက္ေပ်ာမ်ား စိုက္ ပ်ိဳးနိုင္ရန္ သင့္ေတာ္ေသာ ႏႈန္းထားျဖင့္ စစ္ေကာင္စီက ျဖန႔္ျဖဴးေပးမည္ဟု ဇြန္လ ၁၇ ရက္ေန႔

ေနျပည္ေတာ္ စစ္ေကာင္စီ စီမံခန႔္ခြဲေရး အစည္း အေဝးတြင္ ေျပာဆိုခဲ့ျခင္းျဖစ္သည္။

ငွက္ေပ်ာ စိုက္ပ်ိဳးျခင္းျဖင့္ တိုင္းျပည္ အတြက္ အက်ိဳးမ်ားစြာ ရရွိမည္ျဖစ္ ေၾကာင္း၊ ငွက္ေပ်ာသီးသည္ က်န္းမာေရးအေ

ထာက္အကူျပဳၿပီး အာဟာရ ျပည့္၀စြာ ရရွိေၾကာင္း၊ ဝန္ႀကီးဌာနအေနျဖင့္ တိုင္းေဒသႀကီး၊ျပည္နယ္၊ ခရိုင္၊ ၿမိဳ႕နယ္ ဌာန

ဆိုင္ရာမ်ားတြင္ စိုက္ပ်ိဳးလိုပါက သင့္ေလ်ာ္သည့္ႏႈန္းထားျဖင့္ ျဖန႔္ျဖဴးေပးသြားမည္ျဖစ္ေၾကာင္း မင္းေအာင္လွိုင္က ဆိုသ

ည္။ကခ်င္ျပည္နယ္တြင္ တ႐ုတ္တစ္သၽွဴးငွက္ေပ်ာစိုက္ခင္းမ်ားေၾကာင့္ သဘာ၀ပတ္ဝန္းက်င္ႏွင့္ ေျမဩဇာ ထိခိုက္ပ်က္စီးမႈမ်ားရွိေ

နေၾကာင္း ေဒသဆိုင္ရာ သတင္းမ်ားတြင္ မၾကာခဏ ေဖာ္ျပခဲ့ၾကသည္။